-->
×
Warning
JUser: :_load: Unable to load user with ID: 29
လာမယ့်နှစ်တွေမှာ ပိုပြီး ခေတ်စားလာနိုင်တဲ့ Digital Advertising ( ၅ ) မျိုး
နေ့စဉ်နဲ့အမျှ တိုးတက် ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းထဲမှာ အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းတွေကို အရင်ကလို တီဗွီတွေ၊ ရေဒီယိုတွေ၊ သတင်းစာတွေနဲ့ Bill Board တွေပေါ်မှာ ကြော်ငြာရုံတင်မကတော့ပဲ Digital နည်းပညာတွေ အသုံးပြုပြီး အွန်လိုင်းပေါ်မှာပါ ကြော်ငြာလာကြပါတယ်။
ဒီလိုကြော်ငြာခြင်းဟာ ကုန်ကျစရိတ် သက်သာစေတဲ့အပြင် အချိန်ခဏလေးအတွင်းမှာ လူပေါင်းများစွာဆီ ပျံ့နှံသွားစေပြီး မိမိရဲ့ စီးပွားရေးလုပ်ငန်းကို အထိရောက်ဆုံး ကြော်ငြာတစ်ခုဖြစ်အောင် ဖန်တီးပေးနိုင်တာကြောင့် အကောင်းဆုံးသော ကြော်ငြာချန်နယ် တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် လက်ရှိ ၂၀၂၀ ခုနှစ်မှာ ဘယ်လို Digital Advertising တွေက ပိုပြီး ခေတ်စားလာနေလဲ၊ လာမယ့်နှစ်တွေမှာရော ဘာတွေ ဆက်လက် ခေတ်စားမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Google နဲ့ Facebook Ads
Google နဲ့ Facebook Ads တွေက ၂၀၂၀ တင် မဟုတ်ပါဘူး။ ဆက်လက်ပြီးလည်း ခေတ်စားနေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ဥပမာ Amazon ကို ကြည့်ပါ။ သူဟာ Google နဲ့ Facebook ကနေတဆင့် ကြော်ငြာပြီး တစ်ကမ္ဘာလုံးကို ထုတ်ကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ အကြီးမားဆုံးသော eCommerce တစ်ခု ဖြစ်လာခဲ့ပါတယ်။
၂။ Instagram Ads
Facebook, Instagram နဲ့ Whatsapp တွေမှာ တင်တဲ့ Stories ပေါင်းဟာ နေ့စဉ် ၁ ဘီလီယံခန့် ရှိနေတယ်လို့ ဖေ့ဘုတ်ခ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အဲဒီထဲကမှ Instagram မှာ တင်တဲ့ပို့စ်တွေဟာ ၂၅ ရာခိုင်နှုန်းထိ မြင့်တက်လာတာကြောင့် လာမယ့်နှစ်တွေမှာလည်း ခေတ်စားနေဦးမှာပါ။
၃။ Chat Bot နဲ့ Messenger Ads
မြန်မာနိုင်ငံမှာ ၂၀၁၈၊ ၂၀၁၉ လောက်ကတည်းက Chat Bot နဲ့ Messenger ကို အသုံးချပြီး မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ကြော်ငြာတွေ သိသိသာသာ လုပ်ဆောင်လာကြတာကို သတိထားမိကြမှာပါ။ ဒါကြောင့် ရှေ့ဆက်ပြီး အရှိန်ဆက်ကောင်းဦးမယ်လို့ မျှော်မှန်းလို့ ရပါတယ်။
၄။ Influencers
အခုဆို မြန်မာနိုင်ငံမှာလည်း Social Influencers တွေကို ကြော်ငြာချန်နယ်တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ ဒါဟာလည်း အကုန်အကျသက်သာပြီး ထိရောက်တာကြောင့် စီးပွားရေးလုပ်ငန်း တော်တော်များများ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ၂၀၂၀ သာမကပဲ လာမယ့်နှစ်တွေအထိ ဆက်ပါသွားဦးမှာ အသေအချာပါပဲ။ eCommerce များ
။ အားလုံးသိတဲ့အတိုင်း ၂၀၁၈ ခုနှစ်ကတော့ Amazon ရဲ့နှစ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ eBay, Walmart, Alibaba, Baidu နဲ့ Tencent ဆိုတဲ့ eCommerce တွေဟာလည်း ၂၀၁၉ ခုနှစ်အတွင်း ကြော်ငြာနဲ့ပတ်သတ်ပြီး တော်တော် နာမည်ရခဲ့ပါတယ်။ ဒီလိုမျိုး eCommerce တွေဟာ လာမယ့်နှစ်တွေမှာ ကြော်ငြာချန်နယ်တွေအဖြစ် ပြောင်းလဲပြီး တဆန်းသစ်လာဦးပါ။
<<< Zawgyi >>> 
+++++++++++++++++++++++++++++++
၂။ Instagram Ads
၎။ Influencers
Su Mon Oo ( Mine )
Ref: Fourth Source
Read times
Rate this item
(1 Vote)