-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့္လုပ္ငန္းနဲ႔ ပတ္သက္တဲ႔ အေတြးအေခၚစြမ္းအားေတြကို ဘယ္လုိျမွင့္တင္မလဲ?

သင့္လုပ္ငန္းနဲ႔ ပတ္သက္တဲ႔ အေတြးအေခၚစြမ္းအားေတြကို ဘယ္လုိျမွင့္တင္မလဲ? google.com

ေအာင္ျမင္တဲ႔ စီးပြားေရးလုပ္ငန္းတစ္ခု ျဖစ္လုိပါက သင္နဲ႔ သင္ရဲ႕လုပ္ငန္းဟာ အျခားလုပ္ငန္းတူ ၿပိဳင္ဖက္ မ်ားထက္ တမူထူျခားၿပီး ကြဲထြက္မွဳရွိေနဖို႔ လိုပါလိမ့္မယ္။

သင့္လုပ္ငန္းဟာ သာမန္စီးပြားေရး လုပ္ငန္း သေဘာတရားထက္ အနည္းနဲ႔အမ်ား မတူကြဲျပား ထူးျခားေနမွသာ အၿပိဳင္အဆိုင္မ်ားတဲ႔ ဒီေန႔ေခတ္ႀကီးမွာ ထိပ္တန္းေနရာ ရယူႏုိင္မွာျဖစ္ပါတယ္။

ဒီလိုကြဲထြက္ေနဖို႔ (differentiate လုပ္ဖို႔) ဆိုတာ ေျပာသေလာက္ေတာ႔ မလြယ္ကူပါဘူး။ တစ္ခါတစ္ရံမွာ အလုပ္ေတြ စိတ္ဖိစီးမွဳမ်ားတာေတြေၾကာင့္ သင့္လုပ္ငန္းအတြက္ အက်ိဳးရွိၿပီး အေရးပါတဲ႔ အေတြးအေခၚ စြမ္းအားေတြ ေပ်ာက္ဆံုးေနတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာဆိုရင္ ေအာက္မွာ ေဖာ္ျပထားတဲ႔ နည္းလမ္းေတြကို အသံုးျပဳၾကည့္ၿပီး သင့္ရဲ႕တန္ဖိုးရွိလွတဲ႔ အေတြးအေခၚစြမ္းအားေတြကို ျပန္လည္ ျမွင့္တင္လုိက္ပါ။

နည္းပညာမ်ားႏွင့္ အဆက္အသြယ္ခဏ ျဖတ္လုိက္ပါ

သင့္ရဲ႕ ဖုန္း၊ laptopစတဲ႔ electronic devices ေတြနဲ႔ ခဏအဆက္အသြယ္ျဖတ္ထားၿပီး ေအးေဆးတဲ႔ ေနရာတစ္ခုမွာ အနားယူရင္း သင့္ဦးေႏွာက္ထဲကို အေတြးအေခၚအသစ္ေတြ ေရာက္ရွိလာဖုိ႔ အခ်ိန္တစ္ခု ေပးလိုက္ပါ။

ကုိယ္လက္လွဳပ္ရွားမွဳ ျပဳလုပ္ပါ

လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္း၊ စက္ဘီးစီးျခင္း စတဲ႔ ကိုယ္ခႏၶာလွဳပ္ရွားမွဳမ်ားဟာလည္း သင့္အေတြးထဲသို႔ အေတြးအေခၚသစ္မ်ား စီး၀င္လာေစပါတယ္။

ကစားပါ

ကစားနည္းအသစ္တစ္ခု ကစားျခင္း (သုိ႔မဟုတ္) လုပ္ေဆာင္ခ်က္ အသစ္တစ္ခုတြင္ ပါ၀င္ျခင္းဟာလည္း ကိစၥရပ္မ်ားကို ျမင္ေနက်မဟုတ္ေသာ ရွဴေထာင့္သစ္မ်ားမွ ျမင္ေတြ႔ေစပါတယ္။

Read-သူ……..စိတ္ဓါတ္က်တိုင္းဖတ္ဖို႕

နားေထာင္ပါ

သီခ်င္းနားေထာင္ပါ။ ေဆြးေႏြးပြဲ ေဟာေျပာပြဲမ်ားမွ အသံဖုိင္မ်ားကို နားေထာင္ပါ။ ဒါမွမဟုတ္ အျခားလူနဲ႔ စကားစျမည္ေျပာၾကည့္ၿပီး ၄င္းတို႔၏ အျမင္၊ ပတ္၀န္းက်င္ႏွင့္ ဆက္သြယ္ပံု၊ ျပႆနာေျဖရွင္းပံုတုိ႔ကို နားေထာင္ပါ။

အေတြ႔အႀကံဳသစ္မ်ား ရွာေဖြေဖာ္ထုတ္ပါ

သြားေနက်မဟုတ္ေသာ လမ္းမွသြားျခင္း၊ ၀ယ္ေနက်မဟုတ္ေသာ ေစ်းဆုိင္မွ၀ယ္ျခင္း၊ မေရာက္ဖူးေသးေသာ ေနရာေဒသသစ္မ်ားသို႔ ခရီးထြက္ျခင္းတုိ႔ကို ျပဳလုပ္ပါ။ ေနာက္ၿပီး စာအုပ္ဆိုင္ ဒါမွမဟုတ္ စာၾကည့္တုိက္မ်ား မွစာအုပ္မ်ားဖတ္ရူပါ။ အေတြ႔အႀကံဳသစ္မ်ားသည္ အေတြးအေခၚသစ္မ်ားကို တစ္ပါတည္း ေခၚေဆာင္ လာေလ႔ရွိသည္။

ေလ့လာၾကည့္ရူ႕ပါ

သင္ႏွင့္ လုပ္ငန္းတူၿပိဳင္ဖက္မ်ား ဘာေတြလုပ္ေနလဲဆုိတာကို ေလ့လာပါ။ စားသံုးသူမ်ားမွ သင္လုပ္လုိသည့္ စီးပြားေရး အႀကံဥာဏ္ႏွင့္ ဆက္ႏြယ္ေသာ ကုန္ပစၥည္းမ်ား၊ ၀န္ေဆာင္မွဳမ်ားကို ဘယ္လုိ၀ယ္ယူလဲ၊ ဘယ္လိုအသံုးခ်သလဲ ဆုိတာကို အလ်ဥ္းသင့္တုိင္း ေလ့လာၾကည့္ရူပါ။

Credit; MyanmarOnlineEntrepreneur

(Unicode Version)

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လိုပါက သင်နဲ့ သင်ရဲ့လုပ်ငန်းဟာ အခြားလုပ်ငန်းတူ ပြိုင်ဖက် များထက် တမူထူခြားပြီး ကွဲထွက်မှုရှိနေဖို့ လိုပါလိမ့်မယ်။ သင့်လုပ်ငန်းဟာ သာမန်စီးပွားရေး လုပ်ငန်း သဘောတရားထက် အနည်းနဲ့အများ မတူကွဲပြား ထူးခြားနေမှသာ အပြိုင်အဆိုင်များတဲ့ ဒီနေ့ခေတ်ကြီးမှာ ထိပ်တန်းနေရာ ရယူနိုင်မှာဖြစ်ပါတယ်။
ဒီလိုကွဲထွက်နေဖို့ (differentiate လုပ်ဖို့) ဆိုတာ ပြောသလောက်တော့ မလွယ်ကူပါဘူး။ တစ်ခါတစ်ရံမှာ အလုပ်တွေ စိတ်ဖိစီးမှုများတာတွေကြောင့် သင့်လုပ်ငန်းအတွက် အကျိုးရှိပြီး အရေးပါတဲ့ အတွေးအခေါ် စွမ်းအားတွေ ပျောက်ဆုံးနေတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို အသုံးပြုကြည့်ပြီး သင့်ရဲ့တန်ဖိုးရှိလှတဲ့ အတွေးအခေါ်စွမ်းအားတွေကို ပြန်လည် မြှင့်တင်လိုက်ပါ။
နည်းပညာများနှင့် အဆက်အသွယ်ခဏ ဖြတ်လိုက်ပါ
သင့်ရဲ့ ဖုန်း၊ laptopစတဲ့ electronic devices တွေနဲ့ ခဏအဆက်အသွယ်ဖြတ်ထားပြီး အေးဆေးတဲ့ နေရာတစ်ခုမှာ အနားယူရင်း သင့်ဦးနှောက်ထဲကို အတွေးအခေါ်အသစ်တွေ ရောက်ရှိလာဖို့ အချိန်တစ်ခု ပေးလိုက်ပါ။
ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း စတဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုများဟာလည်း သင့်အတွေးထဲသို့ အတွေးအခေါ်သစ်များ စီးဝင်လာစေပါတယ်။
ကစားပါ
ကစားနည်းအသစ်တစ်ခု ကစားခြင်း (သို့မဟုတ်) လုပ်ဆောင်ချက် အသစ်တစ်ခုတွင် ပါ၀င်ခြင်းဟာလည်း ကိစ္စရပ်များကို မြင်နေကျမဟုတ်သော ရှူထောင့်သစ်များမှ မြင်တွေ့စေပါတယ်။
နားထောင်ပါ
သီချင်းနားထောင်ပါ။ ဆွေးနွေးပွဲ ဟောပြောပွဲများမှ အသံဖိုင်များကို နားထောင်ပါ။ ဒါမှမဟုတ် အခြားလူနဲ့ စကားစမြည်ပြောကြည့်ပြီး ၄င်းတို့၏ အမြင်၊ ပတ်ဝန်းကျင်နှင့် ဆက်သွယ်ပုံ၊ ပြဿနာဖြေရှင်းပုံတို့ကို နားထောင်ပါ။


အတွေ့အကြုံသစ်များ ရှာဖွေဖော်ထုတ်ပါ
သွားနေကျမဟုတ်သော လမ်းမှသွားခြင်း၊ ၀ယ်နေကျမဟုတ်သော စျေးဆိုင်မှဝယ်ခြင်း၊ မရောက်ဖူးသေးသော နေရာဒေသသစ်များသို့ ခရီးထွက်ခြင်းတို့ကို ပြုလုပ်ပါ။ နောက်ပြီး စာအုပ်ဆိုင် ဒါမှမဟုတ် စာကြည့်တိုက်များ မှစာအုပ်များဖတ်ရူပါ။ အတွေ့အကြံုသစ်များသည် အတွေးအခေါ်သစ်များကို တစ်ပါတည်း ခေါ်ဆောင် လာလေ့ရှိသည်။
လေ့လာကြည့်ရူ့ပါ
သင်နှင့် လုပ်ငန်းတူပြိုင်ဖက်များ ဘာတွေလုပ်နေလဲဆိုတာကို လေ့လာပါ။ စားသုံးသူများမှ သင်လုပ်လိုသည့် စီးပွားရေး အကြံဉာဏ်နှင့် ဆက်နွယ်သော ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများကို ဘယ်လို၀ယ်ယူလဲ၊ ဘယ်လိုအသုံးချသလဲ ဆိုတာကို အလျဉ်းသင့်တိုင်း လေ့လာကြည့်ရူပါ။
Credit; MyanmarOnlineEntrepreneur

Read times
Rate this item
(0 votes)