-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့အချမ်းသာဆုံး Microsoft သူဌေးကြီး Bill Gates ၏ စိတ်ဝင်စားဖွယ်အချက်များ

ကမ္ဘာ့အချမ်းသာဆုံး Microsoft သူဌေးကြီး Bill Gates ၏ စိတ်ဝင်စားဖွယ်အချက်များ Bill Gates လို့ ဆိုလိုက်တာနဲ့ လူတိုင်းဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးအဖြစ် ကြိမ်ဖန်များစွာရပ်တည်နေတဲ့ သူဌေးကြီးဆိုတာ ပြောစရာမလိုအောင်သိပြီးသားဖြစ်ပါလိမ့်မယ်။

အဲဒီလိုပါပဲ သူဌေးကြီး Bill Gates ဟာ သူမတူအောင် ချမ်းသာနေသလို သူ့မှာ လူတကာနှင့်မတူကွဲပြားခြားနားနေတဲ့ စိတ်ဝင်စားဖွယ် အချက်လေးတွေ ရှိပါတယ်။ အားကျအတုယူဖွယ်ကောင်းသော အလေ့အကျင့်များစွာကိုလည်း လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။

ထို့ကြောင့် ယနေ့အတွက် ဆောင်းပါး Myanmar Advertising Directory မှ စာဖတ်သူများ၏ ဘ၀တိုးတက်စေရန် ရည်ရွယ်၍ သူဌေးကြီး Bill Gates ၏ စိတ်ဝင်စားဖွယ်စရိုက်များကို တင်ပြပေးလိုက်ပါတယ်။

၁။ Bill Gates ဟာ ပျမ်းမျှအားဖြင့် USD 81 Billion ပိုင်ဆိုင်မှုရှိပါတယ်။

၂။ Bill Gates ဟာ ၎င်း၏ ကုမ္ပဏီမှာ ၁စက္ကန့်တိုင်း ပျမ်းမျှ USDရင်းနှီးမြှုပ်နှံပါတယ်။ တစ်နှစ်တွင် စုစုပေါင်း 4.1 Billion နီးပါး ရင်းနှီးမြှုပ်နှံခြင်းလုပ်ငန်းကို ဆောင်ရွက်နေပါတယ်။

၃။ Bill Gates နှင့် သူ၏မိန်းမ Melinda Gates တို့ဟာ ပရဟိတလုပ်ငန်းတည်ထောင်ထားပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ပုဂ္ဂလိက ပရိဟတအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

၎။ ၂၀၁၃ ခုနှစ်တွင် Bill Gates နှင့် သူ့မိန်းမ Melinda Gates ဟာ USD 18 Billion ကို ၎င်းတို့၏ ပိုင်ဆိုင်မှုထဲမှ ပေးလှူခဲ့ပါတယ်။

၅။ Bill Gatesဟာ သူ၏ SATs စာမေးပွဲစုစုပေါင်းအမှတ် 1600 မှာ 1590 အထိ ရမှတ်ရရှိခဲ့သူဖြစ်ပါတယ်။ ၆။ သူဌေးကြီးဟာ ဘွဲ့ရပညာတတ်တစ်ဦးမဟုတ်ပါဘူး။ ၁၉၇၅ ခုနှစ်မှာ Harved University မှ ကျောင်းထွက်ခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးကို စတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။

၇။ သူဌေးကြီးဟာ Hanaval University မှ ဘွဲ့မရဘဲ ကျောင်းထွက်ခဲ့ပေမယ့် ၂၀၀၇ ခုနှစ်မှာ ၎င်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ကိုပြန်လည်ချီးမြှင့်ခဲ့ပါတယ်။

၈။ သူဌေးကြီးဟာ တစ်နှစ်လျှင် စာအုပ် ၅၀ ပြည့်အောင်ဖတ်ပါတယ်။ စာအုပ်ဖတ်ခြင်းမှ အ သစ်အသစ်သော ပညာဗဟုသုတများကို ရရှိသလို သူ၏ဥာဏ်ရည်ဥာဏ်သွေးကိုလည်း ပြန်လည်စစ်ဆေးရန် နှင့် တွေးခေါ်နိုင်စွမ်း အခွင့်အရေးပေးသည့်အတွက် ဖတ်ခြင်းဖြစ်ပါတယ်။

၉။ Bill Gates က ငယ်စဉ်က ပုဂ္ဂလိကကျောင်းတစ်ခုမှာ ပညာသင်ကြားခဲ့ပါတယ်။ အဲဒီအချိန်က ထိုပုဂ္ဂလိကကျောင်းဟာ အမေရိကန်နိုင်ငံတစ်ခုလုံးမှာ Computer တစ်ခုတည်းသောကျောင်းပဲဖြစ်ပါတယ်။

၁၀။ သူဌေးကြီးဟာ သူ၏ ပိုင်ဆိုင်မှုတွေကို သူ၏သားသမီးများကို အမွေပေးမှာမဟုတ်ဘူးလို့ပြောကြားထားပါတယ်။ ပိုက်ဆံအများကြီးသားသမီးတွေကို ပေးအပ်ခြင်းဟာ ကောင်းတဲ့အရာမဟုတ်ကြောင်း လက်ခံထားသူတစ်ဦးပဲဖြစ်ပါတယ်။

စာဖတ်သူများသည် သူဌေးကြီး Bill Gates ၏ စိတ်ဝင်စားဖွယ်အချက်များကို ဖတ်ပြီး လိုက်နာအတုယူကာ အောင်မြင်သော အစကို ပိုင်ဆိုင်ရပါစေဟု Myanmar Advertising Directory မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Read times
Rate this item
(3 votes)