Facebook က သူ့ရဲ့လူမှုကွန်ရက်ဖြင့် တစ်ကမ္ဘာလုံးမှလူသားများဆက်သွယ်နိုင်မယ့် နည်းပညာအသစ်အဆန်းများကို တီထွင်ပေးနေပါတယ်။
ဒါ့အပြင် Facebook က Virtual Reality Headset များနဲ့ Augmented Reality Headset တွေကိုလည်း ဖန်တီးနေပါတယ်။ Facebook က လူရဲ့ စိတ်ကိုဖတ်နိုင်တဲ့ကိရိယာတစ်ခုကို ဖန်တီးနေတာအတော်ကြာပါပြီ။ အခုတော့ အဲဒီနည်းပညာဟာ အတော်ခရီးရောက်နေပြီလို့ ထင်ရပါတယ်။
Facebook က လူရဲ့စိတ်ကိုဖတ်နိုင်တဲ့နည်းပညာကို ဖန်တီးဖို့အတွက် ကယ်လီဖိုးနီးယားတက္ကသိုလ်ကို ငွေကြေးထောက်ပံ့ထားပါတယ်။ အဲဒီ တက္ကသိုလ်ကပညာရှင်တွေက လူ့ရဲ့စိတ်ကနေပြောလိုက်တဲ့ စကားလုံးနဲ့စကားစု အနည်းငယ်ကို ကွန်ပြူတာနားလည်တဲ့ ဘာသာစကားအဖြစ် ပြောင်းလဲပြနိုင်ပြီဆိုတာကို ရေးသားထုတ်ပြန်လိုက်ပါတယ်။ အဲဒီအတွက် Facebook ရဲ့ စိတ်ကနေစမတ်ဖုန်းမှာစာရိုက်နိုင်မယ့် နည်းပညာဟာ တကယ်ဖြစ်လာဖို့ နီးစပ်လာပါပြီ။
ဒီနည်းပညာကို Brain Computer Interface လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် လူ့ဦးနှောက်နဲ့ကွန်ပြူတာတို့ ဆက်သွယ်နိုင်မယ့်နည်းပညာ ဖြစ်ပါတယ်။ Mark Zuckerberg က ၂၀၁၆ ခုနှစ်ကတည်းက အဲဒီနည်းပညာ ထုတ်ကုန်ကို အရိပ်အမြွက်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူက စိတ်ကူးအတွေးတစ်ခုကို သူငယ်ချင်းများနဲ့ မျှဝေနိုင်မယ်လို့ ပြောခဲ့ဖူးပါတယ်။ စိတ်ကူးအတွေးတွေကို Facebook မှာ မျှဝေနိုင်မယ့်ထုတ်ကုန်ကို မြင်တွေ့ရဖို့အတွက် ရင်ခုန်စောင့်စားရဦးမှာ ဖြစ်ပါတယ်။
Read More>>>မြန်မာပြည်အောက်ပိုင်းမှာရှိတဲ့ ပုဂ္ဂလိကပိုင်မီဒီယာများ
Credit ; Digital Times