ကမ္ဘာ့နိုင်ငံတွေရဲ့ အနာဂတ်ဟာ အရောင်းပါ။ ကိုယ့်နိုင်ငံကိုယ့် တိုင်းပြည်ဖွံ့ဖြိုးဖို့၊ တိုး တက် ဖို့ ငွေလိုပါတယ်။ အဲဒီငွေကိုရနိုင်တဲ့ တစ်ခုတည်းသောလမ်း ကြောင်း ဟာ အရောင်း ပါပဲ။ ရောင်းနိုင်မှ ပိုက်ဆံရမယ်။ ပိုက်ဆံရမှ ချမ်းသာမယ်။
ချမ်းသာ မှ ကိုယ့်နိုင်ငံအတွက် လိုအပ် သမျှ အသုံးအဆောင်တွေ ဝယ်နိုင်မယ်။ ဒါကြောင့် ရောင်းရပါမယ်။ ဒီနေ့နိုင်ငံတကာ အစိုးရ အသီးသီးရဲ့ သံအမတ်ကြီးတွေကို သူ တာဝန် ကျရာနိုင်ငံတွေကို မလွှတ်ခင်မှာ သမ္မတတွေ က ဩဝါဒပေးကြတဲ့အခါ အဓိကမှာ လိုက်တဲ့စကားက “ဈေးရောင်းဖို့” ပါပဲ။ ကိုယ့်နိုင်ငံက ရောင်းကုန်ကို အသိ ပေးဝယ်ချင်လာအောင်လုပ် ဆိုတာဟာ အဓိကအမှာစကားပါ။
“ရောင်းရေး” ကို စဉ်းစားကြည့်ရင် “ရောင်းကုန်” ဆိုတာကို အရင်ဆုံးမြင်မိမှာပါ။ ဘာရောင်း မလဲ၊ ဘယ်သူ့ကိုရောင်းမလဲ ဘယ်လိုရောင်းမလဲ၊ ဘယ်လောက်နဲ့ ရောင်းမလဲဆိုတာ တွေက နောက်ဆက်တွဲစဉ်းစား စရာတွေပါ။ ရောင်းကုန်ဟာ ပစ္စည်း၊ ဒါမှမဟုတ် အစွမ်း အစ၊ ဒါမှမဟုတ် အကြံအစည်၊ ဒါမှမဟုတ် ဝန်ဆောင်မှု၊ ဒါမှမဟုတ် အတွေ့အကြုံ၊ ဒါမှမဟုတ်၊ သမိုင်းဆိုတာတွေထဲက တစ်ခုခု ဖြစ်ကြရပါတယ်။
ပစ္စည်းဆိုတာက မြင်သာတယ်၊ ကိုင်ကြည့်လို့ရတယ်၊ စမ်းကြည့်လို့ရတယ်။ ကိုင် ကြည့် စမ်းကြည့် ကြိုက်မှဝယ်။ အစွမ်း အစဆိုတာကမမြင်သာဘူး။ လူမှာပဲရှိ တယ်။ လူစွမ်း လူစကို မေးကြည့်ရုံနဲ့လည်းမရ၊ တစ်ဆင့်စကားနဲ့လည်း သိနိုင်တယ်။ ဘောလုံး ကန် တတ် တာချင်းအတူတူ တန်ဖိုးချင်းမတူ ဘူးလေ။ အကြံအစည်ဆိုတာလည်း ထိ တွေ့ ကိုင် တွယ် လို့မရဘူး။ ဒါပေမဲ့ အကောင် အထည်ဖော်လို့ရတဲ့ အကြံအစည်ကို မြင်သာအောင် ချရေး ထားလို့ရတယ်။ ဝန် ဆောင်မှုကို ကိုင်တွယ်ထိတွေ့ဖို့ ခက်တတ် ပေမဲ့ ခံစားလို့ရ တယ်။ ပင်ပန်းညောင်းညာ နေတဲ့အချိန်မှာ အနှိပ်ခံလိုက်ရင် ဝန်ဆောင်မှုဆိုတာကို ခံစား လို့ရသွား တယ်။ အတွေ့အကြုံကတော့ ကိုယ်ကိုယ်တိုင် ထိတွေ့ခဲ့ဖူး ပြီးသားဖြစ်နေ ရမယ်။ သူများ အတွေ့အကြုံကို တစ်ဆင့်ရောင်းစား လို့မရနိုင်ဘူး။ တောင်တက်ဖူးတဲ့အတွေ့ အကြုံ၊ မြစ်ရေကြမ်းကြမ်းမှာ ဖောင်စုန်ဖူးတဲ့ အတွေ့အကြုံ၊ တောထဲတောင်ထဲမှာ သားရဲတိရိစ္ဆာန် ကို အမဲလိုက်ဖူးတဲ့အတွေ့အကြုံ၊ စစ်တိုက်ဖူးတဲ့ အတွေ့ အကြုံ ဒါတွေလည်း ရောင်းလို့ ရတယ်။
သမိုင်းရောင်းလို့ရတာပေါ့ဗျာ။ ခိုင်မာတိကျပြီး ထင်ရှားတဲ့ သမိုင်းရှိတဲ့နေရာကို လည်ပတ် သွားလာခွင့်ဆိုတာ ရောင်းကုန် ပေါ့။ ဘိုးစဉ်ဘောင်ဆက် ပါးစပ်ဆင့် ကမ်းလာခဲ့တဲ့ ဒဏ္ဍာရီတောင် ရောင်းလို့ရသေးတာ စနစ်တကျပြုစု ထားတဲ့ သမိုင်းဟာ ရောင်းလို့ရ တာပေါ့။ နောက်တစ်မျိုးက သမိုင်းရှိတဲ့ကုန်စည်၊ ဥပမာ- ပုဂံမှာပုန်းရည် ကြီး ရောင်းတယ်။ အဲဒါဟာ ပုန်းရည်ကြီးဆို တဲ့စားဖွယ်ကို ရောင်း တာ မဟုတ်ဘူး။ သမိုင်းမှာ ထင်ရှားခဲ့တဲ့ ပုဂံနိုင်ငံတော်ဆိုတာ ရှိတယ်။ အဲဒီ ပုဂံနိုင်ငံတော်ကြီးကို အုပ်စိုးခဲ့ကြတဲ့ ပြည့်ရှင်ဘုရင်တွေ ပွဲတော်တည်တဲ့အခါ မရှိမဖြစ်ပါရတဲ့ ဟင်းအမယ် (အမည်) တစ်ခုက ပုန်းရည်ကြီးဖြစ် တယ်။ ဒါကြောင့် ပဲကချက်တဲ့ပုန်းရည်ကြီးဆိုတဲ့ အာဟာရစား ဖွယ်တစ်မျိုးဟာ သမိုင်းဝင် အစား အစာတစ်ခုဖြစ်တယ်။ အဲဒီသမိုင်းကို ရောင်းတာ။ ပုန်းရည်ကြီးချင်းတူရင် ပုဂံက ပုန်းရည်ကြီးကို ဝယ်မယ်။ သူ့မှာ သမိုင်းရှိတယ်။
အဲဒီလို ရောင်းကုန်တွေကို ရောင်း ကြတဲ့အခါ ကိုယ့်ပစ္စည်း၊ ကိုယ့်ကုန်စည် ဘယ်လောက် ကောင်းပါတယ် ဆိုတာကို အမွှမ်းတင်ပြီးရောင်းကြရပါတယ်။ အဲဒါ ကိုပဲ ကြော်ငြာတယ်တို့၊ အထူးအခွင့်အရေး ပေးတယ်တို့၊ လက်ဆောင်ပါတယ် တို့၊ ကန့်သတ်ကာလအတွင်း ဈေး လျှော့မယ်တို့ဆိုတဲ့ ဆွဲဆောင်မှုတွေနဲ့ အမွှမ်း တင်ကြတယ်။ ဒါပေမဲ့ အမွှမ်းတင်တိုင်း ရောင်း ကောင်းတာ တော့မဟုတ်ပါဘူး။ ရောင်းကောင်းချင်ရင် ကိုယ့်ရောင်းကုန်ကို ဝယ်သူ ကြိုက်အောင် သေသေချာချာ ပြင်ဆင်ထားဖို့ လိုပါတယ်။ ထပ်တလဲလဲ ဖြစ်စဉ်တွေကို ရှောင်ဖို့လိုပါတယ်။ နည်းသစ်တွေကို စဉ်းစားဖို့လိုပါတယ်။ မသိမသာပြောင်းလဲတဲ့ အပြောင်း လုပ်တတ်ဖို့လိုပါတယ်။ ဒီနေ့ ကမ္ဘာ ကျော်ကုန်စည်တွေဟာ သူတို့ရဲ့ အမှတ် တံဆိပ် တွေကို တဖြည်းဖြည်းနဲ့ မသိမသာ ပြောင်းယူ လာတာတွေ့နိုင်ပါတယ်။ နောက် လည်းပြောင်းဦးမှာပါပဲ။ ဒါဟာ သူတို့ပစ္စည်း သူတို့ကုန်စည်ရဲ့ ဈေးကွက် နေရာ ရမှုသမိုင်း ပါပဲ။ အဲဒီသမိုင်းကို သူတို့ဆက်ပြီး တည်ဆောက်သွားကြမှာပါ။ သမိုင်း ရှိသွားတဲ့ကုန် စည်ဟာ ခိုင်မာတဲ့ဈေးကွက်ဝေစုကိုရနိုင် ပါတယ်။ ဒါဆိုရင် ခိုင်မာ တဲ့ ဈေးကွက်ဝေစု ရအောင် ဘယ်လိုရောင်းမလဲ။ နိုင်ငံတကာလှည့်ပြီး ဈေး ရောင်းနေကြတဲ့ အရောင်း သမားကောင်းတွေဟာ ဒီနည်းစဉ်ကို သုံးကြပါတယ်။ Lead-Demand-Prospect- Opportunity- Purchase ဆိုတဲ့နည်းစဉ်ပါ။
Lead ဆိုတာကို အရောင်းနယ်ပယ်မှာ Lead လို့ပဲသုံးပါတယ်။ လမ်းပြတာ၊ လမ်းထွင် တာပါ။ သူမပါဘဲနဲ့ ဘယ်ရောင်းကုန်မှ ရောင်းမထွက်ပါဘူး။ အဲဒီ အဆင့်ဟာ လမ်းရှာ ရတဲ့အဆင့်ပါ။ အရောင်းကို ဦးဆောင်မယ့်သူက သူ့ကုန်စည် ရောင်းရနိုင် မယ့်အခြေအနေ အားလုံးကို သုံးသပ်ပြီးလမ်း ကြောင်းရှာ လမ်းပြရ တာပါ။ အဲဒီအဆင့်မှာ အရောင်း ဦးဆောင်သူဟာ သူ့ကုန်စည်ကို ဝယ်နိုင်မယ့်၊ ဝယ်ချင်မယ့်အလားအလာ ရှိသူတွေကို စာရင်းပြုစုရပါတယ်။ အဲဒီ အလားအလာ ရှိနိုင်တဲ့ ဝယ်ယူသူတွေကို ချဉ်းကပ်ရာမှာ ဘယ်သူကနေတစ်ဆင့်ဝင်ရ ထွက်ရ မလဲဆိုတဲ့ စာရင်းလည်း လုပ်ရပါတယ်။ ပြီးရင် သူ့ကုန်စည်အကြောင်းကို ကြော်ငြာရပါတယ်။ ပြီးတော့ ဘယ်သူ တွေက သူ့ကုန်စည် အကြောင်းကို ဘာတွေ ပြောနေသလဲ ဆိုတာကိုလည်း လေ့လာရ ပါတယ်။ အဲဒီအခြေ ခံတွေကို လေ့လာတဲ့ လုပ်ငန်းစဉ်ကို Lead လို့ခေါ်တာပါ။
အဲဒီပထမဖြစ်စဉ်ကနေ လိုချင်တဲ့ အချက်အလက်တွေ စုဆောင်းပြီးပြီဆိုရင် ဖြစ်နိုင်ခြေကို ခွဲခြမ်းစိတ်ဖြာလေ့လာရပြန် ပါတယ်။ အဲဒီအဆင့်ကို ပြီးမြောက် တော့မှ ဒုတိယ ခြေလှမ်း ဖြစ်တဲ့ ဝယ်သူလိုချင်စိတ် ဖြစ်လာအောင် လုပ်ရတာပါ။ အဲဒါက Demand ဖြစ်ပါတယ်။ ကိုယ့်ကုန်စည်က ဈေးကွက်ထဲမှာ ရှိမနေ သေး ပါဘူး။ ဝယ်နိုင် ခြေရှိသူတွေဆီကို ကိုယ်တိုင်ဖုန်းဆက်တွေ့ ခွင့်တောင်း၊ သပ်သပ်ရပ်ရပ် ဝတ်စားပြီး ကိုယ်တိုင်အရောက်သွား မိတ်ဆက်၊ မိတ်ဖွဲ့ပြီးခင် အောင်ပေါင်း ကိုယ့်ရောင်းကုန်အကြောင်း ပြောပြ၊ ဝယ်ဖို့အလား အလာရှိတဲ့ သူဘာတွေ ကြိုက်တတ်သလဲဆိုတာ ကြိုလေ့လာထား ပြီး သူ့အကြိုက် တွေပြော၊ တစ်ဖက်လူက လိုလိုလားလားရှိပုံပြပြီး စကားပြန်ပြောပြီ ဆိုရင် သေသေချာချာ စိတ်ဝင်တစားနား ထောင်။ ကိုယ်သိပြီးသားဖြစ်ပေမဲ့ မသိသေး ယောင်ဆောင်ပြီး (သူဖြေနိုင်မယ့်) မေးခွန်း တချို့မေး။ အဲဒီထဲကနေ အချက်အလက် တွေမှတ်လာ။ သိပ်ကိုကျေးဇူးတင်ပါ ကြောင်း၊ အကြံပေးတာတွေကိုလိုက်နာလုပ် ဆောင်မယ့် အကြောင်းပြော။ နောက်ထပ် ဆုံချင်ပါသေးကြောင်း၊ ပညာတွေယူချင်ပါ သေးကြောင်းပြော။ ဒါဆိုတစ်ဆင့်အောင် ပါပြီ။ အဲဒီအဆင့်မှာ လူများများနဲ့စကား ပြောနိုင်ရပါမယ်။ စိတ်ရှည်ရ ပါမယ်။ အဲဒီ ပညာရပ်တွေသင်ပေးတဲ့သင်တန်းတွေ စုံ အောင်တက်ထားဖို့လိုပါတယ်။ စကားပြော နည်းသင်တန်းတို့၊ ကိုယ်အမူအရာ လေယူ လေသိမ်းအဖြတ်အတောက် စတာတွေကို သင်ပေးတဲ့သင်တန်းတို့၊ အဝတ်အစားဝတ် ဆင်နည်းသင်တန်းတို့၊ အစားအသောက်ကို ပုံပမ်းကျကျ စားနည်းသင်တန်းတို့ တက် ထားပြီး လေ့ကျင့်ထားရ ပါမယ်။
ပြီးတော့မှ နောက်တစ်ဆင့်ဖြစ်တဲ့ တကယ့်အလားအလာ (Prospect) ရှိသူ တွေကို ဆန်ခါ တင်ထပ်ရွေး။ အဲဒီလူတွေ ကမှ ကိုယ့်ရဲ့ပစ်မှတ်ဖြစ်လာမှာ။ ဒီအဆင့် ကိုရောက်ရင် ဝယ်လို အားတွေ၊ ဝယ်နိုင်ခြေ တွေရှိတိုင်း ဝယ်မှာမဟုတ်ဘူး။ အဲဒါ ဟာ Demand အဆင့်မှာ ထားခဲ့ရမှာ။ Prospect ကတော့ တကယ့်ကို သေချာ ပေါက် ကိုယ်ရောင်းချင်တဲ့ဈေးနဲ့ ဝယ်မယ့် အလားအလာပါ။ သူ့ကို အပြည့်အဝ ဂရုစိုက်ပါ။ ကိုယ့်ဘက်က နည်းနည်းလေးမှ ချို့ယွင်း သွားလို့မဖြစ်ပါဘူး။ ခြေ ချော်လက်ချော်နဲ့ ချို့ယွင်းသွားခဲ့ရင်လည်း လက်လွှတ် လိုက်ရမှာပါ။ တောင်းပန်ဖို့ မစဉ်းစားပါနဲ့တော့။ Prospect တွေဟာ ကွဲလွယ်ကြေ လွယ် ပါတယ်။ ကိုယ် တကယ် ရောင်းမယ့်ဈေးကို အပြီးသတ်ညှိနှိုင်းရမှာလည်း အဲဒီအလား အလာ အရှိဆုံးပုဂ္ဂိုလ် (Prospect) နဲ့ပါပဲ။ သူ့အတွက် အချိန်ပေးရ ပါမယ်။ စိတ်ရှည်ရ ပါမယ်။ ဒါဆိုရင် နောက်တစ်ဆင့်ဖြစ်တဲ့ ဈေးရောင်းခွင့်အခွင့်အလမ်း (Opportunity) ဆီကိုရောက်ပါပြီ။ အဲဒီအဆင့်မှာ တကယ်ဝယ်မယ့် Prospect ဆီကအခွင့် အလမ်းကို ကိုယ်လိုပဲရှာဖွေချဉ်းကပ်နေသူ တွေရှိနေမှာပါ။ အဲဒီ အခွင့်အလမ်း ကိုယ့်လက်ထဲမှာ ဆုပ်ကိုင်မိဖို့ သိပ်အရေးပါပါတယ်။ ကိုယ့်ရောင်း ကုန်ကို ရောင်းခွင့်ရဖို့ နောက်ဆုံး အား ထုတ်ခြင်းလည်း ဖြစ်ပါတယ်။ အဲဒီအဆင့် မှာ သတိထားရမယ့်အရာက Social Skills လို့ခေါ်တဲ့ လူမှုဆက်ဆံ ရေးပါပဲ။ တကယ်ဝယ်မယ့်သူ (Prospect) ရဲ့စိတ်ထဲမှာ ကိုယ့်ကို အရောင်းသမားတစ် ယောက်လို့မမြင်တော့ဘဲ သူနဲ့နှစ်ပေါင်းများစွာကတည်းက ခင်မင် လာတဲ့ မိတ်ဖက် မိတ်aဆွတစ်ယောက်အဖြစ် သူ့အကျိုးကိုလိုလား သူအဖြစ် မြင်သွား အောင် Social Skills က တတ်နိုင်ပါတယ်။ ဒါကြောင့် ဒီနေ့နိုင်ငံတကာမှာ အရောင်း သမားတွေကို Social Skills ဘာသာရပ်ကို အထူးပြုပြီးသင်ကြား ပေးကြပါတယ်။
နောက်ဆုံးမှာတော့ ရောင်းချခွင့် အခွင့်အလမ်းဟာ ကိုယ့်လက်ထဲကို ရောက်လာပါပြီ။ ကိုယ့်ရဲ့ရောင်းကုန်ကိုဝယ်ယူဖို့ Prospect က သဘောတူလိုက်ပါပြီ။ ဝယ်ယူလိုက်ပါပြီ။ Purchase ဆိုတဲ့အဆင့်မှာ တကယ့်ဖြစ်စဉ်အမှန်က ကိုယ်ကရောင်း လိုက်တာပါ။ ဒါပေမဲ့ အလားအလာရှိသူ (Prospect) ရဲ့အမြင်မှာ တော့ တန်လွန်းလို့၊ ကောင်းလွန်းလို့ ဝယ် ယူလိုက်တာပါ။ ဝယ်တတ်လိုက်တာ၊ အဆင်ပြေလိုက်တာ၊ တန်လိုက်တာ၊ အရတော် လိုက်တာဆိုတဲ့ စိတ်ဝင် သွားပါ တော့တယ်။ ဒါကြောင့် ဒီအဆင့်ကို ရောင်းတယ်လို့ မပြောဘဲ ဝယ်တယ်လို့ ပြောရခြင်းပါ။ Prospect က ဝယ်ယူလိုက်ရလို့ ကျေနပ်တယ်။ အရောင်းသမား က ပိုက်ဆံရလိုက်လို့ ကျေနပ်တယ်။ တကယ် တော့ ဝယ်သူနဲ့ရောင်းသူ ကြည်ဖြူ ကြဖို့ပဲ မဟုတ်ပါလားခင်ဗျာ။
Credit: B2B Myanmar