ဒီ Just My Luck (2006) ဇာတ္ကားေလးကေတာ့ ၂၀၀၆ ကထြက္႐ွိခဲ့တဲ့ American Rom-Com (အေမရိကန္ အခ်စ္ဟာသ) ဇာတ္ျမဴးေလးျဖစ္ပါတယ္။
၂၀၀၆ကထြက္လို႔ ေဟာင္းေနၿပီေတာ့မထင္ပါနဲ႔ေနာ္။ IMDB rating ကလည္း 5.4 ပဲ႐ွိတယ္ဆိုၿပီး အထင္ေတာ့မေသးလိုက္နဲ႔ေနာ္။ rating သိပ္မေကာင္းေပမယ့္ ေတာ္ေတာ္ရယ္ရတဲ့ဇာတ္ကားေလးပါ။
PG-13 rate မို႔ 13 ႏွစ္ျပည့္ၿပီးတာနဲ႔ လြတ္လြတ္လပ္လပ္ၾကည့္လို႔ရပါတယ္လို႔။ဒီကားေလးထဲမွာေတာ့ ကၽြန္မတို႔ အသည္းေက်ာ္ေလး Chris Pine က အဓိကသ႐ုပ္ေဆာင္ထားၿပီး
မင္းသမီးအေနနဲ႔ကေတာ့ နာမည္ေက်ာ္ Lindsay Lohan ေလးလည္းပါဝင္တာမို႔ fan ေတြအေနနဲ႔ေတာ့ လက္မလႊတ္သင့္တဲ့ကားေလးတစ္ကားပါပဲေနာ္။
သူတို႔အျပင္ Faizon Love, Missi Pyle စတဲ့သ႐ုပ္ေဆာင္မ်ားလည္း ပါဝင္အားျဖည့္ထားပါတယ္။
ဒါ႐ိုက္တာကေတာ့ How to lose a guy in 10 days ဇာတ္ကားကို႐ုိက္ကူးထားတဲ့ ဒါ႐ိုက္တာ Donald Petrie ကိုယ္တိုင္႐ိုက္ကူးထားတာပါ။
(How to lose a guy in 10 daysလည္းကားေကာင္းပါရွင္)
ဇာတ္ၫႊန္းကိုေတာ့ I.Merlene King, Amy B. Harris တို႔ကေရးသားေပးထားပါတယ္။
ဒီကားေလးကို Regency Enterprises, Cheyenne Enterprises နဲ႔ Silvercup studios တို႔က ထုတ္လုပ္ထားၿပီး ျဖန္႔ခ်ိေရးကိုေတာ့ နာမည္ေက်ာ္ 20th Century Fox က ျဖန္႔ခ်ိထားပါတယ္။
ဇာတ္ကားၾကာခ်ိန္ကေတာ့ စုစုေပါင္း ၁၀၈မိနစ္ၾကာျမင့္ၿပီး ၂၀၀၆ ခုႏွစ္ ေမလ၁၂ရက္ေန႔မွာ ျဖန္႔ခ်ိခဲ့ပါတယ္။(၂၀၀၆ က ဇာတ္ကားမို႔ Pine က ကေလး႐ုပ္ေပါက္ေကာင္းေပါက္ေနလိမ့္မည္- ဤကားစကားခ်ပ္)
ဆယ္ေက်ာ္သက္ေတြအတြက္ ရည္ရြယ္ပါတယ္ရွင္ ?? စိတ္ကူးယဥ္လို႔ေကာင္းတဲ့ကားေလးပါ။ဒီဇာတ္လမ္းရဲ႕ ျဖစ္တည္မႈ႔ေလးရဲ႕အဓိကေသာ့ခ်က္ဟာ K ... I ... S... S... I...N... G ? ပါ။
Alert ; သင့္အနမ္းတစ္ပြင့္ေၾကာင့္ သင့္ရဲ႕ကံေကာင္းမႈ့ေတြအားလံုးကို အျခားသူလက္ထဲထည့္ေပးလိုက္ရဖူးပါသလား !!! ??????
ကဲလာပါၿပီ အခု ဒီ Just my love ကားထဲမွာေတာ့ Ashley (Lindsay Lohan) ဟာကံအရမ္းေကာင္းၿပီး Good Luck Charm ရွိတဲ့ အသက္ငယ္ငယ္ေကာင္မေလးတစ္ေယာက္ပါ အရာရာအဆင္ေျပေနနဲ႔ ပန္းေလးတပြင့္လိုလန္းဆန္းေနတဲ့မိန္းမပ်ိဳေလးေပါ့ရွင္ ?
ဇာတ္လမ္းအစမွာ စားေသာက္ဆိုင္ တခုမွာေတာက္တိုမယ္ရသန္႔ရွင္းေရး စတိတ္ဆင္တီးဝိုင္းဆိုင္ရာ Audio ႀကိဳးတပ္သမားေလးအျဖစ္လုပ္တဲ့ Jake (Chris Pine) ဟာ ကံဆိုးမႈ႔ေတြအားလံုးဟာသူဆီမွာပဲ အေဖာ္ျပဳကိန္းေအာင္းေနတဲ့ အလြဲအလြဲအေခ်ာ္ေခ်ာ္ေတြ ခဏခဏျဖစ္တဲ့ ေကာင္ေလးပါ☔️
ဒီကားေလးကိုေတာ့ Manhattan မွာအေျခတည္ၿပီး ဇာတ္အိမ္ဖြဲ႔႐ိုက္ကူးထားတဲ့ကားေလးျဖစ္ပါတယ္။
Manhattan သူေလး Ashley Albright (Lindsay Lohan) ဟာ သူမဘဝတစ္ေလ်ွာက္လံုးမွာ ဘာလုပ္လုပ္အဆင္ေျပၿပီး ကံအရမ္းေကာင္းတယ္လို႔နာမည္ႀကီးတဲ့မိန္းမလွေလးတစ္ေယာက္ပါ။
တစ္ဖက္မွာေတာ့ သူမနဲ႔ဆန္႔က်င္ဖက္ေကာင္ေလးျဖစ္တဲ့ Jake Hardin (Chris Pine) ကေတာ့ 'ကံဆိုးမသြားရာ မိုးလိုက္လို႔ရြာ' ဆိုတဲ့အတိုင္းပဲ ဘာလုပ္လုပ္အဆင္မေျပတဲ့ ေမာင္ကံဆိုးေလးေပါ့။
Lindsey Lohan က Ashley အျဖစ္သ႐ုပ္ေဆာင္ထားပါတယ္ ။Chris Pine ဟာ Jake အျဖစ္သ႐ုပ္ေဆာင္ထားပါတယ္။
တစ္ေန႔မွာေတာ့ Jake ဟာ သူ႔အလုပ္ဝင္လုပ္တဲ့ဆိုင္က Audio ႀကိဳးအတပ္အျဖဳတ္လုပ္ေပးေနက် အဆိုေတြေလးေတြရဲ႕အေခြကို ထုတ္လုပ္သူစီးပြားေရးသမားတစ္ေယာက္နဲ႔ ပူးေပါင္းအလုပ္လုပ္ဖို႔ႀကိဳးစားေနတုန္း ထံုးစံအတိုင္း အလြဲလြဲအေခ်ာ္ေခ်ာ္ေတြျဖစ္ၿပီး အလုပ္ျပဳတ္သြားခဲ့ပါတယ္??♀️
Ashley ကလည္း မ်က္ႏွာဖံုးစြပ္ၿပီးတက္ရတဲ့ ပါတီပြဲတစ္ခုကိုစီစဥ္ေနၿပီး ဒီပါတီအေၾကာင္းကို Jake ကၾကားသြားခဲ့ပါတယ္။ ဒီပါတီပြဲကို နာမည္ႀကီးစီးပြားေရးသမားထုတ္လုပ္သူႀကီးလည္းတက္မွာမို႔ Jake တစ္ေယာက္ ပါတီပြဲတက္ရဖို႔ႀကိဳးစားပါေတာ့တယ္?
အကသမားအေယာင္ေဆာင္ၿပီးပါတီပြဲကိုတက္ခြင့္ရခဲ့တဲ့ Jake ဟာ စီးပြားေရးသမားေနာက္လိုက္ရင္း Vip ေတြသာသြားရမဲ့ေနရာေရာက္တဲ့အခ်ိန္မွာ ဆက္မသြားရေတာ့မဲ့အတူတူလူေတြေရွ႕မထူးဘူးဆိုေခ်ာ္လဲေရာထိုင္လုပ္ခါ Ashley ကို ကဖို႔ လက္ကမ္းခဲ့ပါေတာ့တယ္ ?
Ashley ကလဲ သူ႔ကို တားေရာ့ ကံၾကမၼာၾကည့္သူကဒီညကံေတြေျပာင္းလဲေတာ့မယ္သတိေပးထားရက္နဲ႔ Jake နဲ႔တြဲကပါေတာ့တယ္ ?
ကေနရင္းကေနပဲ မ်က္ႏွာဖံုးကိုယ္ဆီနဲ႔မို႔ မ်က္လံုးေလး ေတြသာျမင္ရေပမဲ့ မေတာ္တဆေတြ႕တာေပမဲ့လည္း လူငယ္ေတြပီပီ Jake ဟာ Ashley ေလးကို အနမ္းေလးတပြင့္ ေႁခြလိုက္မိပါေတာ့တယ္ ထိုအခ်ိန္မွာ ၾကယ္ေတြေၾကြကာ ကံတရားေတြဟာ ေဗ်ာင္းျပန္ျဖစ္သြားခဲ့ပါေတာ့တယ္ ?
ထိုအနမ္းေလးဟာ ထိုညေလးအတြက္ ေမွာ္ဆန္တဲ့ အနမ္းေလး တပြင့္ေပါ့ရွင္ ?ကံတရားဟာလံုးဝတစ္ပတ္လည္သြားခဲ့ပါၿပီ ?
Ashley တစ္ေယာက္ မယ္ကံေကာင္းေလးဘဝကေန မယ္ကံဆိုးဘဝကို ေျပာင္းသြားတဲ့အခါ၊ Jake တစ္ေယာက္ 'ကံဆိုးမသြားရာ၊မိုးလိုက္လို႔ရြာ'တဲ့ဘဝကလြတ္သြားတဲ့အခါ ျဖစ္လာမယ့္ ျဖစ္ရပ္ေတြအလြဲေတြကိုၾကည့္ရမယ့္အျပင္ ႏွစ္ေယာက္သားျပန္ေတြ႔ၿပီး ျပန္အနမ္းေႁခြကာ ကံခ်င္းျပန္ဖလွယ္ႏိုင္ပါ့မလားဆိုတာကို ေစာင့္ၾကည့္ရမယ့္ဇာတ္ကားေလးျဖစ္ပါတယ္ ......
ဇာတ္ကားေလးက typical love story လိုမ်ိဳးေပမယ့္ မပ်င္းရေအာင္ ၾကားထဲမွာ ဟာသေလးေတြ အလြဲေလးေတြပါ ထည့္ေပးထားတာမို႔ ေပ်ာ္ေပ်ာ္ပါးပါးၾကည့္႐ႈ႕ႏိုင္တဲ့ ဇာတ္ကားေလးတစ္ကားျဖစ္မယ္လို႔ အာမခံပါတယ္ ။
<<< Unicode >>>
သင့်ရဲ့ကံကောင်းမှုတွေကို အနမ်းတစ်ပွင့်နှင့် ဖလှယ်လိုက်ရသော အခါ ........
------------------------
ဒီ Just My Luck (2006) ဇာတ်ကားလေးကတော့ ၂၀၀၆ ကထွက်ရှိခဲ့တဲ့ American Rom-Com (အမေရိကန် အချစ်ဟာသ) ဇာတ်မြူးလေးဖြစ်ပါတယ်။
၂၀၀၆ကထွက်လို့ ဟောင်းနေပြီတော့မထင်ပါနဲ့နော်။ IMDB rating ကလည်း 5.4 ပဲရှိတယ်ဆိုပြီး အထင်တော့မသေးလိုက်နဲ့နော်။ rating သိပ်မကောင်းပေမယ့် တော်တော်ရယ်ရတဲ့ဇာတ်ကားလေးပါ။
PG-13 rate မို့ 13 နှစ်ပြည့်ပြီးတာနဲ့ လွတ်လွတ်လပ်လပ်ကြည့်လို့ရပါတယ်လို့။ဒီကားလေးထဲမှာတော့ ကျွန်မတို့ အသည်းကျော်လေး Chris Pine က အဓိကသရုပ်ဆောင်ထားပြီး
မင်းသမီးအနေနဲ့ကတော့ နာမည်ကျော် Lindsay Lohan လေးလည်းပါဝင်တာမို့ fan တွေအနေနဲ့တော့ လက်မလွှတ်သင့်တဲ့ကားလေးတစ်ကားပါပဲနော်။
သူတို့အပြင် Faizon Love, Missi Pyle စတဲ့သရုပ်ဆောင်များလည်း ပါဝင်အားဖြည့်ထားပါတယ်။
ဒါရိုက်တာကတော့ How to lose a guy in 10 days ဇာတ်ကားကိုရိုက်ကူးထားတဲ့ ဒါရိုက်တာ Donald Petrie ကိုယ်တိုင်ရိုက်ကူးထားတာပါ။(How to lose a guy in 10 daysလည်းကားကောင်းပါရှင်)
ဇာတ်ညွှန်းကိုတော့ I.Merlene King, Amy B. Harris တို့ကရေးသားပေးထားပါတယ်။
ဒီကားလေးကို Regency Enterprises, Cheyenne Enterprises နဲ့ Silvercup studios တို့က ထုတ်လုပ်ထားပြီး ဖြန့်ချိရေးကိုတော့ နာမည်ကျော် 20th Century Fox က ဖြန့်ချိထားပါတယ်။
ဇာတ်ကားကြာချိန်ကတော့ စုစုပေါင်း ၁၀၈မိနစ်ကြာမြင့်ပြီး ၂၀၀၆ ခုနှစ် မေလ၁၂ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။(၂၀၀၆ က ဇာတ်ကားမို့ Pine က ကလေးရုပ်ပေါက်ကောင်းပေါက်နေလိမ့်မည်- ဤကားစကားချပ်)
ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်ပါတယ်ရှင် ?? စိတ်ကူးယဉ်လို့ကောင်းတဲ့ကားလေးပါ ဒီဇာတ်လမ်းရဲ့ ဖြစ်တည်မှု့လေးရဲ့အဓိကသော့ချက်ဟာ K ... I ... S... S... I...N... G ? ပါ
Alert ; သင့်အနမ်းတစ်ပွင့်ကြောင့် သင့်ရဲ့ကံကောင်းမှု့တွေအားလုံးကို အခြားသူလက်ထဲထည့်ပေးလိုက်ရဖူးပါသလား !!! ??????
ကဲလာပါပြီ အခု ဒီ Just my love ကားထဲမှာတော့ Ashley (Lindsay Lohan) ဟာကံအရမ်းကောင်းပြီး Good Luck Charm ရှိတဲ့ အသက်ငယ်ငယ်ကောင်မလေးတစ်ယောက်ပါ အရာရာအဆင်ပြေနေနဲ့ ပန်းလေးတပွင့်လိုလန်းဆန်းနေတဲ့မိန်းမပျိုလေးပေါ့ရှင် ?
ဇာတ်လမ်းအစမှာ စားသောက်ဆိုင် တခုမှာတောက်တိုမယ်ရသန့်ရှင်းရေး စတိတ်ဆင်တီးဝိုင်းဆိုင်ရာ Audio ကြိုးတပ်သမားလေးအဖြစ်လုပ်တဲ့ Jake (Chris Pine) ဟာ ကံဆိုးမှု့တွေအားလုံးဟာသူဆီမှာပဲ အဖော်ပြုကိန်းအောင်းနေတဲ့ အလွဲအလွဲအချော်ချော်တွေ ခဏခဏဖြစ်တဲ့ ကောင်လေးပါ☔️
ဒီကားလေးကိုတော့ Manhattan မှာအခြေတည်ပြီး ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။
Manhattan သူလေး Ashley Albright (Lindsay Lohan) ဟာ သူမဘဝတစ်လျှောက်လုံးမှာ ဘာလုပ်လုပ်အဆင်ပြေပြီး ကံအရမ်းကောင်းတယ်လို့နာမည်ကြီးတဲ့မိန်းမလှလေးတစ်ယောက်ပါ။
တစ်ဖက်မှာတော့ သူမနဲ့ဆန့်ကျင်ဖက်ကောင်လေးဖြစ်တဲ့ Jake Hardin (Chris Pine) ကတော့ 'ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ' ဆိုတဲ့အတိုင်းပဲ ဘာလုပ်လုပ်အဆင်မပြေတဲ့ မောင်ကံဆိုးလေးပေါ့။
Lindsey Lohan က Ashley အဖြစ်သရုပ်ဆောင်ထားပါတယ် ။Chris Pine ဟာ Jake အဖြစ်သရုပ်ဆောင်ထားပါတယ်။
တစ်နေ့မှာတော့ Jake ဟာ သူ့အလုပ်ဝင်လုပ်တဲ့ဆိုင်က Audio ကြိုးအတပ်အဖြုတ်လုပ်ပေးနေကျ အဆိုတွေလေးတွေရဲ့အခွေကို ထုတ်လုပ်သူစီးပွားရေးသမားတစ်ယောက်နဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ကြိုးစားနေတုန်း ထုံးစံအတိုင်း အလွဲလွဲအချော်ချော်တွေဖြစ်ပြီး အလုပ်ပြုတ်သွားခဲ့ပါတယ်??♀️
Ashley ကလည်း မျက်နှာဖုံးစွပ်ပြီးတက်ရတဲ့ ပါတီပွဲတစ်ခုကိုစီစဉ်နေပြီး ဒီပါတီအကြောင်းကို Jake ကကြားသွားခဲ့ပါတယ်။ ဒီပါတီပွဲကို နာမည်ကြီးစီးပွားရေးသမားထုတ်လုပ်သူကြီးလည်းတက်မှာမို့ Jake တစ်ယောက် ပါတီပွဲတက်ရဖို့ကြိုးစားပါတော့တယ်?
အကသမားအယောင်ဆောင်ပြီးပါတီပွဲကိုတက်ခွင့်ရခဲ့တဲ့ Jake ဟာ စီးပွားရေးသမားနောက်လိုက်ရင်း Vip တွေသာသွားရမဲ့နေရာရောက်တဲ့အချိန်မှာ ဆက်မသွားရတော့မဲ့အတူတူလူတွေရှေ့မထူးဘူးဆိုချော်လဲရောထိုင်လုပ်ခါ Ashley ကို ကဖို့ လက်ကမ်းခဲ့ပါတော့တယ် ?
Ashley ကလဲ သူ့ကို တားရော့ ကံကြမ္မာကြည့်သူကဒီညကံတွေပြောင်းလဲတော့မယ်သတိပေးထားရက်နဲ့ Jake နဲ့တွဲကပါတော့တယ် ?
ကနေရင်းကနေပဲ မျက်နှာဖုံးကိုယ်ဆီနဲ့မို့ မျက်လုံးလေး တွေသာမြင်ရပေမဲ့ မတော်တဆတွေ့တာပေမဲ့လည်း လူငယ်တွေပီပီ Jake ဟာ Ashley လေးကို အနမ်းလေးတပွင့် ခြွေလိုက်မိပါတော့တယ် ထိုအချိန်မှာ ကြယ်တွေကြွေကာ ကံတရားတွေဟာ ဗျောင်းပြန်ဖြစ်သွားခဲ့ပါတော့တယ် ?
ထိုအနမ်းလေးဟာ ထိုညလေးအတွက် မှော်ဆန်တဲ့ အနမ်းလေး တပွင့်ပေါ့ရှင် ?ကံတရားဟာလုံးဝတစ်ပတ်လည်သွားခဲ့ပါပြီ ?
Ashley တစ်ယောက် မယ်ကံကောင်းလေးဘဝကနေ မယ်ကံဆိုးဘဝကို ပြောင်းသွားတဲ့အခါ၊ Jake တစ်ယောက် 'ကံဆိုးမသွားရာ၊မိုးလိုက်လို့ရွာ'တဲ့ဘဝကလွတ်သွားတဲ့အခါ ဖြစ်လာမယ့် ဖြစ်ရပ်တွေအလွဲတွေကိုကြည့်ရမယ့်အပြင် နှစ်ယောက်သားပြန်တွေ့ပြီး ပြန်အနမ်းခြွေကာ ကံချင်းပြန်ဖလှယ်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ် ......
ဇာတ်ကားလေးက typical love story လိုမျိုးပေမယ့် မပျင်းရအောင် ကြားထဲမှာ ဟာသလေးတွေ အလွဲလေးတွေပါ ထည့်ပေးထားတာမို့ ပျော်ပျော်ပါးပါးကြည့်ရှု့နိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မယ်လို့ အာမခံပါတယ် ။
Myanmar Advertising Directory