-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရန်ကုန်တိုင်းဒေသကြီး Payroll Processing QR Pass အစီအစဉ်

ရန်ကုန်တိုင်းဒေသကြီး  Payroll Processing QR Pass အစီအစဉ်ကို ထုတ်ပြန်ကြေညာထားပါသည်။

 

ရန်ကုန်တိုင်းဒေသကြီး (Stay at Home) ကာလအတွင်း

လစာပေးခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်

 Payroll Processing QR Pass အစီအစဉ်

ကြေညာချက်အမှတ် (၁၈/၂၀၂၀)

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ၊ ၃ရက်

 

၁။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ   (Stay at Home) ကာလ အတွင်း ဖွင့်လှစ်လည်ပတ်ရန် ခွင့်ပြုထားခြင်းမရှိသည့် စက်ရုံ၊ အလုပ်ရုံများ ၊ ကုမ္ပဏီများ၊ လုပ်ငန်းများမှ ဝန်ထမ်းများ၊ အလုပ်သမားများအား လုပ်ခလစာပေးနိုင်ရေးအတွက် လိုအပ်သည့် တွက်ချက်မှုများ ပြင်ဆင်ဆောင်ရွက်နိုင်ရန် Payroll Processing QR Pass များ ထုတ်ပေး သွားမည်ဖြစ်ပါသည်။

 

၂။ အဆိုပါ Payroll Processing QR Pass များကို လုပ်ခလစာ ထုတ်ပေးရန် လိုအပ်သည့် မည်သည့်လုပ်ငန်းအမျိုးအစားမဆို Online မှတဆင့်  ဝင်ရောက်မှတ်ပုံတင်နိုင်ပြီး တာဝန်ရှိသူ အများဆုံး (၅) ဦး အထိသာ Payroll Processing QR Pass ကို ထုတ်ယူနိုင်ပါသည်။ မှတ်ပုံတင် ရာတွင် https://QRpass.SawSawShar.gov.mm

သို့ ဝင်ရောက်မှတ်ပုံတင်ရန်ဖြစ်ပြီး ယခင် QR Pass ရရှိပြီးထားသူများအနေဖြင့် ထပ်မံလျှောက်ထားရန် မလိုအပ်ပါ။

 

၃။  ယခုအစီအစဉ်သည် လစာထုတ်ခြင်းဆိုင်ရာ Payroll အတွက် လစာတွက်ချက်မှု အပါအဝင် လိုအပ်သည့်ပြင်ဆင်မှုများ ကြိုတင် ဆောင်ရွက်နိုင်ရန်အတွက်သာ ထုတ်ပေးခြင်း ဖြစ်ပြီး ၊ အောက်တိုဘာလ (၄) ရက်နေ့ နှင့် (၅) ရက်နေ့များတွင်မှတ်ပုံတင်ရမည်ဖြစ်ပါသည်။ Payroll Processing  QR Pass ရရှိပြီးပါက အောက်တိုဘာလ (၆) ရက်နေ့နှင့် (၇) ရက်နေ့များ တွင်သာ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသို့ သွားရောက်နိုင်မည် ဖြစ်ပါသည်။ 

 

၄။ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အားဆောင်ရွက်ရာတွင် Payroll Process အားရွေးချယ်ရမည် ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင် (သို့) စည်ပင်လုပ်ငန်းလိုင်စင် (သို့) သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုမှ အသိအမှတ်ပြုထုတ်ပေးထားသော လုပ်ငန်းလိုင်စင်အား ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။

 

၅။  အထက်ဖော်ပြပါ လုပ်ငန်းလိုင်စင်တစ်မျိုးမျိုးအား ပူးတွဲတင်ပြနိုင်ခြင်း မရှိပါက ခွင့်ပြုချက်အား ပယ်ဖျက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

 

၆။ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့်ပတ်သက်၍ အဆင်မပြေမှုတစ်စုံတစ်ရာရှိပါက 

ဖုန်းနံပါတ် 

၀၉၆၉၄၈၂၀၂၄၄

၀၉၄၀၂၇၉၀၇၄၄

၀၉၆၇၇၇၂၇၄၀၅ 

သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Read times
Rate this item
(1 Vote)