-->
×

Warning

JUser: :_load: Unable to load user with ID: 29


Customer တွေ ရဲ့ လျှို့ဝှက်ချက်

Customer တွေ ရဲ့ လျှို့ဝှက်ချက် google.com

ကိုယ့်စီးပွားရေးလုပ်ငန်းထဲလုပ်ဖော်ကိုင်ဖက်နဲ့စကားပြောရတာပဲဖြစ်စေ

ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့အလုပ်တွေထဲကပဲဖြစ်စေ

ပစ္စည်းမရောင်းရသေးတဲ့သူကိုလဲ “customer” လို့ခေါ်ကျတယ်ပစ္စည်းဝယ်ပြီးသွားတဲ့သူကိုလဲ “customer” လို့ခေါ်ကြတယ်။


.
ဆိုင်ထဲဝင်လာတဲ့သူကိုလဲ “customer” လို့ခေါ်ကျတယ်

inbox ထဲဝင်လာတဲ့သူကိုလဲ “customer” လို့ခေါ်ကျတယ်

ပြီးတော့ နှစ်ခါ၊ သုံးခါ ဝယ်တဲ့သူကို ဖောက်သည် လို့ခေါ်ကျတယ်
.
ဒါတွေအားလုံးကအရမ်းဆိုးတဲ့နားလည်မှုလွှဲတဲ့အရာလေးတစ်ခုဖြစ်ပါတယ်

မြန်မြန်ပြုပြင်ရပါမယ် ၊

ကိုယ့်စီးပွားရေးတိုးတက်ဖို့အတွက် နားလည်မှုပြောင်းလဲရမှာပါ
.
“customer” လို့ခေါ်တဲ့အရာက လူတိုင်းခေါ်ကျပါတယ်

တကယ်ဆိုရင် “customer” ဆိုတဲ့အရာက အဆင့် (၆) ဆင့်ရှိပါတယ်

ပြီးတော့ အဲ့ဒီအဆင့် (၆)ဆင့်ကလဲ မတူတဲ့နာမည်ရှိပါတယ်
.
ဒါတွေကို customer ရဲ့လျှို့ဝှက်ချက် Customer Secret လို့ခေါ်ပါတယ်

အကယ်၍ သင်နားလည်တယ်ဆိုရင် သင့်စီးပွားရေးရဲ့ရောင်းအားကိုတိုးအောင်လုပ်နိုင်ပြီး ခိုင်မာအောင်လုပ်နိုင်မှာပါ
.

အဆင့် (၁) customer ကို Suspects လို့ခေါ်ပါတယ်

ဆိုလိုတဲ့သဘောက သင့်မျှော်မှန်းနိုင်တဲ့သူကိုဆိုလိုတာပါ။

ဥပမာ သင်ဒီနေ့ ပစ္စည်းတစ်ခုကို junction square မှာသွားရောင်းတယ်ဆိုပါတော့ ဒီနေ့ Junction square ထဲဝင်လာတဲ့သူအားလုံး သင့်ရဲ့ Suspects လို့ခေါ်ပါတယ်။
.

အဆင့် (၂) customer ကို Prospects လို့ခေါ်ပါတယ်

ဥပမာအားဖြင့် သင့်က Collagen ရောင်းတယ်ဆိုရင် ၊ သင့်ရဲ့ Prospects က မိန်းကလေးအုပ်စုဖြစ်ပြီးတော့ အသက် 18-25 ဖြစ်နိုင်ချေရှိပါတယ် ။

ဒါမှမဟုတ် သင့်ပစ္စည်းကိုစိတ်ဝင်စားနိုင်မယ့်သူ ဖြစ်နိုင်ချေရှိတဲ့သူကိုဆိုလိုပါတယ်။
.

ဒီ အဆင့် (၁) နဲ့ အဆင့် (၂) ကိုကြည့်မယ်ဆိုရင် customer တောင်မဟုတ်သေးပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကုမ္ဗဏီအနေနဲ့ကြည့်မယ်ဆိုရင် ကိုယ့်ဆီကိုပိုက်ဆံမပေးတဲ့သူက customer လို့မခေါ်နိုင်သေးပါဘူး။
.
ဒါပေမဲ့ ဆိုင်ထဲဝင်လာတဲ့သူ ၊ inbox ထဲဝင်လာတဲ့သူ (သို့မဟုတ်)

သာမန်သူအနေနဲ့ကြည့်မယ်ဆိုရင် ဒီအဆင့် (၁) အဆင့် (၂) ကို customer ကိုခေါ်ကြလိမ့်မယ်။
.
ဒါတင်မကဘူး ဒီ Prospects ကိုနောက်ထပ် (၃) အုပ်စုခွဲရပါသေးတယ်။

White / Red / Balck ပါ။

ဒီတော့ ဒီ prospects တွေကို မတူတဲ့ဘာသာစကားနဲ့ မတူတဲ့အုပ်စုကို စကားပြောရပါမယ်။

.
အဆင့် (၃) ကို First-Time Customer လို့ခေါ်ပါတယ်

ကိုယ့်ပစ္စည်းကို ပထမဦးဆုံးဝယ်ပြီးသွားတဲ့သူကို First Time Customer လို့ခေါ်ပါတယ်။

ဒီအဆင့်ရောက်ပြီဆိုရင် Marketing ရဲ့တာဝန်ပြီးသွားပါပြီ။

ဘာဖြစ်လို့လဲဆိုတော့ Marketing ရဲ့တာဝန်က ပထမဦးဆုံးပစ္စည်းကိုဘယ်လိုလုပ်လုပ်ရောင်းထွက်ဖို့ပါ။

ဒီတော့ နောက်ထပ် customer ကထပ်ခါတလဲလဲ ဒုတိယ ၊ တတိယတစ်ခုကိုရောင်းရဖို့ဆိုရင် Marketing ရဲ့ တာဝန်မဟုတ်တော့ပါဘူး။
.
.
ဒါပေမဲ့ ကောင်းကောင်းနားထောင်စေချင်ပါတယ်။

 

စီးပွားရေးပိုင်ရှင်ဖြစ်တဲ့သူဆိုရင် ဒီနေ့စပြီးဖြစ်တဲ့စီးပွားရေးပဲဖြစ်စေ ၊ မစရသေးတဲ့စီးပွားရေးပဲဖြစ်စေ သင်နားလည်ရမှာက သင့်ရဲ့ First-Time Customer ကိုဆက်ပြီးသွားနိုင်အောင်ဘယ်လိုလုပ်ရမှာလဲဆိုတာ?
.
customer တစ်ယောက်က ပစ္စည်းပထမတစ်ကြိမ်ဝယ်ပြီးသွားရင် ပြီးသွားပြီမဟုတ်ပါဘူးဆိုတာ နားလည်ရပါမယ် ။ ခုမှစတာဖြစ်ပါတယ်။

အကယ်၍ ကိုယ့်ဆီမှာ customer ဝယ်ပြီးသွားရင်ပြီးပြီနောက် customer အသစ်ကိုရှာမယ်ဆိုတဲ့အတွေးတွေးတယ်ဆိုရင် ဒီအတွေးကအမှားကြီးမှားနေပါတယ်ဆိုတာတွေ့ရပါလိမ့်မယ်။
.
အကယ်၍ သင့်စီးပွားရေးရောင်းအား အားလုံး 100% ထဲမှ 50% ရောင်းအားက customer အသစ်အတွက်ကြောင့်ဆိုရင်တော့ အဲ့ဒီစီးပွားရေးက မခိုင်မာသေးဘူးလို့ပြောလို့ရပါတယ်။
.
သင်ရဲ့ရောင်းအား 75% က customer ဟောင်းအတွက်ကြောင့်ဖြစ်လာတယ်ဆိုရင်တော့ သင့်ရဲ့စီးပွားရေးကတော့ ခိုင်မာတယ်လို့ပြောလို့ရပါတယ်။
.
.
ဒါပေမဲ့ စီးပွားရေးသေးသေးလေးကတော့ customer data ကိုသိပ်မကောက်တတ်ပါဘူး။

ဒါကြောင့်အရေးကြီးက အကယ်၍ First-Time Customer ကို ထပ်ခါတလဲလဲဝယ်အောင် လုပ်ချင်တယ်ဆိုရင် သင့်ဆီမှာ customer data တွေကိုကောက်ပေးတဲ့ စနှစ်-system ရှိရပါမယ်။
.
တချို့လူတွေက customer တဖြည်းဖြည်းနဲ့ ဖောက်သည် ဖြစ်လာမှာပဲလို့ထင်တတ်ကျတယ်။

ကိုယ့်ပစ္စည်းကောင်းတယ် ၊ စားစရာစားကောင်းတယ်ဆိုရင် ၊ သူများသူ့ဟာနဲ့သူ စိတ်ဆွဲပြီး ဖောက်သည်ဖြစ်မှာပဲလို့ ယုံကြည်တတ်ကျတယ်။

ဒါပေမဲ့ ကျွန်တော်ပြောချင်တာက ဒီလိုမျိုးတွေးလဲမှားတယ်နော်လို့ပြောချင်ပါတယ်။

အကယ်၍ ဒီလိုမျိုးဆိုရင် စီးပွားရေးတစ်ခု ခိုင်ခိုင်မာမာ မတိုးတက်နိုင်ပါဘူး။

ပြီးတော့ Marketing ကို အရမ်းပင်ပင်ပန်းပန်း လုပ်ရပါလိမ့်မယ်။
.
.
ဒီလိုပြောတော့ customer အသစ်မကောင်းဘူးပြောတာမဟုတ်ပါဘူး။

customer အသစ်က customer အဟောင်းကိုတိုးနိုင်အောင်လုပ်ပေးနိုင်ပါတယ်။

ဒါဆိုရင်ဘာဖြစ်လို့ပြောရလဲဆိုတော့ လူအများစုက customer data ကိုကောက်ပေးတဲ့ စနှစ်အပေါ်အလေးမထားလို့ပါ။

customer အသစ်ကိုပဲအာရုံထားပြီး အလေးပေးလို့ပါ။
.
.
အဆင့် (၄) ကို Repeat Customer လို့ခေါ်ပါတယ်

ကိုယ့်ဆီကို ထပ်ခါတလဲလဲပြန်လာဝယ်တဲ့ customer ဖြစ်ပါတယ်။

သင်ဒီလိုမျိုးဆိုင် (၃) မျိုးကိုတွေ့ဖူးလားမသိဘူး

(၁) ဝန်ဆောင်မှုအရမ်းပီတိဖြစ်ရတဲ့ဆိုင်

(၂) ဒီဘဝမှာဒုတိယတစ်ကြိမ်ဘယ်တော့မှ ထပ်မဝင်ဘူးဆိုတဲ့ဆိုင်

(၃) ဒီဆိုင်ဝင်လာရတယ် မဝင်လဲရတယ်ဆိုတဲ့ဆိုင်
.
.
ကျွန်တော်တို့ ဘဝမှာများသောအားဖြင့် နံပါတ် (၃) လိုမျိုးဆိုင်ကိုအများဆုံးတွေ့ရမှာပါ။

ဒီ နံပတ် (၃) ဆိုင်ကပဲ Repeat customer လာရင်လာတယ် မလာရင်မလာဘူး။
.

customer အဆင့် (၅) ကို Clients လို့ခေါ်ကျပါတယ်

ဒီအဆင့်က customer နဲ့ရင်းနှီးပြီး မှတ်မိပြီ ၊ အမြဲတမ်းဝယ်တဲ့ customer ပါ။

အကယ်၍ စားသောက်ဆိုရင် ဒီနေ့သူ ဘာစားမှာလဲဆိုတာချက်ချင်းသိနိုင်တဲ့ customer မျိုးကိုဆိုလိုပါတယ်။

၁ ပတ်အတွင်းဘယ်နှကြိမ်လာစားလဲ စသဖြင့် ကိုယ့်ဆိုင်ထဲမှာကော အမြဲတမ်းလာတဲ့ ဒီလိုမျိုး customer တွေဘယ်နှယောက်ရှိလဲ?

Clients များလေ စီးပွားရေးပိုပြီးခိုင်မာလေပါပဲ။
.
.
customer အဆင့် (၆) ကို Advocates လို့ခေါ်ပါတယ်

စီးပွားရေးတစ်ခုမှာ ရောင်းအားအများဆုံးပေးနိုင်တဲ့ customer က အဆင့်ဆင့်ပြောပေးတဲ့ customer ဖြစ်ပါတယ်။

အဆင့်ဆင့်ပြောတဲ့ customer က ကမ္ဘာပေါ်မှာ အခိုင်မာဆုံး Marketing ဖြစ်ပါတယ်။

အဆင့်ဆင့်ပြောတာကို Word of mouth (သို့မဟုတ်) Mouth to mouth လို့လဲပြောပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ customer က ကျွန်တော်တို့ကိုကူညီပြီးတော့ Marketing လုပ်ပေးတာပါ။
.
.
အကယ်၍ သင်ဒီ level 6 ခု အဆင့် (၆) ခုကိုနားလည်တယ်ဆိုရင်

ကိုယ့်စီးပွားရေးကိုထပ်ခါတလဲလဲပြန်လာဝယ်တဲ့ customer ကဘယ်လောက်အရေးကြီးလဲဆိုတာ သင်တွေ့ရပါလိမ့်မယ်။

ပြီးတော့ သင့်စီးပွားရေးခိုင်မာဖို့အတွက် customer ကိုတစ်ဆင့်ပြီးတစ်ဆင့် ဆက်သွားနိုင်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတာသိပါလိမ့်မယ်။
.
အစကတည်းက ကျွန်တော်တို့ ပြောထားတဲ့အတိုင်းပဲ။

တချို့စီးပွားရေးက ရောင်းအားအရမ်းကောင်းတယ် ၊ ဒါပေမဲ့ အမြတ်တွေအရမ်းနဲပါတယ် ဆိုတဲ့ ပြဿနာက များသောအားဖြင့် customer အသစ်ကိုပဲ focus လုပ်လို့ဖြစ်လာတာပါ။
.
အကယ်၍ ပြန်လာဝယ်တဲ့ customer ကို focus လုပ်တယ်ဆိုရင် စီးပွားရေးရဲ့ အရင်းကို 10 ဆလောက်လျော့ချပေးနိုင်ပါတယ်။

Recommended for you-customer ကို ထပ်ခါတလဲလဲ ၀ယ်အောင်ဘယ်လိုလုပ်မှာလဲ???

Source;marketing

Read times
Rate this item
(4 votes)