-->
×

Warning

JUser: :_load: Unable to load user with ID: 29


McDonald ရဲ႕ ခရစ္စမတ္ ေၾကာ္ျငာ Campaign

McDonald ရဲ႕ ခရစ္စမတ္ ေၾကာ္ျငာ Campaign The Drum

ဒီတစ္ခါမွာေတာ့ McDonald ဟာ Christmas Campaign ကိုအမ်ားႏွင့္ မတူေအာင္ Animation ႏွင့္ လူသရုပ္ေဆာင္မ်ားေပါင္းစပ္ကာ ၎တို႕ရဲ႕ Mc Nuggets ကိုေၾကာ္ျငာထားပါတယ္။

Mc Nuggets ဆိုတာ ကေလးၾကိဳက္စားစရာ ျဖစ္တဲ့ အေလ်ွာက္ ေၾကာ္ျငာေလးကို ကေလးမ်ားအၾကိဳက္ဦးစားေပး ဖန္တီးထားတာေတြ႔ရပါတယ္။

Chicken McNuggets ဆိုတာ ၾကက္သား ကို အသားၾကည့္ ေၾကာ္ထားကာ , ၾကြပ္ၾကြပ္ရြရြေလးမို႔ ကေလးမ်ားႏွင့္ လိုက္ဖက္ေသာ အစာတစ္ခုပါ။

ႏိုင္ငံတကာရဲ႕ နာမည္ၾကီး Brand ေတြရဲ႕ ခရစ္စမတ္ ေၾကာ္ျငာ Campaign ေတြကို ႏိုဝင္ဘာလ ကတည္းက စတင္ျပီး ခရစ္စမတ္ မတိုင္ခင္ လူအမ်ား ခရစ္စမတ္ ကို အမွတ္တရ

ရွိေနေအာင္ လို႔ Remind ျပန္လုပ္ေနပံုပါပဲ။

 

ထိုင္းႏိုင္ငံ၏ေၾကာ္ျငာပိုင္းဆိုင္ရာ ဂုဏ္ျပဳဆု ၄ ဆုရရွိေသာ McDonald

 


ယခု McDonald မွ 2019 ခရစ္စမတ္ ေၾကာ္ျငာေလးကို 'Archie the Reindeer' လုိ႕ နာမည္ေပးထားျပီး ကေလးမေလး Ellie ႏွင့္ သူ႕စိတ္ကူးယဥ္ သူငယ္ခ်င္းျဖစ္သူ သမင္ေလး အေၾကာင္းကိုရိုက္ ျပထားတာပါ။

ပထမဦးစြာ Ellie ေလးမွာ သူ႕ရဲ႕ အမ ျဖစ္သူ Jenny ႏွင့္ အတူ သမင္လုပ္တိုင္းတူတူကစားရန္သြားေခၚခဲ႔ ပါသည္။ဆယ္ေက်ာ္သက္ျဖစ္သူ Jenny ဟာ Ellie ေလးကို မကစားနိုင္ဘူးဆိုကာ ေမာင္းထုတ္ခဲ့ပါသည္။

Ellie ေလးဟာ စိတ္မေကာင္းျဖစ္စြာနဲ႔ အိမ္ျပင္ထြက္ထိုင္ေနစဥ္သူမရဲ႕ ခရစ္စမတ္သမင္ေလး ေရာက္ လာခဲ႔ပါေတာ့သည္။Ellie ေလးဟာ အရမ္းေပ်ာ္ခဲ့ ျပီး သမင္ေလးနဲ႔ အျမဲအတူတူေပါ့။

mcdonald's reindeer treats ကုန္ေတာ႔ သူမရဲ႕ ဒယ္ဒီကို mcdonald's reindeer treats ပူဆာသတဲ့။Reindeer treats ဆိုတာ ကေတာ့ ကေလးမ်ားအၾကိဳက္ အရသာ သြင္းထားတဲ့ မုန္လာဥ အခ်ိဳထုတ္ေလးေတြပါ။

 

 

carrots-2-1064.jpg

 

 

 

ကေလးမေလး Ellie ဟာ သ႔ူရဲ႕ ဒယ္ဒီ ႏွင့္အတူ Mc Donald သို႔သြားရန္ ျပင္ဆင္ေသာအခါ ကေလးမေလး ရဲ႕ အမျဖစ္သူ Jenny ပါလိုက္လာခဲ႔ပါတယ္။

McDonald ဆိုင္သို႔ေရာက္ေသာအခါ Jenny ဟာ ခရစ္စမတ္ သမင္ သူပါ လုပ္မည္ဟု ဆိုကာ ေျပာခ်ိန္ Animation မွ ေရႊမႈန္ေလးမ်ားထြက္ကာ လူသရုပ္ေဆာင္မ်ား ထြက္လာခဲ့ပါတယ္။

တကယ္ေတာ့ Ellie ေလးရဲ႕ Archie ဆိုတဲ့ ခရစ္စမတ္ သမင္ေလးဟာ သူတို႕ရဲ႕ အိမ္ေမြးေခြးေလးပါ။ဒီေၾကာ္ျငာေလးမွာ McDonald မွ စာတန္းထိုးခဲ့တာက Chicken McNuggets ေတြ ၁၁ နာရီ ေက်ာ္တာနဲ႔ ရပါျပီတဲ့။

 

ထိုင်းနိုင်ငံ၏ကြော်ငြာပိုင်းဆိုင်ရာ ဂုဏ်ပြုဆု ၄ ဆုရရှိသော McDonald

 


McDonald ရဲ႕ အိုင္ယာလန္ ႏွင့္ အဂၤလန္ အပိုင္ ေစ်းကြက္ အေရာင္းျမွင့္တင္ေရး ဒါရိုက္တာျဖစ္သူ Ben Fox ရဲ႕ ေျပာၾကားခ်က္အရေတာ့ ကြ်န္ေတာ္တို႕ အေနနဲ႔ယခုလို McDonald ရဲ႕ ' Reindeer Ready ' ရုပ္ျပေလးနဲ႔

ကို အသိေပးရတာ ဝမ္းသာလွပါျပီ၊ခရစ္စမတ္မွာ မိသားစုတိုုင္းကလည္းအခုလိုေပ်ာ္ရႊင္ၾကပါေစ ဆိုကာ ေၿပာၾကားခဲ့ပါတယ္။ထို႔ျပင္ creative director Chaka Sobhani ရဲ႕ ေျပာၾကားခ်က္ကေတာ့ ဒီ McDonald ရဲ႕ ေၾကာ္ျငာ

Campaign ေလးက ကေလးတစ္ေယာက္ရဲ႕ ဥာဏ္ကြန္႔မူ႕ကို ျပသထားတာပါ ဒါကိုပဲ ကေလးမေလးတစ္ေယာက္နဲ႕သူ႕အခ်စ္ေတာ္ေလးကို ဇာတ္ေကာင္ထားျပီးရိုက္ျပထားတာလို႕ေၿပာၾကားထားပါတယ္။

ဒီ ေၾကာ္ျငာေလးကို ႏိုဝင္ဘာ ၁၇ ရက္ေန႕မွာ ရုပ္သံက စတင္ျပသမယ္သိရပါတယ္။

 

Unicode >>>

 

ဒီတစ်ခါမှာတော့ McDonald ဟာ Christmas Campaign ကိုအများနှင့် မတူအောင် Animation နှင့် လူသရုပ်ဆောင်များပေါင်းစပ်ကာ ၎င်းတို့ရဲ့ Mc Nuggets ကိုကြော်ငြာထားပါတယ်။

Mc Nuggets ဆိုတာ ကလေးကြိုက်စားစရာ ဖြစ်တဲ့ အလျှောက် ကြော်ငြာလေးကို ကလေးများအကြိုက်ဦးစားပေး ဖန်တီးထားတာတွေ့ရပါတယ်။

Chicken McNuggets ဆိုတာ ကြက်သား ကို အသားကြည့် ကြော်ထားကာ , ကြွပ်ကြွပ်ရွရွလေးမို့ ကလေးများနှင့် လိုက်ဖက်သော အစာတစ်ခုပါ။

နိုင်ငံတကာရဲ့ နာမည်ကြီး Brand တွေရဲ့ ခရစ်စမတ် ကြော်ငြာ Campaign တွေကို နိုဝင်ဘာလ ကတည်းက စတင်ပြီး ခရစ်စမတ် မတိုင်ခင် လူအများ ခရစ်စမတ် ကို အမှတ်တရ

ရှိနေအောင် လို့ Remind ပြန်လုပ်နေပုံပါပဲ။


ယခု McDonald မှ 2019 ခရစ်စမတ် ကြော်ငြာလေးကို 'Archie the Reindeer' လို့ နာမည်ပေးထားပြီး ကလေးမလေး Ellie နှင့် သူ့စိတ်ကူးယဉ် သူငယ်ချင်းဖြစ်သူ သမင်လေး အကြောင်းကိုရိုက် ပြထားတာပါ။

ပထမဦးစွာ Ellie လေးမှာ သူ့ရဲ့ အမ ဖြစ်သူ Jenny နှင့် အတူ သမင်လုပ်တိုင်းတူတူကစားရန်သွားခေါ်ခဲ့ ပါသည်။ဆယ်ကျော်သက်ဖြစ်သူ Jenny ဟာ Ellie လေးကို မကစားနိုင်ဘူးဆိုကာ မောင်းထုတ်ခဲ့ပါသည်။

Ellie လေးဟာ စိတ်မကောင်းဖြစ်စွာနဲ့ အိမ်ပြင်ထွက်ထိုင်နေစဉ်သူမရဲ့ ခရစ်စမတ်သမင်လေး ရောက် လာခဲ့ပါတော့သည်။Ellie လေးဟာ အရမ်းပျော်ခဲ့ ပြီး သမင်လေးနဲ့ အမြဲအတူတူပေါ့။

mcdonald's reindeer treats ကုန်တော့ သူမရဲ့ ဒယ်ဒီကို mcdonald's reindeer treats ပူဆာသတဲ့။Reindeer treats ဆိုတာ ကတော့ ကလေးများအကြိုက် အရသာ သွင်းထားတဲ့ မုန်လာဥ အချိုထုတ်လေးတွေပါ။

 

 

carrots-2-1064.jpg

 

 

 

ကလေးမလေး Ellie ဟာ သ့ူရဲ့ ဒယ်ဒီ နှင့်အတူ Mc Donald သို့သွားရန် ပြင်ဆင်သောအခါ ကလေးမလေး ရဲ့ အမဖြစ်သူ Jenny ပါလိုက်လာခဲ့ပါတယ်။

McDonald ဆိုင်သို့ရောက်သောအခါ Jenny ဟာ ခရစ်စမတ် သမင် သူပါ လုပ်မည်ဟု ဆိုကာ ပြောချိန် Animation မှ ရွှေမှုန်လေးများထွက်ကာ လူသရုပ်ဆောင်များ ထွက်လာခဲ့ပါတယ်။

တကယ်တော့ Ellie လေးရဲ့ Archie ဆိုတဲ့ ခရစ်စမတ် သမင်လေးဟာ သူတို့ရဲ့ အိမ်မွေးခွေးလေးပါ။ဒီကြော်ငြာလေးမှာ McDonald မှ စာတန်းထိုးခဲ့တာက Chicken McNuggets တွေ ၁၁ နာရီ ကျော်တာနဲ့ ရပါပြီတဲ့။


McDonald ရဲ့ အိုင်ယာလန် နှင့် အင်္ဂလန် အပိုင် ဈေးကွက် အရောင်းမြှင့်တင်ရေး ဒါရိုက်တာဖြစ်သူ Ben Fox ရဲ့ ပြောကြားချက်အရတော့ ကျွန်တော်တို့ အနေနဲ့ယခုလို McDonald ရဲ့ ' Reindeer Ready ' ရုပ်ပြလေးနဲ့

ကို အသိပေးရတာ ဝမ်းသာလှပါပြီ၊ခရစ်စမတ်မှာ မိသားစုတိုင်းကလည်းအခုလိုပျော်ရွှင်ကြပါစေ ဆိုကာ ပြောကြားခဲ့ပါတယ်။ထို့ပြင် creative director Chaka Sobhani ရဲ့ ပြောကြားချက်ကတော့ ဒီ McDonald ရဲ့ ကြော်ငြာ

Campaign လေးက ကလေးတစ်ယောက်ရဲ့ ဉာဏ်ကွန့်မူ့ကို ပြသထားတာပါ ဒါကိုပဲ ကလေးမလေးတစ်ယောက်နဲ့သူ့အချစ်တော်လေးကို ဇာတ်ကောင်ထားပြီးရိုက်ပြထားတာလို့ပြောကြားထားပါတယ်။

ဒီ ကြော်ငြာလေးကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ ရုပ်သံက စတင်ပြသမယ်သိရပါတယ်။

 

Myanmar Advertising Directory 

 

Source from The Drum

 

Read times
Rate this item
(0 votes)