-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google က အိန္ဒိယအစိုးရ e-commerce ကွန်ရက်တွင် ပါဝင်ရန် ကြိုးပမ်း

Google က အိန္ဒိယအစိုးရ e-commerce ကွန်ရက်တွင် ပါဝင်ရန် ကြိုးပမ်း

ဧပြီလကုန်ပိုင်းမှာ အိန္ဒိယအစိုးရက  Open Network for Digital Commerce (ONDC) ကို စတင်စမ်းသပ်ခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီများ ဖြစ်ကြတဲ့  Amazon.com နှင့် Walmart တို့က လျင်မြန်စွာ ကြီးထွားနေတဲ့ e-commerce ဈေးကွက်ကို ကြီးစိုးထားတာကို ဟန့်တားဖို့ ON DC ကို ထူထောင်လိုက်တာ ဖြစ်ပါတယ်။ 

Alphabet Inc ရဲ့  Google  က ONDC ရဲ့ ငွေပေးချေမှု အပိုင်းကဏ္ဍမှာ  Google Pay ပါဝင်နိုင်ဖို့ အိန္ဒိယအစိုးရပိုင်းနှင့် ဆွေးနွေးနေပါတယ်။

အိန္ဒိယအစိုးရက အိန္ဒိယ e-commerce ဈေးကွက် တန်ဖိုးက ၂၀၂၁မှာ ကုန်စည်ရောင်းရငွေ စုစုပေါင်းတန်ဖိုး (gross merchandise value GMV ) အရ အမေရိကန်ဒေါ်လာ ၅၅ ဘီလျံအထက်မှာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။  ၂၀၃၀ မှာ အမေရိကန်ဒေါ်လာ ၃၅၀ ဘီလျံအထိ ကြီးထွားလာမယ်လို့ မျှော်မှန်းထားပါတယ်။

ONDC စီမံကိန်းမှာ ပါဝင်လုပ်ကိုင်ဖို့ လာဆွေးနွေးကြတဲ့ ကုမ္ပဏီအများအပြားထဲမှာ Google လည်း ပါဝင်တယ်လို့ ONDC ရဲ့ အရာရှိချုပ်  T Koshy က ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။

Google ရဲ့ လက်ရှိ အွန်လိုင်းဈေးဆိုင်ပုံစံက အွန်လိုင်းမှာ ပစ္စည်းတွေကို ဈေးနှုန်းနှင့်တကွ ပြသထားပြီး ရောင်းချပေးပါတယ်။ အိမ်တိုက်ရာရောက် လိုက်လံပို့ဆောင်ပေးခြင်း မပြုပါဘူး။ 

ONDC စီမံကိန်းအတွက် အိန္ဒိယအစိုးရ ရည်ရွယ်ချက်က ရောင်းကုန်ပစ္စည်းများကို အွန်လိုင်းမှာ တင်ရောင်းဖို့အတွက် ရောင်းချသူအနေဖြင့် လုပ်ငန်းကုန်ကျစရိတ် လျှော့ချပေးပြီး တန်းတူယှဉ်ပြိုင်နိုင်ကြစေဖို့ ဖြစ်ပါတယ်။

ONDC အစီအစဉ်မှာ ရောင်းချသူဦးရေ သန်း ၃၀ နှင့် ကုန်သည်ဦးရေ ၁၀ သန်း ပါဝင်နိုင်ဖို့ ရည်မှန်းထားပါတယ်။  ၂၀၂၂ ဩဂုတ်လမှာ အနည်းဆုံး မြို့ ၁၀၀ ကို ဝန်ဆောင်ပေးနိုင်ဖို့ လျာထားပါတယ်။

Read times
Rate this item
(0 votes)