-->
×

Warning

JUser: :_load: Unable to load user with ID: 29


ငွေအရင်းအနှီးမရှိလို့ ခြေတစ်လှမ်းတောင် ဆက်မလှမ်းချင်တော့ဘူးလား

ငွေအရင်းအနှီးမရှိလို့ ခြေတစ်လှမ်းတောင် ဆက်မလှမ်းချင်တော့ဘူးလား google.com

စွန့်ဦးတီထွင်လုပ်ငန်းရှင်များဟာ အောင်မြင်နိုင်လောက်တဲ့ စီးပွားရေးအိုင်ဒီယာများ ရှိတတ်ကြပါတယ်။ သို့သော် ရင်းနှီးမြှုပ်နှံနိုင်တဲ့ စွမ်းအားမရှိတာကြောင့် ရှေ့မဆက်နိုင်ကြတဲ့ အခြေအနေတွေလည်း ရှိပါတယ်။

သူတို့မှာ ငွေအရင်းအနှီး မရှိဘဲ ခြေတစ်လှမ်းတောင် ဆက်မလှမ်းနိုင်တော့ဘူးလို့ ယူဆကြပါတယ်။

နေ့စဉ်နေ့တိုင်း လုပ်ငန်းသစ်များဟာ ဒေါ်လာ မီလျံနဲ့ချီပြီးတော့ စွန့်စားရင်းနှီးတဲ့ လုပ်ငန်းတွေကနေ ငွေကြေး အရင်းအနှီးတွေ ရနေကြပါတယ်။ ဒါပေမယ့် သင်မကြားလိုက်တာကတော့ လုပ်ငန်းတော်တော်များများ ဟာ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ကျရှုံးသွားပြီးတော့ ရင်နှီးထားတဲ့ မီလျံချီဒေါ်လာတွေ မီးရှို့လိုက်သလို ဆုံးရှုံးသွားတာပါပဲ။

သင့်မှာ ငွေဘယ်လောက်ရှိရှိ ပထမဆုံးအနေနဲ့ အိုင်ဒီယာနဲ့အလုပ်လုပ်ဖို့ စီမံကိန်းချတာသာ မကောင်းခဲ့ရင် အဲဒီငွေတွေဟာ သင့်ကို အောင်မြင်အောင် လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ အိုင်ဒီယာကောင်းကောင်းရှိတယ် ဒါပေမယ့် ငွေနည်းနည်းပဲရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီအကြောင်းနဲ့တော့ သင့်အိပ်မက်တွေကို မရပ်တန့်ပစ်လိုက်ပါနဲ့။ မအိပ်လိုက်ရတဲ့နေ့တွေလည်း ရှိမယ်။ စိတ်ဖိဆီးမှုတွေလည်း အလူးအလဲ ခံစားရလိမ့်မယ်။ ဒါပေမယ့် လိုချင်စိတ်ပြင်းပြရင်တော့ တချိန်မှာ ဖြစ်လာမှာပါ။

လုပ်ငန်းသစ်စတင်ဖို့အတွက် အကန့်အသတ်ရှိတဲ့ ရင်းနှီးငွေနဲ့ အလုပ်ဖြစ်မယ့် နည်းလမ်းကောင်းများကို အကြံပြုထားပါတယ်။

၁။ သင်ကောင်းကောင်းသိတဲ့ အလုပ်ကိုလုပ်ပါ။

သင်လုံးဝမသိကျွမ်းကျင်မှုမရှိတဲ့ နယ်ပယ်ကအလုပ်ကို စွန့်စားပြီးစတင်မယ့်အစား သေချာကျွမ်းကျင်မှုရှိတဲ့ လုပ်ငန်းကို လုပ်ဖို့ကြိုးစားပါ။ အပြင်ကို အားကိုးနေရတာ လျော့နိုင်လေ သင့်အတွက်ကောင်းလေပါပဲ။ စွန့်ဦးတီထွင်လုပ်ရတဲ့ လုပ်ငန်းအောင်မြင်ဖို့အတွက် ကျွမ်းကျင်မှုတစ်ခုတည်းက လုံလောက်တဲ့ အရင်းအနှီး ဖြစ်နေတတ်ပါတယ်။

၂။ သင်ဘာလုပ်နေလဲဆိုတာ အားလုံးကို ကြော်ငြာပါ။

သင့်ရဲ့မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် စတဲ့သူတွေအားလုံးကို သင့်ရဲ့လုပ်ငန်းသစ် အကြောင်းပြောပြပါ။ ဖုန်းခေါ်ပါ၊ မတ်ဆေ့ခ်ျပို့ပါ။ သင့်ရဲ့ဆိုရှယ်မီဒီယာပေါ်တင်ပါ။ သူငယ်ချင်းတွေနဲ့ မိသားစုကလည်း သင့်ရဲ့အလုပ်အကြောင်းကို ထပ်ဆင့်ပြောပြနိုင်ကြပါတယ်။ ဒီအခြေခံကျတဲ့ မာကတ်တင်းနည်းလမ်းက သင့်အကြောင်းကို လူအများကြီးကို သိသွားစေနိုင်ပါတယ်။

၃။ မလိုအပ်တဲ့ အသုံးအစွဲတွေကို လျှော့ချပါ။

သင်ကုန်ကျစရိတ်တွေ အများကြီးရှိနေမှာပါ။ တချို့ကုန်ကျစရိတ်တွေက ရှောင်လွှဲလို့မရပါဘူး။ သင်ရှောင်လွှဲလို့ ရတာကတော့ ပိုမသုံးမိဖို့ပါပဲ။ ချွေချွေတာတာနဲ့စတင်ခြင်းက အောင်မြင်မှုနဲ့ ကျရှုံးမှုကို ကွဲပြားစေနိုင်မှာပါ။

၎။ နဖူးကချွေး ခြေမကျတဲ့အထိ ကြိုးစားမှုနဲ့ အရင်းတည်ပါ။

ကျွန်တော်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စလုပ်တုန်းက ကျွန်တော်အချိန်ပြည့်အလုပ်လုပ်ခဲ့တယ်။ အချိန်ပြည့်ဆိုတာ နံနက်၉ ညနေ၅ မဟုတ်ပါဘူး။ အိပ်ချိန်ကလွဲလို့ ကျန်တဲ့အချိန်အားလုံးပါ။ အဲ့လို ရေကုန်ရေခမ်းကြိုးစားတာ အချည်းအနှီးတော့ မဟုတ်ပါဘူး။ သင်ကြိုးစားလေလေ သင့်ရဲ့တန်ဖိုး တက်လေလေပါပဲ။ သင့်ရဲ့ကုမ္ပဏီကိုရောင်းတော့မယ်၊ ပါတနာတစ်ယောက်နဲ့ လက်တွဲလုပ်ဖို့ ကမ်းလှမ်းတော့မယ်ဆိုရင် သင့်ရဲ့ ချွေးနဲ့ကြိုးစားမှုတွေဟာ ရုပ်လုံးပေါ်လာပါလိမ့်မယ်။

၅။ ကြော်ငြာနဲ့ မားကက်တင်း အခမဲ့လုပ်လို့ရမယ့်နည်းလမ်းတွေကို အသုံးချပါ။

ငွေကြေးအလွန်သုံးစွဲစရာမလိုဘဲ သင့်လုပ်ငန်းကို လူသိအောင်လုပ်ပါ။ ဥပမာ၊ ဆိုရှယ်မီဒီယာများဟာ အလားအလာရှိတဲ့ ဖောက်သည်များနဲ့ ထိတွေ့မှု ရအောင် ကူညီပေးနိုင်ပါတယ်။

Read-သင့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အတွေးအခေါ်စွမ်းအားတွေကို ဘယ်လိုမြှင့်တင်မလဲ?

ငွေသိပ်မရှိလို့ သင့်အိုင်ဒီယာကို အကောင်အထည်မဖော်နိုင်ဘူးဆိုတာမျိုး အဖြစ်မခံပါနဲ့။ ခက်ခဲမှာလား၊ စိတ်ပင်ပန်းမှာလားလို့ မေးရင် မပူပါနဲ့။ ဖြစ်ကိုဖြစ်မှာပါ။ ဒါဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ သွားရမယ့် ခရီးလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Source; Tameelay

Read times
Rate this item
(3 votes)