-->
×

Warning

JUser: :_load: Unable to load user with ID: 29



ယနေ့ အင်တာနက်ခေတ်မှာ မရှိမဖြစ် လိုအပ်တဲ့ Email Marketing google



 


 




 


 






 


 


 




 

 

ဘယ်လို အသုံးပြုမလဲ?

 







 



 


 

<<<unicode>>>

 

ယနေ့ အင်တာနက်ခေတ်မှာ မရှိမဖြစ် လိုအပ်တဲ့ Email Marketing

==================================================================

Email Marketing ဆိုတာ ယနေ့ အင်တာနက်ခေတ်မှာ မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းသုံးအရာတစ်ခုဖြစ်လာပါပြီ။ အခု email marketing အကြောင်းနဲ့ သူ့ကို လုပ်ငန်းပိုင်းဆိုင်ရာမှာ ဘာလို့သုံးသင့်သလဲ ဆိုတာကို ရှင်းပြပေးချင်ပါတယ်။

 

Email marketing ဆိုတာကတော့ audience ဆီကို ကြော်ငြာ၊ promotion စတဲ့အကြောင်းအရာတွေကို တိုက်ရိုက် email ပို့ပြီး ဈေးကွက်ချဲ့ထွင်တဲ့နည်းလမ်းတစ်မျိုးပါ။ အလားအလာကောင်းတဲ့သူ ဒါမှမဟုတ် လက်ရှိ customer ဆီကို ပို့သမျှ mail တိုင်းကို Email marketing လို့ သတ်မှတ်လို့ရနိုင်ပေမယ့် တချို့ စည်းမျဉ်းလေးတွေတော့ ရှိပါတယ်။

 

– အရင်က customer တွေနဲ့ရော ယခုလက်ရှိ customer တွေနဲ့ပါ ဆက်ဆံရေးမပျက်အောင်အပြင် နောက်ပိုင်းလည်း မိမိလုပ်ငန်းကို အားပေးဖို့တိုက်တွန်းတာက Email marketing ပါ။

– customer အသစ်တွေ ထပ်ရဖို့နဲ့ လက်ရှိ customer တွေကိုလည်း ပစ္စည်းတစ်ခုခုဝယ်ဖြစ်အောင် mail ပို့ပြီး email marketing လုပ်လို့ရပါတယ်။

-တခြား company တွေက သူတို့ရဲ့ customer တွေဆီ mail ပို့တဲ့အချိန်မှာ ကိုယ့်ရဲ့ လုပ်ငန်းအကြောင်း ကြော်ငြာထည့်လိုက်တာကလည်း email marketing ပါပဲ။

 

Email marketing မှာ တခြား သမားရိုးကျ mail marketing တွေထက်ပိုတဲ့ အကျိုးကျေးဇူးတွေကတော့…

 

– တိကျသေချာတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ရလာနိုင်ပါတယ်။ ဒါ့အပြင် email marketing ဟာ online marketing မှာဆိုရင် search marketing ရဲ့နောက် ဒုတိယလိုက်တဲ့ အကျိုးအရှိဆုံးနည်းလမ်းပါတဲ့။

– ပို့လိုက်တဲ့ email တွေထဲက အကြောင်းတစ်ခုခုကို စိတ်ဝင်စားလို့ subscribe လုပ်တဲ့သူ အရေအတွက်လည်း တိုးလာနိုင်ပါတယ်။

– internet သုံးသူတစ်ဝက်ကျော်ကျော်လောက်က နေ့စဉ် email သုံးတတ်ပါတယ်။

– Marketer တွေဟာ customer တွေဆီကို personal အရရော လုပ်ငန်းပိုင်းအရပါ အဆင်ပြေနိုင်တဲ့ email တွေပို့လို့ရပါတယ်။

– လုပ်ငန်းပိုင်းဆိုင်ရာ email တွေဟာ အရေးကြီးတဲ့ ပွဲတွေ အခမ်းအနားတွေအတွက် auto respond ပြန်လို့ရအောင် ကူညီပေးပါတယ်။

 

Email marketing ရဲ့ မကောင်းတဲ့အချက်ကတော့ တချို့ mail တွေဟာ rejection ဒါမှမဟုတ် spam folder ထဲကို ရောက်သွားတတ်တာပါပဲ။ audience တွေက သူတို့နဲ့ မဆိုင်တဲ့ email ပို့ရင် စိတ်မဝင်စားတတ်ကြလို့ audience တစ်ယောက်ချင်းဆီကို အလေးထားပြီး သူတို့နဲ့ အဆင်ပြေမယ့် email တွေ ပို့တတ်ပါစေ။

 

ဘာကြောင့် email marketing ကို သုံးသင့်သလဲ?

 

အသုံးစရိတ် – email marketing ကိုသုံးရတာ တခြား direct marketing တွေထက်ပိုပြီး ဈေးသက်သာပါတယ်။

အောင်မြင်မှု – email တွေကနေ တကယ်ကောင်းတဲ့ customer တွေကို target ထားလို့ရပါတယ်။

 

တိုင်းတာရလွယ်မှုနဲ့ လိုက်လျောညီထွေရှိမှု – ဒီနေ့မှာဆိုရင်တော့ သင့်ရဲ့ email တွေကို တုံ့ပြန်မှုတွေကိုကြည့်ပြီး သင့်ရဲ့ campaign တွေ ဘယ်လို အလုပ်ဖြစ်သလဲဆိုတာ ဆန်းစစ်ရလွယ်နေပါပြီ။ ပြီးရင်တော့ သင့်ရဲ့ campaign နဲ့ ပတ်သက်တဲ့နည်းဗျူဟာတွေကို ပြောင်းလဲသင့်ရင်ပြောင်းလဲရမှာပေါ့။

 

Disney ရဲ့ညစ်ညမ်းစွာ Brand တည်ဆောက်ခြင်း

 

ဘယ်လို အသုံးပြုမလဲ?

 

တီထွင်ဖန်တီးမှု – ဒါကတော့ design,images စသဖြင့် email တစ်ခုလုံးရဲ့ အသွင်အပြင်ကို ဆိုလိုပါတယ်။ သင့်ရဲ့ customer တွေက email ကို စာသားတွေနဲ့ပဲကြိုက်တတ်သလား HTML သုံးတာကြိုက်တတ်သလား စသဖြင့် လေ့လာရပါမယ်။

လိုက်လျောညီထွေရှိမှု – Target ထားတာကိုပြောချင်တာပါ။ သင့်ရဲ့ email ကို တုံ့ပြန်မှုများချင်ရင်တော့ customer တစ်ယောက်ချင်းစီအတွက် လိုက်လျောညီထွေရှိမယ့် email ကိုသာ ပို့သင့်ပါတယ်။

ဆွဲဆောင်တိုက်တွန်းမှု – Audience တွေကို promotion, offer စတဲ့အကြောင်းအရာတွေနဲ့ သင့်ရဲ့ email တွေကို စိတ်ဝင်စားလာအောင်ဆွဲဆောင်ပါ။

ချိန်ကိုက်မှု – customer တွေဆီကို ညသန်းခေါင်မှ email ပို့တာမျိုးမလုပ်ဘဲ သူတို့ email သုံးပြီး အလုပ်လုပ်တတ်တဲ့အချိန်တွေမှာ ပို့ပါ။ သင့်ရဲ့ email တွေကို ဘယ်အချိန်ပို့ရင် ပိုအလုပ်ဖြစ်တတ်သလဲဆိုတာ စမ်းသပ်ကြည့်ဖို့လည်း မမေ့ပါနဲ့။

ပေါင်းစပ်အသုံးချမှု – အကောင်းဆုံး marketing ဆိုတာ promotion ပိုင်းမှာ အလုပ်ဖြစ်နိုင်တဲ့အရာအားလုံးတွေကို တစ်ခုတည်းပေါင်းစပ်ဖန်တီးထားတဲ့ နည်းလမ်းတစ်မျိုးပါ။ Email marketing မှာလည်း ဒီနည်းလမ်းကို သုံးသင့်ပါတယ်။

ကော်ပီကူးမှု – Copywriting နဲ့ ပတ်သက်လာရင် Subject line ကအစ email signature အဆုံးအထိ သေချာ စဉ်းစားဖို့လိုပါတယ်။

 

Email ရဲ့ အဓိက အစိတ်အပိုင်းများ – ပြောချင်တာကတော့ ခေါင်းစည်းပါ။ သင့်ရဲ့ customer တွေက spam အဖြစ် သတ်မှတ်နိုင်တဲ့ ခေါင်းစည်းတွေ အကြောင်းအရာတွေကို လေ့လာပြီး တကယ်အလုပ်ဖြစ်မယ့် အစိတ်အပိုင်းတွေကို ဖန်တီးပါ။

လမ်းညွှန်မှု – သင့်ရဲ့ email တွေကို အရောင်းပိုင်းဆိုင်ရာအတွက် အသုံးပြုချင်ရင်တော့ သင့်ရဲ့ home page ကိုသွားနိုင်မယ့် link ကိုပဲ ထည့်သွင်းပေးပို့တာမျိုး မလုပ်ပါနဲ့။ Customer တွေကို တကယ်အရောက်ပို့ပေးချင်တဲ့ link ကိုပဲ ထည့်သွင်းအသုံးပြုပါ။

Email marketing ကို customer relationship ကောင်းမွန်ဖို့အတွက် နယ်ပယ်များစွာမှာ အသုံးပြုနေပြီဖြစ်လို့ သင့်ရဲ့ လုပ်ငန်းအောင်မြင်မှုအတွက်လည်း ကောင်းကောင်းအသုံးချနိုင်ပါစေ။

 

Source: Moe

Myanmar Advertising Directory

Read times
Rate this item
(0 votes)