-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရောင်များနှင့် အဓိပ္ပါယ်

အရောင်တို့၏ အနက်အဓိပါ္ပယ်အမျိုးမျိုးရှိကြပါသည်။ သို့သော် အဓိပါ္ပယ်တို့သည် အခြားအရောင်များနှင့်ဆက်စပ်နှီးနွယ်မှုများရှိပြီး အခြားသောအနက်အဓိပ္ပါယ်များ၊ဆန့်ကျင်သော သဘောတရာများကိုလည်း ဆောင်နိုင်ပါသည်။နေရာဒေသ၊ လူမျိုးနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများအပေါ်တွင် မူတည်ရျ်မတူညီသော ခံစားမှုနှင့် အနက်အဓိပါ္ပယ်ပြောင်းလဲသွားခြင်းများလည်းရှိပါသည်။

 

အစိမ်းရောင်

-------------

 

အစိမ်းရောင်သည် ယေဘုယျအားဖြင့် မျှော်လင့်ခြင်း၊ Spring အရောင်ပြန်လည်မွေးဖွားခြင်း၊ လူတိရစ္ဆာန်တို့၏ အစားအစာစသည်တို့ကိုလည်း အဓိပါ္ပယ်ရစေပါသည်။အစိမ်းရောင်သည် “အဆိပ်”ဟူသော အဓိပါ္ပယ်ကိုလည်း ဆောင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိပ်ဖြစ်စေသော Sulphates များစွာနှင့်အာဆင်းနစ်(Arsenic)တို့သည်။


ရှေးအခါက အစိမ်းရောင်ဟု ကျော်ကြားခဲ့သောကြောင့်ဖြစ်သည်။ ယခုကာလတွင်လည်း အဆိပ်များစွာကို စားသောက်ကုန်ဖြစ်သည့် ဂျုံ၊ ဆား၊ သကြားတို့နှင့် ကွဲပြားခြားနားစေရန် စီစဉ်၍အစိမ်းရောင်အမှုန့်ပုံစံဖြင့် ထုတ်လုပ်ကြပါသည်။အစိမ်းရောင်သည် သေလောက်အောင် ရန်ငြိုးကြီးမားသော၊ မုန်းတီးစက်ဆုပ်ဖွယ် ကိုယ်ကျင့်သိက္ခာဖောက်ပြန်ယိုယွင်းစေသော စိတ်ခံစားမှုကို ဖော်ဆောင်သည့်ကြောက်ရွံ့ခြင်းနှင့်မနာလိုသဝန်တိုခြင်းတို့၏ အမှတ်သင်္ကေတလည်းဖြစ်ပါသည်။

 

အစိမ်းရောင်ကို ဂြိုဟ်ကြီး (၇)လုံးတွင် စနေဂြိုလ်(Saturn)နှင့်ဆိုင်သော အရောင်အဖြစ်သတ်မှတ်ပါသည်။တစ်ဖန်အစိမ်းရောင်သည် ဘဝတွင် စဉ်ဆက်မပြတ်သော အမြဲတမ်းသဘောကိုလည်း ရပ်တည်ပါသည်။ Evergreen အမြဲ စိမ်းလန်းခြင်းဟူသော သဘောသည် အပေါ်ယံအဓိပ္ပါယ်ကိုချုံ့၍ အမြဲရှင်သန်နေခြင်း၊ စိမ်းလန်းခြင်းသဘောကို ဖော်ပြသည်။

 

ယင်းသည် တိတ်ဆိတ်ငြိမ်သက်အေးချမ်းမှုအပြည့်ဖြင့် တည်ငြိမ်အေးချမ်းသော အရောင်၊ ငယ်ရွယ်နုပျိုခြင်းအရောင်ဖြစ်ပါသည်။လန်းဆန်းတက်ကြွရွှင်လန်းခြင်း၊ နုပျိုလတ်ဆတ်ခြင်း၊ ကြည်လင်အေးမြခြင်းသဘောတို့ကို ကိုယ်စားပြုဖော်ညွန်းပါသည်။အစိမ်းရောင်သည် အနာတရဖြစ်ပါက အနာကျ်မြန်စေပြီး ဝေဒနာကို သက်သာစေပါသည်။ ကြီးထွားနှုန်းကို မြန်စေပြီး ညဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေပါသည်။

 

ပေါးပါးသွက်လက်ခြင်း၊ မေတ္တာကရုဏာထားခြင်း၊ သူတစ်ပါးအားအကူအညီပေးတတ်ခြင်းတို့နှင့် သက်ဆိုင်ပါသည်။ အစိမ်းရောင်သည် စိတ်လက်ပေါ့ပါးမှု၊ စိတ်သက်သာရာရစေမှုကိုအားပေးကူညီပြီး သွေးထွက်လွန်မှုကို ဟန့်တား၍ အနာကျက်မြန်စေသည့်အတွက် ခွဲစိတ်ခန်းများတွင် ခွဲစိတ်သူရော၊ ခွဲစိတ်ခံရသူပါ အစိမ်းရောင်ကို ခင်းကျင်းဝတ်ဆင်လေ့ရှိကြသည်။

 

အစိမ်းရောင်သုတ်ထားသော အခန်းသည် အေးမြ၍ စိတ်ဓာတ်ကျနေသူများ၊ စိတ်ဆင်းရဲနေသူများနှင့် စိတ်အတက်အကျမြန်သူများအတွက် မြန်မြန်ဆန်ဆန်သက်သာပျောက်ကင်းစေပါသည်။

 

အပြာရောင်

--------------

 

အပြာရောင်သည် ယောကျ်ားပီသမှုကို ကိုယ်စားပြုသည်။ စစ်မှန်သော အပြာရောင် “True Blue”ဟူသော စကားစုတွင် သံမဏိကဲ့သို့ မှန်ကန်ခြင်းသဘောကို ဖော်ဆောင်သည်။အပြာရောင်သည် ကြင်နာသနားစိတ်၊ ကြည်ဖြူသဒ္ဓ္ဓ္ဓါစိတ်၊ ကိုယ်ချင်းစာနာစိတ်နှင့် အကူအညီပေးလိုစိတ်ကို ဖြစ်စေနိုင်သောအရောင်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးနှင့် ခွင့်လွတ်သည်းခံစိတ်ကိုလည်းဖြစ်စေသည်။

 

ငြိမ်းချမ်းအေးဆေးသော သဘောသဘာဝ၏လက္ခဏာရပ်ဖြစ်သည်။ ပျော်ရွှင်မှုကို တိုက်တွန်းအားပေး၍အသက်ရှင်မှုကို အထောက်အကူပြုသည်။စိတ်ကျန်းမာရေးနှင့်အသက်ရှည်စေရန်ပတ်ဝန်းကျင်၌အပြာရောင်များ လွှမ်းမိုးနေဖို့လိုအပ်သည်။ အပြာရောင်များဝတ်စားဆင်ယင်ခြင်းဖြင့် ခန္ဓ္ဓ္ဓ္ဓာကိုယ်ကို သက်သောင့်သက်သာရှိစေပြီး ပြည့်ဖြိုးလှပမှုကိုအထောက်အကူပြုသည်။အပြာရောင်သည် ကြာသပတေးဂြိုလ်(Jupiter)ကို ကိုယ်စားပြု၍ မဲနယ်ပြာသည် သောကြာဂြိုဟ်(Venus)ကို ကိုယ်စားပြုသည်။

 

အနီရောင်

------------

အနီရောင်သည် ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ပြတ်သားခြင်းစသည်တို့ကို ကိုယ်စားပြုသည်။ သွေး၏အရောင်ဖြစ်သည်။လူတို့ စိတ်ဆိုးဒေါသထွက်သောအခါ မျက်နှာနီလာသည်။ထို့ကြောင့် ဒေါသစိတ်ဆိုးခြင်း၏ သင်္ကေတဖြစ်သည်။ ရှင်သန်ခြင်း၊ တောက်လောင်ခြင်းနှင့် မီးကိုကိုယ်စားပြုသည်။ ထို့ပြင် ရန်လိုခြင်း၊ တောက်လောက်ခြင်းနှင့် လှုပ်ရှားသက်ဝင်ခြင်း၊ တိုက်ခိုက်ခြင်း၊ နွေးထွေးခြင်း၊ အောင်မြင်မှုအထိမ်းအမှတ် စသည်တို့ကိုလည်း ကိုယ်စားပြုဖော်ညွှန်းပါသည်။

 

လှုပ်ရှားတက်ကြွစေသော စွမ်းအားသဘာဝသည် အနီရောင်တွင် အဓိကပါဝင်နေသည်။ ထို့ကြောင့် နှလုံးခုန်၊ သွေးခုန်နှုန်းကိုမြန်စေသည်။အထူးသဖြင့် အစာခြေဖျက်နိုင်မှုနှင့် ဆာလောင်မွတ်သိပ်မှုတို့ကို အားပေးသည်။ စားသောက်ဆိုင်သုံး၊ အချည်ရည်(Sauce)များကို အနီရောင်အဖြစ် ထုတ်လုပ်မှုသည်လည်းကောင်း၊ စားသောက်ဆိုင်၊ စားပွဲသောက်ပွဲအခင်းအကျင်းများတွင် အနီရောင်စားပွဲခင်းများဖြင့် တည်ခင်းခြင်းသည်လည်းကောင်း၊ အနီရောင်၏စွမ်းအင်ကို လက်တွေ့အသုံးချခြင်းဖြစ်သည်။

 

အစားအသောက်ပျက်သူများ၊ အစာစားလိုစိတ်နည်းသူများအနေဖြင့် အနီရောင်အဝတ်အစားများကို ဝတ်ဆင်၍ အနီရောင်စားပွဲခင်းပေါ်တွင် ပြင်ဆင်စားသောက်ပါက စားကောင်းသောက်ကောင်း အစာချက်အား ကောင်းလာစေမည်ဖြစ်သော်လည်း သွေးတိုးရောဂါရှိသူများ၊ သွေးတိုးနေသူများအဖို့ ထိုအပြုအမူကို ရှောင်ရပေမည်။ အနီရောင်ကို အင်္ဂါဂြိုလ် (Mar)နှင့် ဆိုင်သော အရောင်အဖြစ်သတ်မှတ်ပါသည်။

 

အဝါရောင်

------------

အဝါရောင်သည် နေ၏အလင်းရောင်ဖြစ်၍ ထကြွလုံ့လရှိရန်နှင့် ဖြောင့်ဖတ်မှန်ကန်မှု၏ ပြယုဂ်အဖြစ် တိုက်တွန်းနှိုးဆော်မှုပြုတတ်သည်။ ကြောက်ရွံ့မှုတို့ကို ပြေပျောက်စေနိုင်ပြီး တက်ကြွပျော်ရွှင်မှုကို အားပေးသည်။လူစုလူဝေးကိုဖြစ်ပေါ်စေပြီး လူတို့၏ဆက်ဆံရေးကို အဆင်ပြေချောမွေ့စေသည့်အရောင်ဖြစ်ကြောင်း စိတ်ပညာရှင်တို့က ဖွင့်ဆိုကြသည်။

 

အဝါရောင်သည် နေကို ကိုယ်စားပြုပြီး ကျန်းမာသန်စွမ်းစွာဖြင့် ဖွံ့ဖြိုးရှင်သန်မှု၏ပုံသဏ္ဍာန်တစ်ရပ်ဖြစ်ပါသည်။ သို့သော်လည်း ဆန့်ကျင်ဘက် အဓိပါ္ပယ်သက်ရောက်မှုအနေဖြင့် သူရဲဘောကြောင်ခြင်း၊ ကြောက်ရွံ့ခြင်းကိုလည်း အဝါရောင်ဖြင့် ခိုင်းနှိုင်းတင်စားပြောဆိုလေ့ရှိကြသည်။

 

ထို့ကြောင့် အဝါရောင်သည် အသက်ရှင်သန်ကြီးထွားဖွံ့ဖြိုးခြင်း၏ အမှတ်သင်္ကေတသက်သက်သာမဟုတ်ဘဲ ရှင်သန်မှုပျက်စီးခြင်းကိုလည်း ဖော်ဆောင်ကြောင်းပြသပါသည်။ သစ်ရွက်များပျက်စီးသေဆုံးသောအခါ အဝါရောင်သို့ပြောင်းသွားသည်။လူများနေမကောင်းသည့်အခါ ပန်းနုရောင် အသားအရေတို့လျော့နည်းလာပြီး အဝါရောင်သို့ပြောင်းလဲသွားသည်။

 

ထို့ကြောင့် အဝါရောင်သည် ကျန်းမာခြင်းနေမင်းကိုသာ ကိုယ်စားမပြုဘဲ အခြားတစ်ဖက်တွင် နားမကျန်းဖြစ်ခြင်းနှင့်ပျက်စီးသေဆုံးခြင်းကိုလည်း ဖော်ပြပါသည်။ ရှေးအခါက ပင်လယ်ရေကြောင်း၌ သင်္ဘောတစ်စင်းပေါ်တွင် အဝါရောင်အလံလွှင့်တင်ထားပါက ယင်းသင်္ဘောတွင် ကူးစက်ရောဂါကျရောက်နေကြောင်းအချက်ပြခြင်းဖြစ်သည်။

 

စာနယ်ဇင်းများတွင် လူအများ သတိပြုထင်ရှားစေလိုသော သတင်းအမျိုးအစားများကို စပ်စုတတ်သူများအား လှုံ့ဆော်ဆွဲဆောင်နိုင်ရန် အဝါရောင်အောက်ခံပေါ်တွင် ပုံနှိပ်ဖော်ပြလေ့ရှိကြသည်။အထူးသဖြင့် စီးပွားရေးနှင့်ဆိုင်သော လုပ်ငန်းကြော်ငြာ၊ စာမျက်နှာများကို စက္ကူအဝါရောင်ပေါ်တွင် Yellowpage အဖြစ် ပုံနှိပ်ထုတ်ဝေလေ့ရှိကြသည်။ထို့ပြင် အဝါရောင်သည် မနာလိုစိတ်၊ သဝန်တိုစိတ်၊ သစ္စာမဲ့ခြင်း၊ လှည့်စားတတ်ခြင်း၊ သူရဲဘောနည်းခြင်းများကိုလည်း ဖော်ပြပါသည်။ အဝါရောင်ကို ဗုဒ္ဓ္ဓ္ဓ္ဓ္ဓဟူးဂြိုလ်(Mercury)၏ အရောင်အဖြစ်သတ်မှတ်ပါသည်။

 

လိမ္မော်ရောင်

---------------

လိမ္မော်ရောင်သည် သက်ဝင်လှုပ်ရှားမှုနှင့် ကောင်းချီးပေးမှုသဘောကို ဆောင်ပါသည်။ မာန်မာနကြီးခြင်း၊ ကြီးမားသော ရည်ရွယ်ချက်မှန်းချက်ရှိမှုနှင့် သက်ဆိုင်ပြီး ဆန္ဒ၏တွန်းအားကို ကိုယ်စားပြုသော
အရောင်ဖြစ်ကြောင်း စိတ်ပညာရှင်တို့က ဖွင့်ဆိုသည်။ လိမ္မော်ရောင်သည် တနင်္ဂနွေဂြိုလ်နေမင်းကို ကိုယ်စားပြုပါသည်။

 

ခရမ်းရောင်

-------------

 

ခရမ်းရောင် Purple သည် လုပ်ပိုင်ခွင့်နှင့် ရာထူး၏အမှတ်သင်္ကေတဖြစ်ပါသည်။ ခရမ်းရောင်ကို ရှေးခေတ်က Purple Fish ခေါ် ခရမ်းရောင်ငါးမှ ထုတ်ယူရရှိသည့်ဈေးကြီးသော ဆိုးဆေးမှရရှိသည်။ရောမအင်ပါယာကို အောင်နိုင်သူများနှင့် နောက်ပိုင်းတွင် ရာထူးအမြင့်ဆုံး ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများသည် ခရမ်းရောင်ဝတ်ရုံကြီးများကို ဝတ်ဆင်ကြသည်။ တက္ကသိုလ်တွင် ပါမောက္ခချုပ်ဘွဲ့ပေးအပ်နှံစဉ်က ဝတ်ဆင်သောအရောင်မှာလည်း ခရမ်းရောင်ကို သတိပြုမိသည်။

 

တော်ဝင်အရောင်ဖြစ်သော ခရမ်းရောင်သည် အရှေ့တိုင်းဒေသတွင် ဘုရင့်အင်ပါယာကို ကိုယ်စားပြုသုံးသည်။ ညဏ်ပညာပြည့်ဝခြင်းကို ကိုယ်စားပြုသကဲ့သို့ ဝမ်းနည်းကြေကွဲမှု သဘောကိုလည်း ဆောင်သည်။ဝမ်းနည်းကြေကွဲမှုသဘောကို ဆောင်ရခြင်းမှာ ရှေးဟောင်းအီဂျစ်တို့၏အယူအဆအရ သေပြီးနောက်ဘဝ၏ သင်္ကေတဖြစ်သော အနီရောင်နှင့် ထာဝရအဆုံးမရှိသော သဘောကိုဆောင်သည့်အပြာင်ရောင်ကို ရောနှောပေါင်းစပ်၍ ရရှိသော အရောင်ဖြစ်သောကြောင့်ဟု ဆိုပါသည်။

 

တနင်္လာဂြိုလ်ဖြစ်သော လမင်းကြီးနှင့် သက်ဆိုင်ကိုယ်စားပြုသော အရောင်ဖြစ်ပါသည်။ အနီနှင့်အပြာ ရောစပ်ရောမှရသောအရောင်ဖြစ်၍ အနီရောင်၏သဘောသဘာဝအစွမ်းသတ္တိများနှင့် အပြာရောင်၏သဘာသဘာဝအစွမ်းသတ္တိများပါဝင်ပေါင်းစပ်နေပါသည်။ မျှော်လင့်ချက် စိတ်ကူးအတွေးအိပ်မက်များကို ကိုယ်စားပြုဖော်ပြပါသည်။

 

အဖြူရောင်

-------------

အဖြူရောင် ကိုယ်စိတ် စင်ကြယ်ခြင်း၊ သန့်ရှင်းဖြူစင်ခြင်းသဘောကိုဆောင်သော်လည်း အရှေ့ဖျားဒေသ(တရုတ်၊ ဂျပန်၊ ကိုရီးယား)တို့တွင် ဝမ်းနည်းပူဆွေခြင်းသဘောကို ဆောင်ပါသည်။ထို့ပြင် အဖြူရောင်သည် လက်မြှောက်အရှုံးပေးခြင်း၊ အညံ့ခံခြင်းသဘောကိုလည်း ဆောင်ပါသည်။ အဘယ်ကြောင့်ဆိုသော် စစ်ပွဲတစ်ခုတွင် အဖြူရောင်အပိုင်းအစတစ်ခုကို တိုင်တွင်ချိတ်ဆွဲထားပါက အလှမ်းကွာဝေးသောနေရာမှပ် မြင်တွေ့နိုင်ပြီး အခြားမည်သည့်အလံအမျိုးအစားနှင့်မှ မှားယွင်းနိုင်ခြင်းမရှိပေ။

 

ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုရစေရန် လက်နက်ချ၊ အညံ့ခံသူအချို့အတွက် အလံဖြူသည် သူရဲဘောကြောင်ခြင်း၊ အညံ့ခံခြင်း၊အရှုံးပေးခြင်း အနက်အဓိပါ္ပယ်သဘောကိုဆောင်ပါသည်။ သို့သော်လည်း လူ၏စိတ်တွင် အဖြူရောင်ကို မြင်တွေ့ရခြင်းဖြင့် စိတ်သက်သာရာရစေမှု၊ ဝေဒနာခံစားနေရသူများအား ဝေဒနာမှလျော့ပါးစေမှု၊ ရောဂါသက်သာစေမှုကိုအထောက်အကူပြုပါသည်။

 

အထူးသဖြင့် ခေါင်းကိုက်ဝေဒနာများကို သက်သာပျောက်ကင်းစေမှုအတွက် များစွာအထောက်အကူပြုပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့်သက်ဆိုင်သော နေရာဌာနများတွင် နံရံအခင်းအကျင်း၊
လိုက်ကာခန်းဆီး၊ အိပ်ရာခင်းခေါင်းအုံးစွပ် ဝတ်စုံများတွင် အဖြူရောင်ကို အဓိကထားအသုံးပြုကြပါသည်။

 

အနက်ရောင်

---------------

အနက်ရောင်သည် အမုန်းတရားနှင့် ရန်ငြိုးဖွဲ့တတ်ခြင်းသဘောကိုဆောင်ပြီး မကောင်းသော နိမိတ်သဘောကို ဖော်ပြသည့်အရောင်ဖြစ်ပါသည်။ သို့သော်လည်း အခြားတစ်ဖက်တွင် တည်ကြည်ခံ့ညားမှုသဘော၊ လေးနက်မှုသဘော၊ ဖြောင့်မတ်မှုသဘောနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုသဘောများကို ဖော်ပြနေပါသည်။

 

Crd 


Myanmar Advertising Guide 

Read times
Rate this item
(1 Vote)