-->
×
Warning
JUser: :_load: Unable to load user with ID: 29
သူ……..စိတ်ဓါတ်ကျတိုင်းဖတ်ဖို့
သူ……..စိတ်ဓါတ်ကျတိုင်းဖတ်ဖို့ google.com
မင်း စိတ်ညစ်နေလား_?
မင်း ဝမ်းနည်းနေလား_?
မင်း စိတ်ဓာတ်ကျနေလား_?
လူတိုင်းကျတတ်တာပဲ ..
Credit: သက်ထက်တန်
(Unicode Version)
နေ့တိုင်းနေ့တိုင်း ကျနော်တို့ဟာ စိန်ခေါ်မှုတွေ အတားအဆီး အနှောက်အယှက်တွေနဲ့ ရင်ဆိုင်ရပါတယ်။ သို့သော် အဲ့ဒါတွေဟာကျနော်တို့ တိုးတက်ပြောင်းလဲဖို့ အကူအညီပေးနိုင်ပါတယ်။
စိတ်ဖီဆီးမှု၊ စိတ်ဓါတ်ကျမှု နဲ့ ကြောင့်ကြစိတ်တွေဝင်လာတဲ့အခါ အရာရာတိုင်းကို မဖြစ်နိုင်တော့ဘူးလို့ ထင်မြင်စေပြီး ကျနော်တို့ လုပ်ရမယ့်အရာတွေကို ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိအောင် ဖြစ်စေတယ်။ ဒီလို စိတ်ဓါတ်ကျတဲ့ အခါဒီစာလေးတွေက သင့်ကို ခွန်အားဖြစ်စေမှာပါ။
မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့..
တစ်ယောက်ထဲလဲ နေတတ်အောင်နေပါ။
မင်း စိတ်ညစ်နေလား_?
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းပါ။ဘဝအတွက် လေ့လာသင်ယူပါ စာများများဖတ်ပါ။ သူများကို သွားပြောတာထက် အများကြီးသာတယ်။
မင်း ဝမ်းနည်းနေလား_?
ခဏလောက် အားရပါးရ ငိုချပစ်လိုက်ပါ။ ဘယ်သူ့မှ ပြောမနေနဲ့ ..
ပိုးပြီးမျက်ရည်ကျအောင်လုပ်မဲ့သူပဲရှိတယ်။ ငိုစရာရှိတာငိုပါ။ ငိုချလိုက်ပြီးရင် တည်ငြိမ်လာလိမ့်မယ်။
မင်း အရမ်း မွန်းကြပ်နေလား_?
သီချင်းလေးဘာလေး နားထောင် စိတ်ပြေလက်ပျောက်ဖြစ်အောင်နေပါ။
သူများကို သွားပြောရင်………..မွန်းကြပ်တာကနေ ထွက်ပေါက်ပါ ပိတ်သွားလိမ့်မယ်။
မင်း စိတ်ဓာတ်ကျနေလား_?
ဘာအားငယ်စရာရှိလဲ စိတ်ဓာတ်ကျတာ မင်းအပြစ် မဟုတ်ဘူး ..
လူတိုင်းကျတတ်တာပဲ ..
ကိုယ့်ကိုယ်ကို ပြန်ပြီး ဆွဲမတင်နိုင်မှ မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့ ကိုယ့်ကိုကိုယ် အားကိုးစမ်းပါ။
လောကမှာ ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်ဘူး
ကိုယ့်အားကိုကိုး ကိုယ့်သမိုင်းကိုယ်ရေးပါ။ မင်းမိဘကလွဲရင် မင်းကိုထိထိရောက်ရောက် ကူညီမဲ့လူ ရှားတယ်။
မိဘကိုလဲ တသက်လုံး ဒုက္ခပေးမနေနဲ့..
မင်းကိုယ်မင်းပဲ အပြည့်အဝပြန်ပြီး ကူညီလိုက်ပါ။
Credit: သက်ထက်တန်
Read times
Rate this item
(5 votes)