-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖိအားပေးတဲ့ Clients တွေကိုဘယ်လိုကိုင်တွယ်ရမလဲ

Customers တွေဟာ သတိထားဆက်ဆံရတဲ့ စီးပွားဖက်တွေပါ။ ကိုယ့်လုပ်ငန်းအတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေဖြစ်တာကြောင့် သူတို့ကို ဂရုစိုက်ရ အရေးပေးလာရပါတယ်။ သို့သော်လည်း ဂျပန်ဝက်အူလို ဖောက်သည်တွေနဲ့ တွေ့လာပြီ ဆိုရင်တော့ အလုပ်မတွင်တဲ့ အပြင် စိတ်ပါ လေရပါတယ်။ ဒီတော့ ဒီလို ပြဿနာရှာနေတဲ့ ဖောက်သည်တစ်ယောက်ရဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရမယ်ဆိုရင် ဒီအချက်တွေကို လိုက်နာလိုက်ပါ။

(၁) ဒီကိစ္စကို ကိုယ်လည်း တကယ်စိတ်ဝင်စားနေတယ်ဆိုတာ Client သိအောင်လုပ်ပါ

========================================================

 

လူတစ်ယောက်ရဲ့ အရေးပါအောင် လုပ်ပေးသူဟာ အရေးကြီးတဲ့ သူတစ်ယောက်အဖြစ် မြင်လာစေမှာပါ။ ဒီလိုပဲ တစ်ခါတစ်လေ အလုပ်ခွင်မှာ အလုပ်များနေပြီဆိုရင် Client ရဲ့ စောဒဂတက်မှုကို သိပ်ပြီး ဂရုမစိုက်မိတာမျိုး ရှိတတ်ပါတယ်။ ဒါဆို ဖောက်သည်ဘက်ကနေ ဒေါသပုန်ထဖို့ လွယ်သွားပါပြီ။ ပြဿနာက ရှိရင်းစွဲထက် သူ့ကို အလေးမထားလို့ပိုပြီး အမှုကြီးနိုင်ပါတယ်။

 

ဒါကို ဖြေရှင်းဖို့ အလွယ်ဆုံးနည်းလမ်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ဆုံးဖြတ်ချက်တိုင်း ၊ အကြံပေးချက်တိုင်းဟာ Client တွေ အဆင်ပြေစေဖို့အတွက်ပဲ ဆိုတာ သိအောင် လုပ်ပေးပါ။ ဒါဆို ဆက်ဆံရေးလည်း ခိုင်မာလာမှာ ဖြစ်သလို ကိုယ့်အပေါ်မှာလည်း Client မှ ယုံကြည်လာမှာ ဖြစ်ပါတယ်။

 

(၂) အတူတူချီတက်လိုက်ပါ

===================

 

Client ကို ကိုယ့်ရဲဘော် ရဲဘက်တစ်ယောက်လို သဘောထားပြီး ပြဿနာတစ်ခုအတွက် ဘုံရည်မှန်းချက် ပန်းတိုင်ထားပြီး ဖြေရှင်းသွားလိုက်ပါ။ လူနှစ်ယောက်ကို တစ်ဖွဲ့လို့ မြင်စေခြင်းအားဖြင့် လုပ်အားဟာ တကယ့်ကို ထူးခြားသွားမှာ ဖြစ်ပြီး နောက်ဆုံး ဖြစ်နေတဲ့ ပြဿနာကို အတူတူ ဖြေရှင်းနိုင်သွားအောင် ဦးဆောင်လိုက်ပါ။

 

အတူတူ စကားပြောဖို့ အချိန်ပေး ၊ ပြဿနာကို အတူတူ ဖြေရှင်းရင်းနဲ့ အားလုံး အဆင်ပြေသွားတဲ့အထိ စိတ်ရှည်ရှည်နဲ့ စေတနာထား လုပ်ပေးလိုက်ပါ။ သင့် Client က ဒါကို အမြဲ သတိရ ကျေးဇူးတင်နေပါလိမ့်မယ်။

 

(၃) ကိုယ့်ဘက်က မှန်နေရင်တောင် လိုအပ်ရင် တောင်းပန်လိုက်ပါ

============================================

 

” ဖောက်သည် ဘယ်တော့မှ မမှားဘူး” လို့ ပြောတာ မဟုတ်ပါဘူး။ သို့သော်လည်း အမြော်အမြင်ကြီးကြီးနဲ့ ရေရှည်ကို ကြည့်မယ်ဆိုရင် ဦးနှောက်ကြီးတဲ့ သူက တာဝန်ယူတတ်ပါတယ်။ စီးပွားရေးသမားကောင်းတစ်ဦးအတွက် မှန်ရင်တောင် လိုအပ်လို့ တောင်းပန်ရမှာ ဝန်မလေးသင့်ပါဘူး။

 

(၄) အဖြေဆီကိုပဲ သွားပါ

=================

 

ပြဿနာကို သိရင် ပြဿနာရဲ့ အဖြေကို သွားနိုင်အောင် ဦးတည်လိုက်ပါ။ ဘယ်သူ ဘယ်ဝါ ၊ ပြဿနာဘာကြောင့် ဖြစ်တာမျိုးကို လက်ညှိုးမထိုးပါနဲ့။ တစ်ခါတစ်လေ အခြေအနေကို လက်ထဲကိုင်ပြီး အသေးစိတ် ဟိုတစ်ကွက်ဒီကွက် တင်ကြည့်သလိုမျိုး ကြည့်ဖို့လိုသလို ဖောက်သည်ဘက်က တွေးပုံ တွေးနည်းမျိုးပါ ကိုယ့်ခေါင်းထဲ သွင်းယူပြီး မြင်တတ်ဖို့လိုပါတယ်။

 

တကယ်တော့ ကိုယ့်ကို ခေါင်းလာစားတဲ့ ဖောက်သည်တိုင်းက ကိုယ့်ကို ဒုက္ခရောက်စေတော့ရယ်လို့ ဆိုပြီး လာတာ မဟုတ်ပါဘူး။ သူတို့အနေနဲ့လည်း သူတို့ ပြဿနာနဲ့ သူတို့ ဖြစ်နေတာပါ။ ဒီတော့ သူတို့ဘက်က အမြင်ကို နားလည်အောင်ကြိုးစားပြီး အဖြေဆီကိုပဲ ရောက်အောင် သွားနေသင့်ပါတယ်။

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)