-->
×

Warning

JUser: :_load: Unable to load user with ID: 29


စာဖတ်သူတွေ သဘောကျစေမယ့် Headline မျိုးရဖို့ဆိုရင်

စာဖတ်သူတွေ သဘောကျစေမယ့် Headline မျိုးရဖို့ဆိုရင် google

Content Writer တွေဟာ စာဖတ်သူအတွက် တန်ဖိုးတစ်ခု ဒါမှမဟုတ် စာဖတ်သူရဲ့ သိလိုစိတ်ကို နှိုးဆွပေးနိုင်မယ့် ခေါင်းစဉ်ကောင်းတစ်ခုကို ဖန်တီးပေးဖို့က အရမ်းအရေးကြီးပါတယ်။

စာဖတ်သူတွေ Click နှိပ်ပြီး ဝင်ဖတ်မှလည်း Website Traffic ကောင်းကောင်းရပြီး KPI လည်း တက်မှာပါ။ ကိုယ်ရေးသားလိုက်တဲ့ စာတစ်ပုဒ်ကို လူအဖတ်များစေဖို့အတွက် Headline ကောင်းတစ်ခု ဘယ်လိုဖန်တီးရမလဲဆိုတာကို အောက်မှာဖော်ပြထားပေးပါတယ်။


၁။ How-to နဲ့စတဲ့ ခေါင်းစဉ်တွေ

ဘယ်လိုဝက်ဘ်ဆိုက်မျိုးကိုပဲ run နေပါစေ ဘယ်တော့မှ မရိုးနိုင်တဲ့ ဆောင်းပါးခေါင်းစဉ်မျိုးကတော့ how-to ခေါင်းစဉ်အမျိုးအစားပါပဲ။ How-to ခေါင်းစဉ်တွေဟာ ကမ္ဘာပေါ်မှာ လူဖတ်အများဆုံး ခေါင်းစဉ်တွေထဲမှာ ပါတယ်လို့လည်း ဆိုပါတယ်။ how-to ဆောင်းပါးတွေဟာ စာဖတ်သူတွေအတွက် တန်ဖိုးတစ်ခုပေးနိုင်မယ်လို့ ယုံကြည်ခြင်းကို ခံရလို့ပါပဲ။ လူတွေက သူတို့ဘဝကို ပိုပြီးလွယ်ကူစေမယ့်၊ အဆင်ပြေစေမယ့်၊ ပျော်ရွှင်စေမယ့် သတင်းအချက်အလက်မျိုးကို အမြဲတစေလိုချင်နေကြတာပါ။ အဲဒီဆန္ဒတွေကို how-to နဲ့စတဲ့ ခေါင်းစဉ်တွေက ဖြည့်ဆည်းပေးနိုင်မယ်လို့လည်း ယုံကြည်ကြပါတယ်။ How-to ခေါင်းစဉ်တွေကို သက်ဆိုင်ရာ niche audience အတွက် သေချာ apply လုပ်နိုင်ပြီး စာဖတ်သူတွေအတွက် တန်ဖိုးရှိစေမယ့် အကြောင်းအရာတွေကို ခေါင်းစဉ်နောက်က လိုက်ပါလာမယ့် ဆောင်းပါးထဲမှာ ထည့်သွင်းနိုင်မယ်ဆိုရင် Web Traffic ရဖို့ဆိုတာ ခက်ခဲလှတဲ့ကိစ္စ မဟုတ်ပါဘူး။


၂။ List ပြုလုပ်ထားတဲ့ ခေါင်းစဉ်တွေ

Lifestyle Blog တွေ၊ Tech Blog တွေမှာ အတွေ့အများဆုံး ခေါင်းစဉ်နောက်တစ်ခုကတော့ List ပြုလုပ်ထားတဲ့ ခေါင်းစဉ်တွေဖြစ်မှာပါ။ ဥပမာ ခရီးသွားရင် မဖြစ်မနေဆောင်သွားသင့်တဲ့ ပစ္စည်း (၇) မျိုးတို့၊ စမတ်ဖုန်းတိုင်းမှာ ထည့်သွင်းထားသင့်တဲ့ app (၁၀) မျိုးတို့ပေါ့။ List ပြုလုပ်ထားတဲ့ ခေါင်းစဉ်တွေ ဘာလို့အလုပ်ဖြစ်နေလဲဆိုတော့ အဲဒီခေါင်းစဉ်တွေဟာ စာဖတ်သူတွေအနေနဲ့ ဆောင်းပါးထဲမှာ ဘယ်လို အကြောင်းအရာမျိုးတွေကို ဘယ်နှမျိုးကြုံတွေ့ရနိုင်တယ်ဆိုပြီး တိတိကျကျကတိပြုထားလို့ပါပဲ။ စာဖတ်သူတွေ ကြုံတွေ့နေရနိုင်တဲ့ ပြဿနာတွေကို အရင်ဆုံး ဖော်ထုတ်ပြပြီး အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို စာရင်းပြုစုပေးတဲ့ ခေါင်းစဉ်မျိုးဟာလည်း စာဖတ်သူတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်တဲ့ အကောင်းဆုံးခေါင်းစဉ် အမျိုးအစားထဲမှာ ပါပါတယ်။

Advertiser တွေသိထားသင့်တဲ့ Buying Method (၃) မျိုး


၃။ လူတွေရဲ့သိလိုစိတ်ကို နှိုးဆွနိုင်တဲ့ ခေါင်းစဉ်တွေ

ခေါင်းစဉ်ကောင်းတစ်ခုရဲ့ အဓိက လုပ်ဆောင်မှုတစ်ခုကတော့ စာဖတ်သူတွေရဲ့ သိလိုစိတ်ကို နှိုးဆွပေးဖို့ပါပဲ။ တချို့ကတော့ Click-bait လုပ်တယ်လို့ ဆိုကြပါတယ်။ Clickbait လုပ်တယ်ဆိုတာ ဆောင်းပါးထဲမှာပါတဲ့ အချက်အလက်တွေကို တလွဲမှတ်ယူစေနိုင်တဲ့ ခေါင်းစဉ်မျိုးကိုဖန်တီးပြီး စာဖတ်သူတွေ ဆောင်းပါးကို click နှိပ်ချင်လာအောင် လုပ်တာပါ။ အထူးသဖြင့် ဆယ်လီသတင်းတွေတင်တဲ့ တချို့မီဒီယာဝက်ဘ်ဆိုက်မျိုးတွေမှာ ဒီလိုခေါင်းစဉ်မျိုးတွေကို တွေ့ရတတ်ပါတယ်။ အမှန်တော့ Clickbait မလုပ်ဘဲ စာဖတ်သူတွေရဲ့ သိချင်စိတ်ကို နှိုးဆွတဲ့ ခေါင်းစဉ်မျိုးကလည်း အလုပ်ဖြစ်တာပါပဲ။ Clickbait လုပ်ခံရတဲ့ စာဖတ်သူတွေက ကိုယ့်ရဲ့ brand အပေါ်မှာ ယုံကြည်စိတ်ကင်းမဲ့သွားနိုင်တဲ့အတွက် ဒါမျိုးက အန္တရာယ်ကြီးပါတယ်။


၎။ အမျိုးအစားသတ်မှတ်လိုက်တဲ့ ခေါင်းစဉ်တွေ

Niche Market တွေမှာ အသုံးများတဲ့ ခေါင်းစဉ်အမျိုးအစားတွေပါ။ ဒီအမျိုးအစားကိုတော့ List Headline နဲ့ တွဲသုံးလေ့ရှိပါတယ်။ ဥပမာ အိုသွေးပိုင်ရှင်လေးတွေမှာပဲ ရှိတတ်ကြတဲ့ လက္ခဏာ (၈) ချက်တို့၊ Digital Marketer တိုင်း သိထားသင့်တဲ့ Strategy (၃) မျိုးတို့ စသဖြင့်ပေါ့။ လူတွေက Category တစ်ခုအောက်၊ ခေါင်းစဉ်တစ်ခုအောက်မှာ စည်းလုံးရတာကို သဘောကျပါတယ်။ အဲဒါက လူတွေမှာရှိတတ်တဲ့ အသင်းစွဲ၊ ဒေသစွဲ၊ အလုပ်အကိုင်စွဲ သဘာဝကြောင့်ပါ။ Niche Market တစ်ခုကို Target ထားပြီး ဆောင်းပါးရေးတော့မယ်၊ Copy ရေးတော့မယ်ဆိုရင် ဒီခေါင်းစဉ်အမျိုးအစားက အသင့်တော်ဆုံးပါပဲ။


Source; Leo the storyteller

Myanmar Advertising Directory

Read times
Rate this item
(0 votes)