-->
×

Warning

JUser: :_load: Unable to load user with ID: 29


အွန်လိုင်းပေါ်ကလုပ်ငန်းတွေအနေနဲ့ ကိုယ့်လုပ်ငန်းရဲ့စစ်မှန်မှုကို ဘယ်လိုဖော်ပြမလဲ...?

အွန်လိုင်းပေါ်ကလုပ်ငန်းတွေအနေနဲ့ ကိုယ့်လုပ်ငန်းရဲ့စစ်မှန်မှုကို ဘယ်လိုဖော်ပြမလဲ...? Google

Social Media ခေတ်ကြီးမှာ အွန်လိုင်းလုပ်ငန်းအများအပြားကို လူငယ်တော်တော်များလုပ်ကိုင်နေကြပါတယ်။

ဒီမှာပြောချင်တာက အွန်လိုင်းပေါ်ကလုပ်ငန်းတွေအနေနဲ့ ကိုယ့်လုပ်ငန်းရဲ့စစ်မှန်မှုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) အွန်လိုင်းလုပ်ငန်းတွေအတွက် စစ်မှန်မှုဟာဘယ်လိုအရေးပါရသလဲ။

လူအများစုရဲ့စိတ်မှာက သူတို့သိတဲ့သူတွေကို ပိုပြီးယုံကြည်ချင်တတ်တဲ့ တိမ်းညွတ်မှုလေး တစ်ခုတော့ရှိတတ်ကြပါတယ်။ အပြောနဲ့အလုပ်ညီတတ်တဲ့ သူမျိုးတွေပေါ့လေ။ အလုပ်အမြဲမပြတ် တင်ဆက်နေသူတွေ၊ ပို့စ် အမြဲတင်နေတဲ့သူတွေ နဲ့ Brand တွေကို ယုံကြည်တတ်ကြပါတယ်။ ဒီိလိုနည်းနဲ့ Customer တွေရဲ့ ယုံကြည်မှုကိုရယူနိုင်ပါတယ်။

(၂) Brand တွေနဲ့ လူတွေဟာ ဘယ်လိုမျိုးအမှားတွေ လုပ်တတ်ကြသလဲ။

အဓိကကတော့ လူသားတွေထားရှိတဲ့ Social Media စံနှုန်းတွေကြောင့်ပါ။ လူအများစုဟာ သူတို့ရဲ့ တစ်နေကုန်လုပ်လုပ်သမျှ ပျင်းစရာကြီးတွေ၊ စိတ်ပျက်စရာကြီးတွေ စတဲ့မှန်ကန်တဲ့ တစ်နေ့တာတွေကို တင်လေ့မရှိကြပါဘူး။ ဒါပေမယ့် သိပ်ကိုဆန်းကြယ်တဲ့အရာတွေနဲ့ ထူးခြားတဲ့၊ ကြွားဝါလို့ရတဲ့ ကိစ္စတွေကိုတော့ တင်လေ့ရှိကြပါတယ်။ ဒီတော့ အွန်လိုင်းပေါ်မှာ ဘာတွေပဲမြင်ရသလဲဆိုရင် ပျော်ရွှင်နေတဲ့လူတွေကိုပဲ အဓိကထားပြီး မြင်နေရတော့တာပါတယ်။ ဒီလိုမျိုးပို့စ်တွေပဲ တင်ကြရတဲ့အကြောင်းကတော့ ကိုယ့်ရဲ့အစစ်မှန်ကိုတွေ့ပြီး အဝေဖန်ခံရမှာ၊ အပြစ်အပြောခံရမှာ၊ အနှိမ်ခံရမှာတွေကို ကြောက်ရွံ့တဲ့အတွက်ကြောင့်ပါ။ ဒီအခါ စစ်မှန်မှုဆိုတာကို ရှာဖွေဖို့ဟာ အနည်းငယ်ခက်ခဲလာတတ်ပါတယ်။ ဒီတော့ ပြီးပြည့်စုံတဲ့ ပုံတွေ၊ ပို့စ်တွေ တင်ဖို့ကြိုးစားခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့် စစ်မှန်မှုဆိုတာကို လုပ်ငန်းတစ်ခုအနေနဲ့ တည်ဆောက်ချင်ရင်တော့ online မှာ active ဖြစ်နေဖို့နဲ့ စစ်မှန်ပြီး သပ်ရပ်လှပတဲ့ပို့စ်တွေ တင်နိုင်ဖို့ကအရေးကြီးပါတယ်။

Read More>>> လူသိနည်းသေးတဲ့ ဟာဝေးကုမ္ပဏီတည်ထောင်သူ Ren Zhengfei အကြောင်း

(၃) အွန်လိုင်းပေါ်မှာ တချို့လုပ်ငန်းတွေဟာ စစ်မှန်မှုကိုဖန်တီးနိုင်ပြီး အောင်မြင်ရတာလဲ။

စစ်မှန်ခြင်းဆိုတဲ့ အမြစ်တည်ရာကတော့ ကိုယ့်ရဲ့အကောင်းဆုံးမဟုတ်တဲ့ အရာတွေကိုပါ တင်ပြချပြရဲရာကနေ ရရှိလာတတ်ပါတယ်။ လူတွေဝင်ခံစားလို့ရမယ့် အရာမျိုး၊ လူတွေ အဲ့ဒီပိုစ့်အပေါ်မှာ စိတ်နှလုံး သက်ရောက်လောက်စေမယ့် အရာတွေမျိုးတွေပေါ့လေ။ သင့်ရဲ့ အွန်လိုင်းပရိတ်သတ်ကို စိတ်ဝင်စားစေရန်လုပ်ပေးဖို့တော့ သတိပြုရပါမယ်။

ဒီအချက်သုံးချက်ကို အနည်းငယ်သတိပြုမိရင်တော့ အွန်လိုင်းပေါ်က ကိုယ့်ရဲ့ Online Shopping လေးကို ဘယ်လိုမျိုး စစ်မှန်အောင်လုပ်ရမလဲဆိုတဲ့ မေးခွန်းအတွက် လမ်းစလေးရစေမယ်လို့ မျှော်လင့်ပါတယ်။

Ref; လူငယ်မီဒီယာ
Myanmar Advertising Directroy

 

Read times
Rate this item
(1 Vote)