-->
×

Warning

JUser: :_load: Unable to load user with ID: 29


Customer တွေရဲ့ ယုံကြည်မှုရရှိအောင် ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ

Customer တွေရဲ့ ယုံကြည်မှုရရှိအောင် ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ google

စီးပွားရေးလုပ်ငန်း တွေဟာ အချင်းချင်းပြိုင်ဆိုင်မှုတွေများပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ customer အသစ်ရဖို့ တစ်ခုထဲ အာရုံစိုက်မနေပဲ ရှိပြီးသား

customer တွေ ကိုယ့်ဆီမှာ မြဲနေဖို့ တစ်နည်းနည်းနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

Customer တွေရဲ့ အချက်အလက်တွေက မိမိလုပ်ငန်းအတွက် အဖိုးတန်ပါတယ်။ Customer တစ်ယောက်ရလာတာနဲ့ သူ့ရဲ့အချက်အလက်တွေကို စုံနိုင်သမျှစုံအောင် တောင်းယူထားပါ။ ဒီအချက်အလက်တွေက customer တွေနဲ့ အမြဲအဆက်အသွယ်ရဖို့ ဖြစ်ပြီး၊ သူတို့တွေကို မိမိရဲ့အမာခံဖောက်သည်တွေဖြစ်လာဖို့ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

 

Customer တွေမြဲဖို့အတွက် အစီအစဉ်တွေလည်း ချမှတ်ထားရမှာ ဖြစ်ပါတယ်။ ဒါတွေကို customer retention strategy (CRS) လို့ခေါ်ပါတယ်။ Customer တွေမြဲဖို့ ကြံဆတဲ့နေရာမှာ ကိုယ့်ပြိုင်ဖက်တွေကရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေအခွင့်ထူးပေးနေလဲ။ ကိုယ်ကသူတို့ထက်သာအောင် ဖောက်သည်တွေ ပိုသဘောကျအောင် ဘာတွေလုပ်ပေးနိုင်သလဲဆိုတာ ကြည့်ပါ။

 

Customer တွေနဲ့ အမြဲတမ်းအဆက်အသွယ် မပြတ်အောင် အမျိုးမျိုးတွေးတောကြံဆပါ။ လုပ်ငန်းထဲမှာ customer တွေနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ အဖွဲ့သားတွေဆီက အကြံဉာဏ်တွေကို တောင်းယူပါ။ သူတို့တွေက customer တွေနဲ့ အမြဲတိုက်ရိုက်ထိတွေ့နေရတာကြောင့် ကိုယ့်ထက် အကြံကောင်းတွေ ပေးနိုင်ပါတယ်။

 

တချို့စီးပွားရေးလုပ်ငန်းတွေ ဆိုရင် Customer တွေဆီတကူးတက ဖုန်းဆက်ပြီး ၀ယ်ယူထားတဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ရယူထားတဲ့ ၀န်ဆောင်မှု အဆင်ပြေမပြေ မေးမြန်းတာမျိုး၊ နှစ်သစ်ဆုတောင်းနဲ့ နေ့ထူးနေ့မြတ်တွေမှာ ဆုတောင်းစာပို့တာမျိုး၊ ပစ္စည်းအသစ်တွေ ၀န်ဆောင်မှု အသစ်တွေ ထွက်တဲ့အခါ အီးလ်မေးပို့ပြီး မိတ်ဆက်ပြောပြတာမျိုး၊ ပရိုမိုးရှင်းအသစ်တွေ ရှိတဲ့အခါ sodia media ကနေ ပြောတာမျိုး စတာတွေ လုပ်လေ့ရှိပါတယ်။

 

ဒီလိုလုပ်ခြင်းအားဖြင့် သင်နဲ့သင့်ရဲ့ customer တွေကြားမှာ ခိုင်မာတဲ့ relationship တစ်ခုတည်ဆောက်နိုင်မှာ ဖြစ်ပြီးသင့်ရဲ့စီးပွားရေးကို ပိုပြီးယုံကြည်မှု ရရှိစေနိုင်ပါတယ်။

 

Source; Myanmar Online Entrepreneur - MOE

Myanmar Advertising Directory


Read More... ကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခုရဲ့ ပုံရိပ် အရေးကြီးပုံ

Read times
Rate this item
(1 Vote)