-->
×

Warning

JUser: :_load: Unable to load user with ID: 29


The Complete Guide to Facebook Advertising 2019

Facebook ေၾကာ္ျငာစနစ္ဟာ Facebook သုံးစြဲသူ တစ္ဦးခ်င္းစီရဲ႕ အခ်က္အလက္ေတြ စုေဆာင္း သိမ္းဆည္းထားတဲ့အေပၚမွာ ကစားထားတာ

ျဖစ္လို႔ အရင္တုန္းက ဘယ္တုန္းကမွ မရွိခဲ့ဖူးတဲ့ ေၾကာ္ျငာစနစ္ ျဖစ္တာမို႔ အျမစ္ကစလွန္ၿပီး ေတာ္လွန္ေျပာင္းလဲပစ္လိုက္တဲ့ အင္တာနက္ ေၾကာ္ျငာစနစ္ ျဖစ္ပါတယ္။ Facebook မွာ Facebook သုံးစြဲသူ တစ္ဦးခ်င္းစီရဲ႕ အခ်က္အလက္မ်ဳိးစုံ စုေဆာင္းထားတာမို႔ ေလဆာနဲ႔ ပစ္သလို ပစ္မွတ္ကို ဒုတ္ထိ တိတိက်က် ထိေအာင္ ပို႔လို႔ရတယ္။ မယုံႏိုင္စရာေကာင္းေအာင္ ပညာသား ပါတယ္။

Zawgyi+Uni

 

မ်က္ႏွာ ႏွစ္မ်ဳိး
=======
Facebook ဟာ သာမန္သုံးစြဲသူတြအတြက္ေတာ့ social media ျဖစ္ၿပီး ေၾကာ္ျငာမယ့္သူေတြ၊ ကိုယ့္၀က္ဘ္ဆိုက္ဆီ လူေတြလာေအာင္ Facebook ကေန ေခၚသြင္းမယ့္သူေတြအတြက္ေတာ့ Facebook ဟာ advertising platform အေကာင္းစားတစ္ခု ျဖစ္ပါတယ္။
အဲဒါေၾကာင့္လည္း Facebook ေၾကာ္ျငာအတြက္ သီးသန္႔တာ၀န္ယူၿပီး လုပ္ကိုင္ေပးတဲ့ ေၾကာ္ျငာ ေအဂ်င္စီေတြ ရွိေနၾကတာ ျဖစ္တယ္။ ဒါမ်ဳိးက အခုမွ ပထမဆုံး ၾကံဳဖူးတာ ဆိုသလို ျဖစ္ေနေစတယ္။

သက္ျပင္း မခ်လိုက္ပါနဲ႔။
===========
Facebook advertising ဟာ အရင္တုန္းက ရွိခဲ့ဖူးတဲ့ သမား႐ိုးက် ေၾကာ္ျငာမ်ဳိးေတြနဲ႔ မတူဘူး ဆိုတာ လူတိုင္းသိေပမဲ့ ဘယ္လိုေတြ ကြာျခားေနတာလည္း ဆိုတာကိုေတာ့ ေသေသခ်ာခ်ာ သိတဲ့သူ နည္းတယ္။ အဓိက ကြာျခားတာက ေၾကာ္ျငာရွင္တစ္ဦးက Facebook မွာ ေၾကာ္ျငာ တင္ေပးလိုက္႐ုံျဖင့္ ကိစၥ မၿပီးဘူး။ မထိေရာက္ဘူး။ Facebook က စီစဥ္ေပးထားတဲ့ဟာေတြကို ထိထိမိမိ၊ အမ်ဳိးစုံစုံျဖင့္ မသုံးစြဲဘဲ ေၾကာ္ျငာေပးလိုက္သလို ျဖစ္ေနလိမ့္မယ္။
ဆိုၾကပါစို႔။ သမား႐ိုးက် ေၾကာ္ျငာတစ္မ်ဳိး ျဖစ္တဲ့ ပုံႏွိပ္ေၾကာ္ျငာနဲ႔ ေၾကာ္ျငာမယ္ ဆိုပါစိ္ု႔။ ‘ဘာပဲ လိုလို’ ဆိုတဲ့ ရန္ကုန္လမ္းၫႊန္မွာ ေၾကာ္ျငာ ထည့္ထားလိုက္တယ္ဆိုရင္ ေၾကာ္ျငာရွင္အဖို႔ အလုပ္တစ္လုပ္ ၿပီးစီးသြားၿပီ။ တစ္ႏွစ္ပတ္လုံး ရန္ကုန္လမ္းၫႊန္ရဲ႕ ပုံႏွိပ္စာအုပ္နဲ႔ ၀က္ဘ္ဆိုက္တို႔မွာ ေဖာ္ျပေပးထားတဲ့ သူ႔ေၾကာ္ျငာကေနတစ္ဆင့္ သူ႔ဆီ customers ေတြ ေရာက္လာမွာကို ေစာင့္႐ုံပဲ။ တကယ္လို႔ သူက Facebook မွာ ေၾကာ္ျငာမယ္ဆိုရင္ေတာ့ ေစာင့္ၾကည့္ေပးဖို႔ လိုမယ္။ လိုအပ္ရင္ ရက္ထပ္တိုးၿပီး ေၾကာ္ျငာတာ၊ ေၾကာ္ျငာရပ္၀န္းေဒသကို ေျပာင္းလဲေပးတာ စသျဖင့္ ေျပာင္းသင့္တဲ့ အခ်က္ေတြကို ေျပာင္းေပးၿပီး ပစ္မွတ္ေတြကို လိုက္ခ်ိန္ ေပးၾကရတယ္။ ဒီေတာ့ သမား႐ိုးက် ေၾကာ္ျငာပုံနဲ႔ Facebook မွာ ေၾကာ္ျငာပုံ လုပ္နည္းကိုင္ဟန္ ကြာျခားတယ္။
ခုနက ေျပာသလို Facebook မွာ တင္ထားတဲ့ ေၾကာ္ျငာကို ကိုင္တြယ္ေပးေနဖို႔အတြက္ ဆိုရွယ္မီဒီယာကို တီးမိေခါက္မိ ျဖစ္ဖို႔ လိုတယ္။ လူေျပာသူေျပာမ်ားတဲ့ အမွားေတြကို အမွန္ထင္ၿပီး လိုက္မလုပ္မိဖို႔လည္း လိုတယ္။ နည္းပညာပိုင္း သေဘာေပါက္ဖို႔ လိုမယ္။
Facebook ဟာ အင္တာနက္ မဟုတ္ဘူး။ ၀က္ဘ္ဆိုက္တစ္ခုသာ ျဖစ္တယ္ဆိုတာကိုလည္း ရႈျမင္တတ္ဖို႔ လိုတယ္။ သူ႔မွာ ပါတဲ့ လုပ္ငန္းေဆာင္တာက႑ေတြအတြက္ အသုံးအႏႈန္းေတြကို သိထားဖို႔လည္း လိုတယ္။ Business Manager, Creator Studio, Ads Manager စတာေတြကိုလည္း သိထားဖို႔ လိုမယ္။ေလ့လာတတ္သိရမွာေတြက မ်ားတဲ့အျပင္ update ၀င္ၿပီး ေျပာင္းလဲေရြ႕လ်ားေနတာေတြလည္း ရွိေနတယ္။
သက္ျပင္း မခ်လိုက္ပါနဲ႔။ Facebook advertising ဟာ ေခါင္းကိုက္ေအာင္ ေခါင္းရႈပ္စရာ မဟုတ္ပါဘူး။ အခု တင္ျပသြားမယ့္ The Complete Guide to Facebook Advertising 2019 ေဆာင္းပါးစဥ္မွာ ေျပာျပေပးသြားတာေတြကို ဖတ္ရႈၿပီးသြားရင္ သင္ဟာ Facebook advertising ကို အေၾကာင္းသိ ခင္မင္ရင္းႏွီးသူတစ္ဦး ျဖစ္သြားမွာပါ။
အခု ေဖာ္ျပသြားမယ့္ အျခင္းအရာေတြက ၂၀၁၉ ခုႏွစ္ ဧၿပီလ၀န္းက်င္အထိ ေလ့လာထားတာေတြ ျဖစ္ပါတယ္။ Facebook က ေျပာင္းလဲေနတယ္။ အစဥ္ ေျပာင္းလဲေနတယ္။ ဒီေတာ့ အခုေဆာင္းပါးစဥ္မွာ ေဖာ္ျပေပးထားတာေတြကို သိထားရင္ အေျပာင္းအလဲေတြကို အမီလိုက္ႏိုင္မွာ ျဖစ္ပါတယ္။

ေဒတာ ေရာင္းစားတဲ့ ျပႆနာ

==========
Facebook သုံးစြဲသူရဲ႕ ေဒတာေတြကို Facebook က အၿမဲမျပတ္ ေစာင့္ၾကည့္ၿပီး စုေဆာင္ သိမ္းဆည္းေနတယ္။ Facebook မသုံးတဲ့အခ်ိန္ေတြမွာေတာင္ အင္တာနက္ တက္တိုင္း၊ ဖုန္းဆက္တာကအစ ေစာင့္ၾကည့္မွတ္သားေနတယ္။ ၿပီးေတာ့ Facebook သုံးစြဲသူရဲ႕ မိတ္ေဆြေတြ၊ ဖုန္းအဆက္အသြယ္ ရွိသူေတြ၊ မက္ေဆ့ပို႔ၿပီး ဆက္သြယ္မႈ ရွိတဲ့သူေတြကိုလည္း အခ်က္အလက္ေတြ ရယူေနတယ္။
Facebook ရဲ႕ ၀န္ေဆာင္မႈအခ်ဳိ႕ကို အခမဲ့ သုံးစြဲခြင့္ကို ဘီလ်ံခ်ီတဲ့ အေရအတြက္ ရွိတဲ့ သုံးစြဲသူေတြကို ေပးအပ္ေနၿပီး အဲဒီလူေတြရဲ႕ အခ်က္အလက္ေတြကို စုေဆာင္းထားၿပီး
အဲဒီလို စုေဆာင္းထားတဲ့ အခ်က္အလက္ေတြကို ျပန္ေရာင္းခ်ၿပီး ၀င္ေငြရွာတယ္။
ေရာင္းခ်တဲ့အတြက္ ျပႆနာေတြ တက္တယ္။ Cambridge Analytica ဟာ အထင္ရွားဆုံး ျပႆနာ ျဖစ္ခဲ့တယ္။
အဲဒီေနာက္ပိုင္းမွာ Facebook က အရင္လို ဆက္လုပ္ေနလို႔ မရေတာ့တာေၾကာင့္ ေျပာင္းလဲမႈေတြ အႀကီးအက်ယ္ လုပ္ရတယ္။ အဲဒါအျပင္ သူပိုင္ဆိုင္တဲ့ Instragram နဲ႔ Whatapp တို႔ကို Facebook နဲ႔ ေပါင္းစည္းပစ္မယ့္ ဦးတည္လမ္းေၾကာင္းအတိုင္း ေျပာင္းလဲမႈေတြကို လုပ္ကိုင္ေနတယ္။ ေၾကာ္ျငာကိစၥေတြကိုလည္း အဲဒီ ဦးတည္ခ်က္ လမ္းေၾကာင္းအရ၊ ေဒတာေရာင္းစားတာေၾကာင့္ တက္ရတဲ့ ျပႆာနာေတြအရ ေျပာင္းလဲမႈေတြ လုပ္ကိုင္ေနတယ္။ Facebook features တခ်ဳိ႕ကို ဒီဇိုင္း ေျပာင္းပစ္တယ္။
ဒီေတာ့ အခုေဆာင္းပါးစဥ္မွာ ေဖာ္ျပမယ့္ ပုံေတြဟာ တကယ့္လက္ေတြ႕မွာ ေျပာင္းလဲထားတာ ျဖစ္ေကာင္း ျဖစ္ေနႏိုင္တယ္။ ဒါေပမဲ့ တစိမ္းျပင္ျပင္ ျဖစ္မေနေအာင္ေတာ့ အေထာက္အကူ ေပးႏိုင္ပါတယ္။


FACEBOOK ADVERTISING ဆိုတာ ဘာလဲ။

===========
ကၽြန္ေတာ္တို႔ အရင္ဆုံး Facebook ေၾကာ္ျငာ ဘယ္အမ်ဳိးအစားမွာ ပါသလဲလို႔ ၾကည့္တဲ့အခါ FACEBOOK ADVERTISING ဟာ Digital Advertising ဆိုတဲ့ ႐ိုးရွင္းတဲ့ အေျဖကို ရတယ္။
က်င္လည္တဲ့ နယ္ပယ္အရ ၾကည့္ရင္ေတာ့ FACEBOOK ADVERTISING ဟာ social media advertising ျဖစ္တယ္ဆိုတဲ့ အေျဖကို ရတယ္။
ဒီေတာ့ FACEBOOK ADVERTISING ဟာ Digital နဲ႔ social media advertising အမ်ဳိးအစား ျဖစ္ပါတယ္။ ေၾကာ္ျငာေတြက အင္တာနက္ေပၚမွာ ရွိေနတာမို႔ Digital ျဖစ္ၿပီး Facebook က social media ၀က္ဘ္ဆိုက္ ျဖစ္ေနတာမို႔ social media ျဖစ္ပါတယ္။
အဲဒီလို သေဘာေပါက္ၿပီးရင္ ဂုဏ္သတိၱေတြကို ေလ့လာၾကည့္ၾကမယ္။
digital advertising ျဖစ္တဲ့အတြက္
● ပရိသတ္ပစ္မွတ္ေတြဆီကို ပိုင္းျခားကန္႔သတ္ၿပီး အေရာက္ပို႔လို႔ရတယ္။
● ကြန္ပ်ဴတာနဲ႔ မိုဘိုင္းဖုန္း ႏွစ္မ်ဳိးစလုံးဆီ က်ယ္က်ယ္ျပန္႔ျပန္႔ ျပသလို႔ ရတယ္။
● ေၾကာ္ျငာကို ျမင္တာေတြ႕တာ ကလစ္လုပ္တာ စတဲ့ အခ်က္အလက္ေတြကို ေန႔မျခားဘဲ သိလို႔ရတယ္။
social media advertising ျဖစ္တဲ့ Facebook ေၾကာ္ျငာဟာ
● ကုန္က်စရိတ္ အနည္းအက်ဥ္းျဖင့္ စတင္လို႔ ရတယ္။ ထိထိေရာက္ေရာက္ စီမံေပးႏိုင္ရင္ ေငြကုန္ရက်ဳိးနပ္ေစႏိုင္တယ္။
● Facebook လက္၀ယ္ ပိုင္ဆိုင္ထားတဲ့ Instagram, Messenger, WhatsApp တို႔မွာ ေၾကာ္ျငာေပးတယ္။ Facebook ရဲ႕ Audience Network ေၾကာ္ျငာအျဖစ္ ေၾကာ္ျငာေပးတယ္။

 

The Complete Guide to Facebook Advertising 2019

Facebook ကြော်ငြာစနစ်ဟာ Facebook သုံးစွဲသူ တစ်ဦးချင်းစီရဲ့ အချက်အလက်တွေ စုဆောင်း သိမ်းဆည်းထားတဲ့အပေါ်မှာ ကစားထားတာ ဖြစ်လို့ အရင်တုန်းက ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ကြော်ငြာစနစ် ဖြစ်တာမို့ အမြစ်ကစလှန်ပြီး တော်လှန်ပြောင်းလဲပစ်လိုက်တဲ့ အင်တာနက် ကြော်ငြာစနစ် ဖြစ်ပါတယ်။ Facebook မှာ Facebook သုံးစွဲသူ တစ်ဦးချင်းစီရဲ့ အချက်အလက်မျိုးစုံ စုဆောင်းထားတာမို့ လေဆာနဲ့ ပစ်သလို ပစ်မှတ်ကို ဒုတ်ထိ တိတိကျကျ ထိအောင် ပို့လို့ရတယ်။ မယုံနိုင်စရာကောင်းအောင် ပညာသား ပါတယ်။

မျက်နှာ နှစ်မျိုး
=======
Facebook ဟာ သာမန်သုံးစွဲသူတွအတွက်တော့ social media ဖြစ်ပြီး ကြော်ငြာမယ့်သူတွေ၊ ကိုယ့်ဝက်ဘ်ဆိုက်ဆီ လူတွေလာအောင် Facebook ကနေ ခေါ်သွင်းမယ့်သူတွေအတွက်တော့ Facebook ဟာ advertising platform အကောင်းစားတစ်ခု ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း Facebook ကြော်ငြာအတွက် သီးသန့်တာဝန်ယူပြီး လုပ်ကိုင်ပေးတဲ့ ကြော်ငြာ အေဂျင်စီတွေ ရှိနေကြတာ ဖြစ်တယ်။ ဒါမျိုးက အခုမှ ပထမဆုံး ကြုံဖူးတာ ဆိုသလို ဖြစ်နေစေတယ်။

သက်ပြင်း မချလိုက်ပါနဲ့။
===========
Facebook advertising ဟာ အရင်တုန်းက ရှိခဲ့ဖူးတဲ့ သမားရိုးကျ ကြော်ငြာမျိုးတွေနဲ့ မတူဘူး ဆိုတာ လူတိုင်းသိပေမဲ့ ဘယ်လိုတွေ ကွာခြားနေတာလည်း ဆိုတာကိုတော့ သေသေချာချာ သိတဲ့သူ နည်းတယ်။ အဓိက ကွာခြားတာက ကြော်ငြာရှင်တစ်ဦးက Facebook မှာ ကြော်ငြာ တင်ပေးလိုက်ရုံဖြင့် ကိစ္စ မပြီးဘူး။ မထိရောက်ဘူး။ Facebook က စီစဉ်ပေးထားတဲ့ဟာတွေကို ထိထိမိမိ၊ အမျိုးစုံစုံဖြင့် မသုံးစွဲဘဲ ကြော်ငြာပေးလိုက်သလို ဖြစ်နေလိမ့်မယ်။
ဆိုကြပါစို့။ သမားရိုးကျ ကြော်ငြာတစ်မျိုး ဖြစ်တဲ့ ပုံနှိပ်ကြော်ငြာနဲ့ ကြော်ငြာမယ် ဆိုပါစို့။ ‘ဘာပဲ လိုလို’ ဆိုတဲ့ ရန်ကုန်လမ်းညွှန်မှာ ကြော်ငြာ ထည့်ထားလိုက်တယ်ဆိုရင် ကြော်ငြာရှင်အဖို့ အလုပ်တစ်လုပ် ပြီးစီးသွားပြီ။ တစ်နှစ်ပတ်လုံး ရန်ကုန်လမ်းညွှန်ရဲ့ ပုံနှိပ်စာအုပ်နဲ့ ဝက်ဘ်ဆိုက်တို့မှာ ဖော်ပြပေးထားတဲ့ သူ့ကြော်ငြာကနေတစ်ဆင့် သူ့ဆီ customers တွေ ရောက်လာမှာကို စောင့်ရုံပဲ။ တကယ်လို့ သူက Facebook မှာ ကြော်ငြာမယ်ဆိုရင်တော့ စောင့်ကြည့်ပေးဖို့ လိုမယ်။ လိုအပ်ရင် ရက်ထပ်တိုးပြီး ကြော်ငြာတာ၊ ကြော်ငြာရပ်ဝန်းဒေသကို ပြောင်းလဲပေးတာ စသဖြင့် ပြောင်းသင့်တဲ့ အချက်တွေကို ပြောင်းပေးပြီး ပစ်မှတ်တွေကို လိုက်ချိန် ပေးကြရတယ်။ ဒီတော့ သမားရိုးကျ ကြော်ငြာပုံနဲ့ Facebook မှာ ကြော်ငြာပုံ လုပ်နည်းကိုင်ဟန် ကွာခြားတယ်။
ခုနက ပြောသလို Facebook မှာ တင်ထားတဲ့ ကြော်ငြာကို ကိုင်တွယ်ပေးနေဖို့အတွက် ဆိုရှယ်မီဒီယာကို တီးမိခေါက်မိ ဖြစ်ဖို့ လိုတယ်။ လူပြောသူပြောများတဲ့ အမှားတွေကို အမှန်ထင်ပြီး လိုက်မလုပ်မိဖို့လည်း လိုတယ်။ နည်းပညာပိုင်း သဘောပေါက်ဖို့ လိုမယ်။
Facebook ဟာ အင်တာနက် မဟုတ်ဘူး။ ဝက်ဘ်ဆိုက်တစ်ခုသာ ဖြစ်တယ်ဆိုတာကိုလည်း ရှုမြင်တတ်ဖို့ လိုတယ်။ သူ့မှာ ပါတဲ့ လုပ်ငန်းဆောင်တာကဏ္ဍတွေအတွက် အသုံးအနှုန်းတွေကို သိထားဖို့လည်း လိုတယ်။ Business Manager, Creator Studio, Ads Manager စတာတွေကိုလည်း သိထားဖို့ လိုမယ်။လေ့လာတတ်သိရမှာတွေက များတဲ့အပြင် update ဝင်ပြီး ပြောင်းလဲရွေ့လျားနေတာတွေလည်း ရှိနေတယ်။
သက်ပြင်း မချလိုက်ပါနဲ့။ Facebook advertising ဟာ ခေါင်းကိုက်အောင် ခေါင်းရှုပ်စရာ မဟုတ်ပါဘူး။ အခု တင်ပြသွားမယ့် The Complete Guide to Facebook Advertising 2019 ဆောင်းပါးစဉ်မှာ ပြောပြပေးသွားတာတွေကို ဖတ်ရှုပြီးသွားရင် သင်ဟာ Facebook advertising ကို အကြောင်းသိ ခင်မင်ရင်းနှီးသူတစ်ဦး ဖြစ်သွားမှာပါ။
အခု ဖော်ပြသွားမယ့် အခြင်းအရာတွေက ၂၀၁၉ ခုနှစ် ဧပြီလဝန်းကျင်အထိ လေ့လာထားတာတွေ ဖြစ်ပါတယ်။ Facebook က ပြောင်းလဲနေတယ်။ အစဉ် ပြောင်းလဲနေတယ်။ ဒီတော့ အခုဆောင်းပါးစဉ်မှာ ဖော်ပြပေးထားတာတွေကို သိထားရင် အပြောင်းအလဲတွေကို အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။

ဒေတာ ရောင်းစားတဲ့ ပြဿနာ
Facebook သုံးစွဲသူရဲ့ ဒေတာတွေကို Facebook က အမြဲမပြတ် စောင့်ကြည့်ပြီး စုဆောင် သိမ်းဆည်းနေတယ်။ Facebook မသုံးတဲ့အချိန်တွေမှာတောင် အင်တာနက် တက်တိုင်း၊ ဖုန်းဆက်တာကအစ စောင့်ကြည့်မှတ်သားနေတယ်။ ပြီးတော့ Facebook သုံးစွဲသူရဲ့ မိတ်ဆွေတွေ၊ ဖုန်းအဆက်အသွယ် ရှိသူတွေ၊ မက်ဆေ့ပို့ပြီး ဆက်သွယ်မှု ရှိတဲ့သူတွေကိုလည်း အချက်အလက်တွေ ရယူနေတယ်။
Facebook ရဲ့ ဝန်ဆောင်မှုအချို့ကို အခမဲ့ သုံးစွဲခွင့်ကို ဘီလျံချီတဲ့ အရေအတွက် ရှိတဲ့ သုံးစွဲသူတွေကို ပေးအပ်နေပြီး အဲဒီလူတွေရဲ့ အချက်အလက်တွေကို စုဆောင်းထားပြီး
အဲဒီလို စုဆောင်းထားတဲ့ အချက်အလက်တွေကို ပြန်ရောင်းချပြီး ဝင်ငွေရှာတယ်။
ရောင်းချတဲ့အတွက် ပြဿနာတွေ တက်တယ်။ Cambridge Analytica ဟာ အထင်ရှားဆုံး ပြဿနာ ဖြစ်ခဲ့တယ်။
အဲဒီနောက်ပိုင်းမှာ Facebook က အရင်လို ဆက်လုပ်နေလို့ မရတော့တာကြောင့် ပြောင်းလဲမှုတွေ အကြီးအကျယ် လုပ်ရတယ်။ အဲဒါအပြင် သူပိုင်ဆိုင်တဲ့ Instragram နဲ့ Whatapp တို့ကို Facebook နဲ့ ပေါင်းစည်းပစ်မယ့် ဦးတည်လမ်းကြောင်းအတိုင်း ပြောင်းလဲမှုတွေကို လုပ်ကိုင်နေတယ်။ ကြော်ငြာကိစ္စတွေကိုလည်း အဲဒီ ဦးတည်ချက် လမ်းကြောင်းအရ၊ ဒေတာရောင်းစားတာကြောင့် တက်ရတဲ့ ပြဿာနာတွေအရ ပြောင်းလဲမှုတွေ လုပ်ကိုင်နေတယ်။ Facebook features တချို့ကို ဒီဇိုင်း ပြောင်းပစ်တယ်။
ဒီတော့ အခုဆောင်းပါးစဉ်မှာ ဖော်ပြမယ့် ပုံတွေဟာ တကယ့်လက်တွေ့မှာ ပြောင်းလဲထားတာ ဖြစ်ကောင်း ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ တစိမ်းပြင်ပြင် ဖြစ်မနေအောင်တော့ အထောက်အကူ ပေးနိုင်ပါတယ်။


FACEBOOK ADVERTISING ဆိုတာ ဘာလဲ။
ကျွန်တော်တို့ အရင်ဆုံး Facebook ကြော်ငြာ ဘယ်အမျိုးအစားမှာ ပါသလဲလို့ ကြည့်တဲ့အခါ FACEBOOK ADVERTISING ဟာ Digital Advertising ဆိုတဲ့ ရိုးရှင်းတဲ့ အဖြေကို ရတယ်။
ကျင်လည်တဲ့ နယ်ပယ်အရ ကြည့်ရင်တော့ FACEBOOK ADVERTISING ဟာ social media advertising ဖြစ်တယ်ဆိုတဲ့ အဖြေကို ရတယ်။
ဒီတော့ FACEBOOK ADVERTISING ဟာ Digital နဲ့ social media advertising အမျိုးအစား ဖြစ်ပါတယ်။ ကြော်ငြာတွေက အင်တာနက်ပေါ်မှာ ရှိနေတာမို့ Digital ဖြစ်ပြီး Facebook က social media ဝက်ဘ်ဆိုက် ဖြစ်နေတာမို့ social media ဖြစ်ပါတယ်။
အဲဒီလို သဘောပေါက်ပြီးရင် ဂုဏ်သတ္တိတွေကို လေ့လာကြည့်ကြမယ်။
digital advertising ဖြစ်တဲ့အတွက်
● ပရိသတ်ပစ်မှတ်တွေဆီကို ပိုင်းခြားကန့်သတ်ပြီး အရောက်ပို့လို့ရတယ်။
● ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်း နှစ်မျိုးစလုံးဆီ ကျယ်ကျယ်ပြန့်ပြန့် ပြသလို့ ရတယ်။
● ကြော်ငြာကို မြင်တာတွေ့တာ ကလစ်လုပ်တာ စတဲ့ အချက်အလက်တွေကို နေ့မခြားဘဲ သိလို့ရတယ်။
social media advertising ဖြစ်တဲ့ Facebook ကြော်ငြာဟာ
● ကုန်ကျစရိတ် အနည်းအကျဉ်းဖြင့် စတင်လို့ ရတယ်။ ထိထိရောက်ရောက် စီမံပေးနိုင်ရင် ငွေကုန်ရကျိုးနပ်စေနိုင်တယ်။
● Facebook လက်ဝယ် ပိုင်ဆိုင်ထားတဲ့ Instagram, Messenger, WhatsApp တို့မှာ ကြော်ငြာပေးတယ်။ Facebook ရဲ့ Audience Network ကြော်ငြာအဖြစ် ကြော်ငြာပေးတယ်။

 

Read times
Rate this item
(2 votes)