-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကုန်ပစ္စည်းကို အမှန်ကန်ဆုံး ဈေးနှုန်းသတ်မှတ်နိုင်မယ့် နည်းလမ်းများ

သင့်ကုန်ပစ္စည်းကို အမှန်ကန်ဆုံး ဈေးနှုန်းသတ်မှတ်နိုင်မယ့် နည်းလမ်းများ google

ဈေးသတ်မှတ်တယ်ဆိုတဲ့ နေရာမှာ သင့်အတွက် အမြတ်ရတာကိုပြောတာမဟုတ်ပါဘူး။

Customer ရဲ့စိတ်ထဲမှာ ဒီပစ္စည်းကို ဈေးတန်တယ်လို့ထင်အောင်၊ ဈေးနှုန်းကို ကြည့်ပြီးပိုဝယ်ချင်လာအောင် ဆွဲဆောင်ဖို့အတွက် အချက်၂ချက်ကို နှိုင်းယဉ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဈေးနှုန်းမှာ ဒဿမကိန်းတွေပါနေတဲ့ ပစ္စည်းတွေအပေါ် ဝယ်သူတွေကို ပိုပြီးတော့ စိတ်ချယုံကြည် တတ်ကြတယ်ဆိုတာကို တွေ့ရပါတယ်။ ဆိုင်တစ်ဆိုင်က ပစ္စည်းတစ်ခုကို ဒေါ်လာ ၅၀၀ နဲ့ရောင်းချနေချိန် အခြားဆိုင်တစ်ဆိုင်မှာတော့ ဒီပစ္စည်းကိုပဲ ၄၉၉ ဒေါ်လာ ဒါမှမဟုတ် ၅၀၁ ဒေါ်လာနဲ့ ရောင်းချနေမယ်ဆိုရင် ဒုတိယဆိုင်ရဲ့ပစ္စည်းက တကယ့်တန်ကြေးနဲ့ ပိုမိုနီးစပ်တယ်လို့ ဝယ်သူတွေက ယူဆကြမှာဖြစ်ပါတယ်။

ဒုတိယလေ့လာအချက်ကတော့ အပေါ်ကနဲ့မတူပဲ ပစ္စည်းတစ်ခုရဲ့ဈေးနှုန်းဟာ ရိုးရှင်းနေမယ်ဆိုရင် အဲ့ဒီဈေးနှုန်းဟာ သက်သာတယ်လို့ ဝယ်သူတွေက ယူဆကြတာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်ဟာကပိုကောင်းပါသလဲ။ ရိုးရိုးရှင်းရှင်း တိတိကျကျရှိတဲ့ ဈေးနှုန်းကပိုကောင်းသလား၊ ဒဿမကိန်းတွေ အစွန်းထွက်တွေရှိတဲ့ ဈေးနှုန်းက ပိုကောင်းသလား။ ဘယ်ဈေးကို ဘယ်လိုသတ်မှတ်ကြမလဲ။

စင်္ကာပူက သုတေသီနှစ်ယောက်ရဲ့ သုတေသနတစ်ခုက ဒီရှုပ်ထွေးမှုကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။ သူတို့တွေ တွေ့ရှိခဲ့တာကတော့ ပစ္စည်းတစ်ခုရဲ့ဈေးနှုန်းဟာ တန်ရဲ့လားဆိုတာကို တွက်ချက်နိုင်ဖို့ဆိုတာက ဝယ်သူတွေ အဲ့ဒီပစ္စည်းကို ဘာကြောင့်ဝယ်ချင်သလဲဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်စပ်နေတာကိုတွေ့ရပါတယ်။

ဆိုလိုတာက ဒေါ်လာ ၁၀၀ လိုမျိုး ရာဂဏန်းရှိတဲ့ ဈေးနှုန်းမျိုးဆိုရင် စိတ်ခံစားမှုအရတကယ်လိုချင်တဲ့ ပစ္စည်းမျိုးဖြစ်လို့ ဝယ်မယ်ဆိုတဲ့သူတွေက တန်တယ်လို့ ထင်ကြပါလိမ့်မယ်။ တစ်ဖက်မှာလည်း Logic ကျကျ တန်မတန် စဉ်းစားပြီးမှ ဝယ်မယ့်သူတွေအတွက် ရာပြည့်မဟုတ်တဲ့ ဒဿမတွေပါတဲ့ ဈေးနှုန်းမျိုးက ပိုတန်တယ်လို့ ယူဆကြပါတယ်။

စီးပွားရေးလုပ်ငန်းတစ်ခုအတွက် အရေးကြီးဆုံးဖြစ်တဲ့ Customer Service

ဒဿမတွေပါတဲ့ ဈေးနှုန်းကို ပိုကြိုက်ကြတယ်

လူတွေရဲ့ဦးနှောက်ထဲဟာ ဆယ်ပြည့်၊ ရာပြည့်ကိန်းဂဏန်းတွေနဲ့ ရောင်းချတဲ့ပစ္စည်းဈေးနှုန်းတွေကို တွက်ချက်အကဲဖြတ်ရတာ လွယ်ကူပြီးတော့ မဂဏန်းတွေ၊ ဒဿမတွေနဲ့ ဈေးနှုန်းတွေကို ဦးနှောက်က ခက်ခက်ခဲခဲ အကဲဖြတ်ရပါတယ်။ စိတ်ခံစားချက်ကို ဦးစားပေးပြီးဆုံးဖြတ်ချက် ချရတာဟာ ဦးနှောက်အတွက် အလုပ်လုပ်ဖို့ အလွန်လွယ်ကူတတ်ပေမယ့် ကျိုးကြောင်းဆက်စပ် ဆင်ခြင်ပြီး ဆုံးဖြတ်ချက်ချရတာမျိုးက ဦးနှောက်ကို အားစိုက်ထုတ်စေရပြီး ခက်ခဲတတ်ပါတယ်။ ဒါကြောင့် စိတ်ခံစားချက်နဲ့ ဝယ်ယူမယ့်သူတွေဟာ ဦးနှောက်က အလုပ်လုပ်ရလွယ်ကူတဲ့ ကိန်းပြည့်တွေကို သဘောကျပြီး ကျိုးကြောင်းဆက်စပ်စဉ်းစားပြီးမှ ဝယ်ယူမဲ့သူတွေကတော့ ဒဿမတွေပါတဲ့ ဈေးနှုန်းကို ပိုကြိုက်ကြပါတယ်။

 

ဘယ်လို ဈေးနှုန်းသတ်မှတ်ကြမလဲ

ဝယ်သူတွေကို ချဉ်းကပ်နိုင်ဖို့ ဈေးဝယ်သူတွေဘယ်လိုမျိုး စဉ်းစားကြမလဲဆိုတာကို မှန်းဆဖို့ကြိုးစားမယ့်အစား ရောင်းသူတွေအနေနဲ့ ပစ္စည်းတစ်ခုကို ဘယ်လိုမျိုးခံယူချက်နဲ့ ရောင်းချမလဲဆိုတာကို စဉ်းစားသင့်ပါတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို ဈေးသတ်မှတ်မရောင်းချခင်မှာ ကိုယ်ရောင်းမယ့်အရာက စိတ်ခံစားချက်အတွက်လား ဝေဖန်ပိုင်းခြားဝယ်ယူမယ့် စီးပွားရေးလုပ်ငန်းသုံးအတွက်လား ဆိုတာ စဉ်းစားရွေးချယ်ရမှာဖြစ်ပါတယ်။ ရွေးချယ်လို့ရတဲ့ ရလာဒ်ကိုမူတည်ပြီး အမှန်ကန်ဆုံး ဈေးနှုန်းသတ်မှတ်တဲ့ နည်းလမ်းတွေကို ကြိုတင်စဉ်းစားနိုင်မှာဖြစ်ပါတယ်။

သင်ကကင်မရာတစ်လုံး ရောင်းချမယ်ဆိုပါစို့။ အဲ့ဒီကင်မရာဟာ လွယ်ကူတဲ့နည်းလမ်းနဲ့ ပုံတွေရိုက်ကူးသိမ်းဆည်းနိုင်တဲ့ မိသားစုသုံးအပျော်တမ်း ကင်မရာတစ်လုံးဖြစ်တယ်ဆို ဈေးနှုန်းသတ်မှတ်တဲ့နေရာမှာ စိတ်ခံစားချက်ဦးစားပေးတဲ့ ဆယ်ပြည့်၊ ရာပြည့်ကိန်းတွေနဲ့ ဈေးနှုန်းသတ်မှတ်သင့်ပါတယ်။ ဒီလိုသတ်မှတ်လိုက်ရင် ပုံမှန်ထက်ရောင်းအားပိုတက်လာတဲ့ သာဓကတွေလည်းရှိပါတယ်။ အခြားတစ်ဖက်အနေနဲ့ သင်က အထူးလုပ်ဆောင်ချက်တွေ ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းသုံး Professional ကင်မရာတစ်လုံးကို ရောင်းချမယ်ဆိုရင်တော့ ဈေးနှုန်းမှာ ဒဿမတွေထည့်သွင်းသတ်မှတ်ခြင်းဖြင့် စဉ်းစားဆင်ခြင်ပြီးမှ ဝယ်ယူမယ့်သူတွေကို ဆွဲဆောင်နိုင်ပါတယ်။


Source; MOE

Myanmar Advertising Directory

Read times
Rate this item
(2 votes)