-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာစာနဲ့ နည်းပညာပေါင်းပြီး ဘယ်လိုအသုံးပြုမလဲ...?

မြန်မာစာနဲ့ နည်းပညာပေါင်းပြီး ဘယ်လိုအသုံးပြုမလဲ...? Google

မြန်မာစာကို နည်းပညာနဲ့ပေါင်းပြီး အသုံးပြုချင်သူတွေ၊ လေ့လာချင်သူတွေအတွက် Google OCR Workshop ပွဲကို ဧပြီလ ၉ ရက်နေ့ ညနေ ၆ ကနေ ညနေ ၈ အထိ Royal River View Condo (10 Floor ) မှာရှိတဲ့ ဖန်တီးရာမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ပုံနှိပ်ထားတဲ့ စာလုံးတွေ၊ scan ဖတ်ထားတဲ့ ရုပ်ပုံဖိုင်တွေ၊ ပြင်လို့မရအောင် flat လုပ်ထားတဲ့ pdf ဖိုင်တွေ၊ စတဲ့နေရာတွေကနေ ပြန်ပြင်လို့ရတဲ့ ကွန်ပျူတာစာသားတွေအဖြစ် ဆွဲထုတ်ယူလို့ရအောင် OCR ဆိုတဲ့ နည်းပညာကိုအသုံးပြုလို့ရပါတယ်။

Google ရဲ့ OCR application က အခုဆိုရင် မြန်မာစာတွေကိုလည်း ဆိုင်းဘုတ်တွေ၊ စာအုပ်တွေ၊ စာရွက်တွေ ထဲကနေ ဆွဲထုတ်လို့ရနေပါပြီ။ ဒါကြောင့် ဒီပွဲမှာ OCR တွေကို ဘယ်နေရာမှာ သုံးလို့ရလဲ ဆိုတာတွေကို Workshop ပုံစံနဲ့ ဦးဆောင်တဲ့သူတွေက အရင် ရှင်းပြကြမှာဖြစ်ပြီး ကိုယ်တိုင်လည်း စာအုပ်တစ်အုပ်ကို စမ်းသပ်ပြီး လက်တွေ့ ကွန်ပျူတာ ပေါ်တင်လို့ရတဲ့ စာသားအဖြစ်ပြောင်းလဲ လုပ်ယူရမှာလည်းဖြစ်ပါတယ်။

ကျောင်းတက်နေတဲ့ လူငယ်တွေအတွက် စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ဆိုရင်

အဲဒီ့အတွက် Laptop ကို ယူလာခဲ့မှ အဆင်ပြေမှာဖြစ်ပါတယ်။ သင်အနေနဲ့ မြန်မာစာပေကို စိတ်ပါဝင်စားသူတစ်ယောက် ဒါမှမဟုတ် နည်းပညာတွေကိုလည်း စိတ်ပါဝင်စားသူတစ်ယောက်ဆိုရင် ဖန်တီးရာမှ လုပ်မယ့် Google OCR Workshop မှာ လာရောက်လေ့လာမယ်ဆိုရင်တော့ သင်မသိသေးတဲ့ အကြောင်းအရာတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

Workshop ကို စိတ်ဝင်စားလို့ တက်ရောက်ချင်သူတွေအတွက် ဖုန်းနံပါတ် 09 260 072 463 နဲ့ http://bit.ly/WEM5-6 တို့ကို ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။

Source; Phandeeyar
Myanmar Advertising Directory

Read times
Rate this item
(1 Vote)