-->
×

Warning

JUser: :_load: Unable to load user with ID: 29


Dolce & Gabbana ရဲ႕ ေၾကာ္ျငာ Influencer ျဖစ္သူ David Gandy အေၾကာင္း

Dolce & Gabbana ရဲ႕ ေၾကာ္ျငာ Influencer ျဖစ္သူ David Gandy အေၾကာင္း Google

Dolce & Gabbana ရဲ႕ ေၾကာ္ျငာ Influencer ျဖစ္သူ David Gandy ကိုေတာ့ ကမ႓ာ့ Model ေလာကမွာ မသိတဲ့လူမရွိသေလာက္ပါပဲ။

သူရဲ႕နာမည္အရင္းက David James Gandy ပါ။

David ဟာ ၿဗိတိန္ Model တစ္ဦးပါ။

သူ႔ကို ေဖေဖာ္ဝါရီလ ၁၉ ရက္ ၁၉၈၀ မွာေမြးပါတယ္။

သူ႔အသက္က ၃၈ ႏွစ္ပါ။

၂၀၀၁ ခုႏွစ္မွာ သူဟာ တီဗီအစီအစဥ္တစ္ခုက ၿပိဳင္ပြဲတစ္ခုကိုဝင္ၿပိဳင္ၿပီးအရမ္းေအာင္ျမင္တဲ့ Model တစ္ေယာက္ျဖစ္လာသူပါ။

သူရဲ႕ လွပါ့တဲ့ ခႏၶာကိုယ္အခ်ိဳးအဆက္ , မ်က္ႏွာက် တို႔နဲ႔တင္ အီတလီက Dolce & Gabbana Brand ရဲ႕ ဒီဇိုင္နာေတြမ်က္စိက်သြားၿပီးသူ႔ကို Model အျဖစ္ အလုပ္တြဲလုပ္ခဲ့ပါတယ္။

David ဟာ နာမည္ႀကီးလာတာနဲ႔ အမွ် သူ႔ကို ေၾကာ္ျငာေတြ,မဂၢဇင္းေတြ အေျမႇာက္အမ်ားမွာေတြ႕လာရပါတယ္။ဟုတ္ပါတယ္ ကမ႓ာ့ႏိုင္ငံအသီးသီး မွာသူ႔ Bill Board ေတြေနရာယူထားပါတယ္။

David ရဲ႕ မ်က္လံုးေတြဟာ အျပာေရာင္ရွိၿပီး အမ်ိဳးသမီးေတြကို အၾကည့္နဲ႔တင္ဖမ္းစားႏိုင္ပါတယ္။

အရပ္အျမင့္က ၆ ေပ ၃ လက္မရွိၿပီး ခႏၶာကိုယ္က အလြန္အင္မတန္ Body မိုက္ၿပီးထြားက်ိဳင္းပါတယ္။

David က ဒီေလာက္ေခ်ာတာ မင္းသားအေနနဲ႔႐ိုက္ဖို႔ မကမ္းလွမ္းဘူးလားေတြးမိၾကပါလိမ့္မယ္။ဟုတ္ပါတယ္ ကမ္းလွမ္းပါတယ္။သူမ႐ိုက္တာပါ။

David မွာ ကိုယ္ပိုင္ထုတ္လုပ္ေရး company ကိုရွိပါေသးတယ္။

David ကဇာတ္လမ္းအတိုအခ်ိန္မေပးရတာေတြေတာ့႐ိုက္ပါတယ္။

David က သ႐ုပ္ေဆာင္အတြက္ အခ်ိန္မေပးႏိုင္သူပါ။

David က Fashion Blog ေတြအေတာ္မ်ားမ်ားမွာစာေရးပါတယ္။

 

Pepsi မွ အသစ္ထုတ္လုပ္ထားတဲ့ Pepsi cafe ေၾကာ္ျငာ

 

သူ႔အားလပ္ခ်ိန္ကိုသူခရီးေတြသြားရတာသေဘာက်ေလ့ရွိပါတယ္။

တပတ္မွာ ၅ ရက္ ကို သူ Gym ေဆာ့ျဖစ္ပါတယ္။ တစ္ခါကစား ၂ နာရီေလာက္ၾကာပါတယ္တဲ့။

David မွာ လက္တေလာ ခ်စ္သူမရွိပါဘူး။

David ႀကိဳက္တဲ ့ဂီတ ပညာရွင္ေတြက Nina Simone, Otis Reading, Donny Hathaway နဲ႔ Tony Bennett တို႔ပါ။သူ႔ကိုယ္သူ ေခတ္မမွီသူလို႔ ရွက္ရွက္နဲ႔ ေျပာၿပီးရယ္ရွာပါတယ္။

David ဟာ The Beaumont hotel မွာ သူ႔အားလပ္ရက္ဆို Hollywood ကနာမည္ႀကီးမင္းသမီး တခ်ိဳ႕ နဲ႔ Hangout လုပ္စားေသာက္ေလ့ရွိပါသတဲ့။အဲ့Hotel ကေစ်းအရမ္းႀကီး ပါတယ္။အခန္း 50 ပဲရွိတဲ့ Luxury Hotel ႀကီးပါတဲ့ေနာ္။

ေယာက္်ားေလးေတြအတြက္ David ေျပာျပခ်င္တဲ့ မ်က္ႏွာ အလွအပါ့ထိန္းသိမ္းနည္းေလးကေတာ့ မ်က္ႏွာကို Serum ေလးလိမ္းပါ။ ကိုယ္တိုင္လုပ္ႏွင္းဆီပြင့္ဖက္ ေပါင္းခံေရ Rose water နဲ႔ ျဖန္းပါ ၿပီး အဝတ္စအႏုနဲ႔ မ်က္ႏွာ ေလး ပြတ္ကာ moisturiser ပါတဲ့ မ်က္ႏွာသစ္ ဆပ္ျပာနဲ႔ သစ္ေပးပါ။မ်က္ႏွာၾကည္ပါတယ္တဲ့။သူကေတာ႕ Sk II မ်က္ႏွာသစ္ ဆပ္ျပာသံုးပါတယ္တဲ့။

Fashion အေနနဲ႔ အၾကံေပးခ်င္တာက က်ပ္လြန္းတဲ့ ေဘာင္းဘီေတြမဝတ္က်ဖို႔နဲ႔ ေျခအိတ္အေရာင္သတိျပဳပါတဲ့။

သူဟာသဘာဝဆန္တဲ့ အေရာင္အေတာ္မ်ားမ်ားကိုႀကိဳက္သူပါ David အႀကိဳက္ဆံုးအေရာင္က နက္ျပာေရာင္ပါတဲ့။

David ဟာ သူ႔ရဲ ့ငယ္ဘဝမွာ သူဟာ အေတာ္ကံေကာင္းခဲ့သူပါ ဘာလို႔ဆို ကမ႓ာ့ေနရာအႏွံအျပားကို ခရီးထြက္ခဲ့ရၿပီး ယဥ္ေက်းမူ႔ေတာ္ေတာ္မ်ားမ်ားကိုေလ့လာခဲ့ရလို႔ပါတဲ့။

David ဟာ သူ႔ငယ္ဘဝမွာ Africa, South America, the Galapagos နဲ ့the Amazon rainforest ထိပါသူေရာက္ျဖစ္ခဲ့ပါတယ္တဲ့။

University of Gloucestershire ကေန computing and marketing အထူးျပဳေက်ာင္းၿပီးထားသူပါ။

သူ႔မိဘေတြက အထက္အလယ္တန္းစား မိဘမ်ိဳးႏြယ္ကျဖစ္ၿပီး မိသားစုကိုယ္ပိုင္လုပ္ငန္းရွိပါေသးတယ္။

David ဟာ Tap Dance ကတာေနာက္ ျမင္းစီးတာကအစကၽြမ္းက်င္သူပါ။

David ဟာ ငယ္ငယ္က တိရစၧာန္ခြဲစိတ္အထူးကုဆရာဝန္ျဖစ္ခ်င္ခဲ့သူပါတဲ့။

David ဟာ David Gandy Style Guide For Men ဆိုတဲ့Mobile app ေလးတစ္ခုရဲ႕ ပိုင္ရွင္ပါ။

သူကိုယ္တိုင္အဲ့ေဆာ့ဝဲလ္ကိုေရးထားတာပါတဲ့ေနာ္။

Car ေတြကို႐ူးသြပ္သူလဲျဖစ္ၿပီး ကားအေၾကာင္းေတြကိုလဲ GQ နဲ႔ Mayfair Times မွာစာေရးပါသတဲ့။

David ဟာ Jude Law ရဲ႕ ပရိသတ္ပါ။

David က နာမည္ႀကီးကားေတြ , cowboy ဖိနပ္ေတြနဲ႔ Omega နာရီေတြကိုဆုေဆာင္းသူပါတဲ့။

David ဟာ the Battersea Dogs and Cats Home ဆိုတဲ ့ေလလြင့္ေခြး ေဂဟာ နဲ႔ စစ္သားေဟာင္းေတြကို ေဆးဖိုး ေနထိုင္စားေသာက္တာေထာက္ပံံ႔တဲ့ Style for Soldiers charity မွာ သူက အဓိက ကူညီ ေထာက္ပ႔ံေနသူပါ။

သူ႔မွာ Claire ဆိုတဲ့ အမ တစ္ေယာက္ရွိပါတယ္ သူ႔အမက Spain မွာေနပါတယ္။

British Vogue နဲ ့lifestyle articles for Telegraph Men တို႔မွာစာေရးတဲ့ အထားက်က်စာေရးဆရာ Model တစ္ဦးပါ။သူစာေရးမွန္းအစကဘယ္သူမွမသိပါဘူးတဲ့။

David ဟာ British GQ ရဲ႕ 'Best Dressed Men' list မွာထိပ္ဆံုးကပါသူပါ။ 2015 ခုႏွစ္ရဲ ့ 'Most Stylish Man of the Year' award ကိုရထားသူပါ။

ကဲ ဘယ္ေလာက္အထာက်လိုက္သလဲ ?

<<< Unicode >>>

 

Dolce & Gabbana ရဲ့ ကြော်ငြာ Influencer ဖြစ်သူ David Gandy ကိုတော့ ကမ္ဘာ့ Model လောကမှာ မသိတဲ့လူမရှိသလောက်ပါပဲ။

သူရဲ့နာမည်အရင်းက David James Gandy ပါ။

David ဟာ ဗြိတိန် Model တစ်ဦးပါ။

သူ့ကို ဖေဖော်ဝါရီလ ၁၉ ရက် ၁၉၈၀ မှာမွေးပါတယ်။

သူ့အသက်က ၃၈ နှစ်ပါ။

၂၀၀၁ ခုနှစ်မှာ သူဟာ တီဗီအစီအစဉ်တစ်ခုက ပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ပြီးအရမ်းအောင်မြင်တဲ့ Model တစ်ယောက်ဖြစ်လာသူပါ။

သူရဲ့ လှပါ့တဲ့ ခန္ဓာကိုယ်အချိုးအဆက် , မျက်နှာကျ တို့နဲ့တင် အီတလီက Dolce & Gabbana Brand ရဲ့ ဒီဇိုင်နာတွေမျက်စိကျသွားပြီးသူ့ကို Model အဖြစ် အလုပ်တွဲလုပ်ခဲ့ပါတယ်။

David ဟာ နာမည်ကြီးလာတာနဲ့ အမျှ သူ့ကို ကြော်ငြာတွေ,မဂ္ဂဇင်းတွေ အမြှောက်အများမှာတွေ့လာရပါတယ်။ဟုတ်ပါတယ် ကမ္ဘာ့နိုင်ငံအသီးသီး မှာသူ့ Bill Board တွေနေရာယူထားပါတယ်။

David ရဲ့ မျက်လုံးတွေဟာ အပြာရောင်ရှိပြီး အမျိုးသမီးတွေကို အကြည့်နဲ့တင်ဖမ်းစားနိုင်ပါတယ်။

အရပ်အမြင့်က ၆ ပေ ၃ လက်မရှိပြီး ခန္ဓာကိုယ်က အလွန်အင်မတန် Body မိုက်ပြီးထွားကျိုင်းပါတယ်။

David က ဒီလောက်ချောတာ မင်းသားအနေနဲ့ရိုက်ဖို့ မကမ်းလှမ်းဘူးလားတွေးမိကြပါလိမ့်မယ်။ဟုတ်ပါတယ် ကမ်းလှမ်းပါတယ်။သူမရိုက်တာပါ။

David မှာ ကိုယ်ပိုင်ထုတ်လုပ်ရေး company ကိုရှိပါသေးတယ်။

David ကဇာတ်လမ်းအတိုအချိန်မပေးရတာတွေတော့ရိုက်ပါတယ်။

David က သရုပ်ဆောင်အတွက် အချိန်မပေးနိုင်သူပါ။

David က Fashion Blog တွေအတော်များများမှာစာရေးပါတယ်။

သူ့အားလပ်ချိန်ကိုသူခရီးတွေသွားရတာသဘောကျလေ့ရှိပါတယ်။

တပတ်မှာ ၅ ရက် ကို သူ Gym ဆော့ဖြစ်ပါတယ်။ တစ်ခါကစား ၂ နာရီလောက်ကြာပါတယ်တဲ့။

David မှာ လက်တလော ချစ်သူမရှိပါဘူး။

David ကြိုက်တဲ့ဂီတ ပညာရှင်တွေက Nina Simone, Otis Reading, Donny Hathaway နဲ့ Tony Bennett တို့ပါ။သူ့ကိုယ်သူ ခေတ်မမှီသူလို့ ရှက်ရှက်နဲ့ ပြောပြီးရယ်ရှာပါတယ်။

David ဟာ The Beaumont hotel မှာ သူ့အားလပ်ရက်ဆို Hollywood ကနာမည်ကြီးမင်းသမီး တချို့ နဲ့ Hangout လုပ်စားသောက်လေ့ရှိပါသတဲ့။အဲ့Hotel ကဈေးအရမ်းကြီး ပါတယ်။အခန်း 50 ပဲရှိတဲ့ Luxury Hotel ကြီးပါတဲ့နော်။

ယောက်ျားလေးတွေအတွက် David ပြောပြချင်တဲ့ မျက်နှာ အလှအပါ့ထိန်းသိမ်းနည်းလေးကတော့ မျက်နှာကို Serum လေးလိမ်းပါ။ ကိုယ်တိုင်လုပ်နှင်းဆီပွင့်ဖက် ပေါင်းခံရေ Rose water နဲ့ ဖြန်းပါ ပြီး အဝတ်စအနုနဲ့ မျက်နှာ လေး ပွတ်ကာ moisturiser ပါတဲ့ မျက်နှာသစ် ဆပ်ပြာနဲ့ သစ်ပေးပါ။မျက်နှာကြည်ပါတယ်တဲ့။သူကတော့ Sk II မျက်နှာသစ် ဆပ်ပြာသုံးပါတယ်တဲ့။

Fashion အနေနဲ့ အကြံပေးချင်တာက ကျပ်လွန်းတဲ့ ဘောင်းဘီတွေမဝတ်ကျဖို့နဲ့ ခြေအိတ်အရောင်သတိပြုပါတဲ့။

သူဟာသဘာဝဆန်တဲ့ အရောင်အတော်များများကိုကြိုက်သူပါ David အကြိုက်ဆုံးအရောင်က နက်ပြာရောင်ပါတဲ့။

David ဟာ သူ့ရဲ့ငယ်ဘဝမှာ သူဟာ အတော်ကံကောင်းခဲ့သူပါ ဘာလို့ဆို ကမ္ဘာ့နေရာအနှံအပြားကို ခရီးထွက်ခဲ့ရပြီး ယဉ်ကျေးမူ့တော်တော်များများကိုလေ့လာခဲ့ရလို့ပါတဲ့။

David ဟာ သူ့ငယ်ဘဝမှာ Africa, South America, the Galapagos နဲ့the Amazon rainforest ထိပါသူရောက်ဖြစ်ခဲ့ပါတယ်တဲ့။

University of Gloucestershire ကနေ computing and marketing အထူးပြုကျောင်းပြီးထားသူပါ။

သူ့မိဘတွေက အထက်အလယ်တန်းစား မိဘမျိုးနွယ်ကဖြစ်ပြီး မိသားစုကိုယ်ပိုင်လုပ်ငန်းရှိပါသေးတယ်။

David ဟာ Tap Dance ကတာနောက် မြင်းစီးတာကအစကျွမ်းကျင်သူပါ။

David ဟာ ငယ်ငယ်က တိရစ္ဆာန်ခွဲစိတ်အထူးကုဆရာဝန်ဖြစ်ချင်ခဲ့သူပါတဲ့။

David ဟာ David Gandy Style Guide For Men ဆိုတဲ့Mobile app လေးတစ်ခုရဲ့ ပိုင်ရှင်ပါ။

သူကိုယ်တိုင်အဲ့ဆော့ဝဲလ်ကိုရေးထားတာပါတဲ့နော်။

Car တွေကိုရူးသွပ်သူလဲဖြစ်ပြီး ကားအကြောင်းတွေကိုလဲ GQ နဲ့ Mayfair Times မှာစာရေးပါသတဲ့။

David ဟာ Jude Law ရဲ့ ပရိသတ်ပါ။

David က နာမည်ကြီးကားတွေ , cowboy ဖိနပ်တွေနဲ့ Omega နာရီတွေကိုဆုဆောင်းသူပါတဲ့။

David ဟာ the Battersea Dogs and Cats Home ဆိုတဲ့လေလွင့်ခွေး ဂေဟာ နဲ့ စစ်သားဟောင်းတွေကို ဆေးဖိုး နေထိုင်စားသောက်တာထောက်ပံံ့တဲ့ Style for Soldiers charity မှာ သူက အဓိက ကူညီ ထောက်ပံ့နေသူပါ။

 

ေၾကာ္ျငာ Influencer ေလး Finn Wolfhard

 

သူ့မှာ Claire ဆိုတဲ့ အမ တစ်ယောက်ရှိပါတယ် သူ့အမက Spain မှာနေပါတယ်။

British Vogue နဲ့lifestyle articles for Telegraph Men တို့မှာစာရေးတဲ့ အထားကျကျစာရေးဆရာ Model တစ်ဦးပါ။သူစာရေးမှန်းအစကဘယ်သူမှမသိပါဘူးတဲ့။

David ဟာ British GQ ရဲ့ 'Best Dressed Men' list မှာထိပ်ဆုံးကပါသူပါ။ 2015 ခုနှစ်ရဲ့ 'Most Stylish Man of the Year' award ကိုရထားသူပါ။

ကဲ ဘယ်လောက်အထာကျလိုက်သလဲ ?

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)