-->
×

Warning

JUser: :_load: Unable to load user with ID: 29


မာပိုလို စျေးကွက် ပစ်မှတ် ရဲ့နောက်ကွယ်

ပြောရင် ယုံမှာမဟုတ်ပေမဲ့ တကယ့် မာပိုလို Brand ရဲ့ စစချင်း မှာ အမျိုးသမီးများကို အတည်ပြု စျေးကွက်ကို လျှောက်လှမ်းခဲ့တာဖြစ်ပြီး အဆိုပါ Brand ဟာ ပထမ စစချင်းမှာ အမျိုးသမီး စီးကရက် Brand အဖြစ်နာမည်ကြီးလာခဲ့တာပါ။

 

ဆယ်စုနှစ်တစ်ခု အကြာထိ မာပိုလို စီးကရက်ရဲ့ ကြော်ငြာတွေက အစွဲပြုခြင်းများစွာနဲ့ လူတွေစိတ်ထဲပူးတွဲမှတ်ယူမိထားပြီးနာမည်ကြီးပါတယ်။အဆိုပါကြော်ငြာတွေထဲကမှ Marlboro Man ဆိုတဲ့ နွားကျောင်းသားစတိုင်လ်ဝတ်စားထားပြီးမြင်းနဲ့ အမျိုးသားရဲ့ ကြော်ငြာတွေကတော့ ၂၀ ရာစုအတွက် အတော်လေးနာမည်ကြီးခဲ့ပါတယ်။အရမ်းနာမည်ကြီးလွန်းသွားတာကြောင့် အဆိုပါ ဇာတ်ကောင်က Seinfeld လိုရှိုးမျိုးနဲ့ Old Town Road သီချင်းမှာတောင် ဧည့်သည့်အဖြစ်ပါဝင်ထားတာတွေ့ရမှာပါ။

 

လူတွေအထင်မှာ မာပိုလို က လွတ်လပ်တဲ့ ဘ၀နေထိုင်မှုပုံစံတစ်ခုကို ပုံဖော်တယ်ထင်ရပေမယ့် ဒီကြော်ငြာ ရဲ့ နောက်ကွယ်က သမိုင်းကြောင်းက အတော်လေး ရုပ်ထွေးပါတယ်။မာပိုလိုဟာ ၁၉၂၄ မှာ အမျိုးသမီးသောက်တဲ့ စီးကရက် အဖြစ်ထုတ်လုပ်ခဲ့ပြီး ထိုအချိန်မှာ ဆေးလိပ်သောက်ခြင်းကို လူတွေကအထင်သေးကြပြီး အထူးသဖြင့်လူရိုသေ ရှင်ရိုသေရှိတဲ့ အမျိုးသမီးတွေ အပေါ်မှာပိုကြီးစိုးပါတယ်။သို့ပေမယ့်လည်း မာပိုလို အပါအဝင် ဆေးရွက်ကြီး လုပ်ငန်းစုများက မိန်းကလေး ဆေးလိပ်သောက်သူများကို စျေးကွက် တစ်ခုအနေနဲ့ ပစ်မှတ်ထားနိုင်ခဲ့ပါတယ်။

 

စတန်းဖိုဒ့် တက္ကသိုလ်ရဲ့ဆေးရွက်ကြီးကြော်ငြာများကို စစ်တမ်းကောက်လေ့လာသူ Robert Jackler ရဲ့ပြောကြားချက် အရ '' ဆေးရွက်ကြီး စီးပွားဖြစ်လုပ်တဲ့ နယ်ပယ်ရဲ့ စျေးကွက်ခန့်မှန်းမှုကရှင်းတယ် သူတို့ပစ္စည်းကို အသုံးမပြုတဲ့ လူတွေထဲက တစ်ဝက်က သူတို့ရဲ့ အသုံးပြုသူဖြစ်လာမယ်ဆိုပြီး ရည်ရွယ်ထားတယ်တဲ့ ၊ ဒါကြောင့် အမျိုးသမီးတွေကို လူလည်ခေါင်မှာ ဆေးလိပ်သောက်ရဲအောင် တိုက်တွန်းခဲ့ကြတာပါတဲ့ ''

 

၁၉၃၀ မရောက်ခင်လောက်မှာ အမျိုးသမီးဝါဒီတွေကြီးစိုးချိန် မိန်းကလေးတွေ ယောက်ျားလေးတွေနဲ့တန်းတူ ဆေးလိပ်သောက်ကြောင့် လွယ်ကူစွာသောက်လို့ရနိုင်လာတယ်။သို့ပေမယ့် မာပိုလို စီးကရက်တွေကတော့ အမျိုးသမီးကိုယ်စားပြုကြော်ငြာ လို့စျေးကွက်ရမလား ၊ အမျိုးသားကိုယ်စားပြုကြော်ငြာ လို့စျေးကွက်ရနိုင်မလားမသိသေးပါဘူး။အမျိုးသမီးတွေဟာ သူတို့ အမျိုးသားတွေရဲ့ စီးကရက်တွေကို ယူပြီး သောက်တာမျိုးတော့ရှိနေပါပြီ။

 

အခုမာပိုလိုရဲ့ကြော်ငြာ တွေကို ကြည့်မယ်ဆိုရင် ဒါဟာ နှစ်တစ်ရာနီးပါးရှိနေပါပြီ ။၁၉၀၄ ခုနှစ်တုန်းကဆို နယူးယော့မြို့ပေါ်မှာ အမျိုးသမီးတစ်ယောက်သူ့ကလေးရှေ့မှာဆေးလိပ်သောက်ရင် ရက် ၃၀ ကျော်ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး နောက်အမျိုးသမီးတစ်ယောက်ဟာနယူးယောက်မြို့လူမြင်ကွင်းပေါ်မှာဆေးလိပ်သောက်လို့ ဖမ်းခံခဲ့ရပါတယ်။

 

၁၉၂၁ ရဲ့ ဝါရှင်တန်မြို့မှာ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေကိုဒဏ်ရိုက်ပြီး အိမ်မှာပဲသောက်ကြဖို့အမိန့်ထုတ်ထားခဲ့တယ်လို့ သိရပါတယ်။၂၀ ရာစုခေတ်မတိုင်ခင်ထိ အမျိုးသမီးတွေက လူပုံအလယ်မှာဆေးလိပ်သောက်ဖို့ကြောက်ရွံနေကြပြီး ယဉ်ကျေးတဲ့ အမေရိကန် အသိုင်းအဝိုင်းတွေမှာဆို အမျိုးသမီးတွေဟာ လုံး၀လူလယ်ခေါင် ဆေးလိပ်မသောက်ကြပါဘူးတဲ့။

 

ထိုအချိန်မှာ မာပိုလိုက ကြော်ငြာ တွေက အမျိုးသမီးတွေဆေးလိပ်သောက်ခွင့်ရစေဖို့ကူညီပေးခဲ့ပါတယ်။ သူတို့ပြောခဲ့တာကတော့ '' ဆေးလိပ်သောက်ခြင်းကြောင့်အခြားအမျိုးသမီးများနဲ့မတူတစ်မှုထူးခြားနေစေပါတယ် '' ဆိုကာကြော်ငြာ Campaign လုပ်ခဲ့ပြန်ပါတယ်။

 

ထို့အပြင် မာပိုလို အနေနဲ့ Mild as May ( မေ လိုပဲ ပျော့ပြောင်းတယ် ) ဆိုကာ သူ့ဆေးလိပ်ရဲ့ အရသာပေါ်လွင်စေတဲ့ ဆောင်ပုဒ်တစ်ခုနဲ့ ကြော်ငြာ Campaign တစ်ခု ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။အဆိုပါကြော်ငြာ Campaign များတွင် ပါဝင်သော အမျိုးသမီးတွေက အမြဲနှုတ်ခမ်းနီကို ရဲနေအောင်ဆိုးထားပြီး ၊ မျက်တောင် အရှည် ကော့နေပြီး ဆံပင်အုံထူထူရှိပါတယ်။

 

ထို့အပြင် သူတို့ရဲက စီးကရက်ဖြစ်တဲ့ မာပိုလိုကို လက်နှစ်ဖက်ကြားထဲမှာ ညှပ်ထားတယ်သိရပါတယ်။ထို့အပြင် မာပိုလို ဟာ ကားအကောင်းကြီးတွေစီးရင်သောက်စေဖို့ အဆောင်အယောင်အဖြစ်ကြော်ငြာ ခဲ့သလို မင်္ဂလာဆောင်အတွက်လည်း ကြော်ငြာ ခဲ့ပါသေးတယ်။

 

ထို့အပြင်မာပိုလိုဟာ ချောဆီမပေနိုင်တဲ့ ဖင်စီခံနဲ့ အမျိုးသမီးတွေ နှုတ်ခမ်းနီ မပေအောင်ထုတ်လုပ်ပေးထားတာပါ။ထို့အပြင် ဖင်စီခံ ကို အမျိုးသမီးတွေ နှုတ်ခမ်းနီမပေမှန်းသိသာအောင် အနီရောင်နဲ့လည်းထုတ်ပြီး အမျိုးသမီးစျေးကွက်ကို ထိုးဖောက်ခဲ့ပါတယ်။

 

Marlboro Mild as May (1935)

 

Ref : Business Insider 

Read times
Rate this item
(1 Vote)