-->
×

Warning

JUser: :_load: Unable to load user with ID: 29


မှားယွင်းနေတဲ့လုပ်ငန်းခွင်မှာရှိနေကြောင်း သိနိုင်သည့်အချက် ၃ ချက်

မှားယွင်းနေတဲ့လုပ်ငန်းခွင်မှာရှိနေကြောင်း သိနိုင်သည့်အချက် ၃ ချက် Getty Images

သင်အလုပ်မှာမပျော်ရွှင်ဘူးလား? အလုပ်လုပ်နေရတယ်ဆိုပေမယ့် စိတ်ဝင်စားမှုမရှိတော့ဘူးလား?

ယခုလို အချက်တွေ သင့်မှာရှိနေတယ်ဆိုရင်တော့ ယခု Myanmar Advertising Directory မှ ရေးသွားမယ့် အောက်ပါဆောင်းပါးကို ဖတ်ရှုလိုက်ပါ။

၁။ တနင်္လာနေ့တွေကို မုန်းတီးလာမယ်

လူတိုင်းဟာ တနင်္လာနေ့ကို အနည်းနှင့်အများတော့ မုန်းတီးတတ်ကြပါတယ်။ သို့ပေမယ့် သင့်အကြံဥာဏ်နှစ်သက်တဲ့အလုပ်မှာလုပ်ရရင်တော့ သင်ဟာ ပုံမှန်အနေအထားထက် ကျော်လွန်၍ မုန်းတီးနေပါလိမ့်မယ်။ တနင်္လာနေ့ရောက်တာနဲ့ လူဟာစိတ်ဓာတ်ကျကာ ထိုင်းမှိုင်းပြီး ဘာကိုမှ မလုပ်ချင်လောက်အောင် ဖြစ်နေပါလိမ့်မယ်။

၂။ အလုပ်မှရတဲ့ ပျော်ရွှင်မှုဆိုတာ မရှိတော့ခြင်း

စိတ်အားထက်သန်မှု၊ ပျော်ရွှင်မှုဆိုတာတွေက အလုပ်ခွင်မှာ အရေးအကြီးဆုံးအရာတွေပဲဖြစ်ပါတယ်။ ထိုအချက်တွေမရှိတော့တာနဲ့ တစ်ပြိုင်နက် သင်ဟာ စွမ်းဆောင်ရည်တွေပိုမိုကျဆင်းလာပြီး မည်သည့်အလုပ်ကို မဆို ပုံမှန်ခက်ခက်ခဲခဲပိုလုပ်ရပါလိမ့်မယ်။

၃။ စိတ်ပင်ပန်းခြင်းက သင့်ရဲ့ အလုပ်ဘ၀ဖြစ်လာပါလိမ့်မယ်

လူတိုင်းကတော့ နောက်တစ်နေ့ရဲ့အဆုံး ညနေရုံးဆင်းချိန်မှာ ပင်ပန်းနွမ်းနယ်ကြပါတယ်။ သို့ပေမယ့် သင်ဟာ မှားယွင်းနေတဲ့အလုပ်တစ်ခုမှာ အလုပ်လုပ်ရမယ်ဆိုရင် သင်ဟာ လုပ်ငန်းခွင်အစ မနက်ခင်းကတည်းက စိတ်ပင်ပန်းနွမ်းနယ်ပြီး မည်သည့်အလုပ်ကိုမှ မလုပ်ချင်ရအောင်ကို စိတ်ဓာတ်ကျနေပါလိမ့်မယ်။

Source: Inc. Southeast Asia

Read times
Rate this item
(0 votes)