-->
×

Warning

JUser: :_load: Unable to load user with ID: 29


MECA ၏ ရွှေရောင်အိမ်မက်များ

MECA ၏ ရွှေရောင်အိမ်မက်များ google

မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း Myanmar Exhibition and Convention Association အား မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ

လမ်းညွှန်မှုပြုပြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုးကူညီမှုဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် အသင်းမှတ်ပုံတင်အမှတ် ၁၄၀/၂၀၁၆ - ၂၀၁၇ ဖြင့် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်မှတ်ပုံတင်ခွင့်ပြုခဲ့သည်။


ညွှန်ကြားရေးမှူးချုပ် (မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)၊ ညွှန်ကြားရေးမှူးချုပ် (ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာန)၊ ဥက္ကဋ္ဌ (ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်) တို့မှ အသင်းနာယကများအဖြစ် ဆောင်ရွက် လျက်ရှိသည်။ အသင်းဝင်ကုမ္ပဏီ ၂၆ခု၊ အသင်းသား ၃၆ဦးခန့်ဖြင့်ဖွဲ့စည်းထားသည်။ ပထမအကြိမ်နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးအား ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၊ အတွင်းကျင်းပခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းအခြေစိုက် စီးပွားရေးအဖွဲ့အစည်းများ၊ ကုန်စည်ပြပွဲများ၊ ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းကဏ္ဍမှ နိုင်ငံတကာ အခြေစိုက် အသင်းအဖွဲ့အများ တက်ရောက်ခဲ့ပါသည်။


ယခုကျင်းပသော ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အသင်းစုံညီအစည်းအဝေးတွင် စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တကွ အခြားတာဝန်ရှိသူများ၊ Thailand Convention and Exhibition Bureau (TCEB) ဥက္ကဌ၊ Thailand Exhibition Association (TEA) မှ ဥက္ကဋ္ဌ ၊ UMFCCI အသင်းဥက္ကဋ္ဌ နှင့် အခြားသက်ဆိုင်ရာ အသင်းအဖွဲ့များ၊ ဧည့်သည်တော်များ တက်ရောက်ကြမည်။ ၂၀၁၈ ခုနှစ်အတွင်း AFECA-ASEAN COMMITTEE (AAC)၊ တရုတ်-အာဆီယံစီးပွားရေးကောင်စီ (China Asean Business Council) Vietnam Advertising Association(VAA) Thailand Convention and Exhibition Bureau (TCEB) တို့နှင့် MoU လက်မှတ်ရေးထိုးမှုများပြုလုပ်ခဲ့ပြီး လုပ်ငန်းကဏ္ဍတိုးတက်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။


ကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း (မန္တလေး) ဖွဲ့စည်းရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်။ အသင်းသားများအတွက် လုပ်ငန်းကဏ္ဍဆိုင်ရာ တိုးတက်ရေးအတွက် အသိပညာပေး Workshop များ၊ ပြည်ပလေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခြင်းများ၊ လုပ်ငန်းကဏ္ဍအတွင်း တွေ့ကြုံနေရသောအခက်အခဲများ၊ စိန်ခေါ်မှုများအား ဝိုင်းဝန်းအကြံပေးဖြေရှင်းခြင်းများ၊ ပိုမိုသာလွန်တိုးတက်သော လုပ်ငန်းကဏ္ဍဖြစ်လာရေးအတွက် တတ်အားသရွေ့ ကြိုးပမ်းဆောင်ရွက်ရေ တို့ကို ရှေ့ဆက်လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်သွားမည်။

ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာတွေ တိုးတက်လာစေဖို့

ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းကဏ္ဍအတွင်း တိုက်ရိုက်ပါဝင် ဆောင်ရွက်နေသူများ သာမက၊ ဆက်စပ်လုပ်ငန်းများဖြစ်သော ပွဲစီစဉ်သူများ၊ ဖျော်ဖြေရေးအဖွဲ့များ၊ အခမ်းအနားပြင်ဆင်သူများ၊ တည်ဆောက် ရေးအဖွဲ့များ၊ အသံဆိုင်ရာအဖွဲ့များ၊ အခမ်းအနားမှူးများ၊ အခမ်းအနားသုံးပစ္စည်းငှားရမ်းခြင်း ဝန်ဆောင်မှုပေးသူများ နှင့် အခြားဆက်စပ်သူများ အားလုံးကိုလည်း အသင်းဝင်ရောက်ပါရန် ကြိုဆိုဖိတ်ခေါ်ပါသည်။


လက်ရှိအနေအထားအရ အသင်းတိုးတက်မှုနှင့် အသင်းသားများ ပိုမိုတိုးတက်လာစေရေး၊ အသင်းသားများ အတွက် အထောက်အကူပြုစေသော ပြည်တွင်း၊ ပြည်ပသင်တန်းများ ၊ ကျင်းပနိုင်ရေးတို့ကို တစ်ဆင့်ချင်း အချိန်ယူ ဆောင်ရွက်သွားရမည်ဖြစ်သည့်အပြင် လုပ်ငန်းတူ နိုင်ငံတကာအသင်းအဖွဲ့များနှင့်လည်း ချိတ်ဆက်၍ မိမိနိုင်ငံအတွင်း ကုန်စည်ပြပွဲများ၊ ဈေးကွက်ရှာဖွေမှုများ၊ စီးပွားရေးဆွေးနွေးပွဲများ ပိုမိုကျင်းပနိုင်ခြင်းပြင် တိုင်းပြည်၏ စီးပွားရေး တိုးတက်မှုအား တဖက်တလမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပါသည်။

 

၎င်းအပြင် ပြည်တွင်း လုပ်ငန်းရှင်များ စီးပွားရေးအမြင်ကျယ်စေနိုင်ရေး၊ နိုင်ငံတကာမှ စီးပွားရေးမိတ်ဖက်ကောင်းများ ရရှိလာစေရေး၊ အရည်အသွေးမြင့်ပြီးဈေးနှုန်းချိုသာသော လူသုံးကုန်ပစ္စည်းများ ပြည်တွင်းတွင်စားသုံးနိုင်စေရေး၊ ပြည်ပသို့မိမိ နိုင်ငံ၏ထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်စေရေးနှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရှာဖွေရာတွင် တဖက်တလမ်းမှ အထောက်အကူပြုစေရေး တို့ကို စီးပွား/ကူးသန်းဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါသည်။


အမြင့်မားဆုံးသောရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ (MICE Industry) ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံသားများမှ စီးပွားရေးအခွင့်အလမ်းများ ပြည်တွင်း၊ပြည်ပတွင် ပိုမိုရရှိလာစေရေး၊ ဝန်ဆောင်မှုကဏ္ဍမှ တိုင်းပြည်ဘဏ္ဍာငွေ ပိုမိုရရှိလာစေရေးတို့မှာ (MCEA) ၏ ရွှေရောင် အိပ်မက်များ ဖြစ်ပါသည်။


မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း (MECA) (၂၀၁၉ခုနှစ်၊ မတ်လ ၃၀ရက်)


မြန်မာနိုင်ငံ ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ အသင်းနှင့်ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက

ဦးမျိုးသန့် ( ဥက္ကဌ )

မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲဆိုင်ရာလုပ်ငန်းအသင်း
ဖုန်း-095007693 ၊ အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it.

ဒေါ်ခိုင်နွယ်သိန်း ( အတွင်းရေးမှူး )

မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲဆိုင်ရာလုပ်ငန်းအသင်း
ဖုန်း-095015099 ၊ အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Read times
Rate this item
(1 Vote)