-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာထဲက စာသားတွေကို လူတွေ သတိထားမိနိုင်စေဖို့အတွက်

“ ဘယ်သူမှ ကြော်ငြာစာသားကို စိတ်မဝင်စားဘူး။ ” မှန်လား မှားလား။ ဒါက အခြေအနေနှစ်ရပ်အပေါ် မူတည်နေပါတယ်။ ပထမအချက်ကတော့ ခင်ဗျားကြော်ငြာနေတဲ့ ကုန်ပစ္စည်း အမျိုးအစားတွေကို လူဘယ်နှစ်ယောက်လောက်က စိတ်ဝင်စားလဲ ဖြစ်ပါတယ်။

အမျိုးသမီးအများအပြားက အစားအသောက်နဲ့ ပတ်သက်တဲ့ ကြော်ငြာစာသားတွေကိုတော့ ဖတ်ကြပါတယ်။ ဒါပေမယ့် ဆေးပြင်းလိပ်ကြော်ငြာဆိုရင်တော့ အနည်းစုကပဲ ဖတ်မှာပါ။

ဒုတိယအချက်ကတော့ ခင်ဗျားကြော်ငြာမှာ သုံးထားတဲ့ပုံနဲ့ ခေါင်းစီးဟာ ဘယ်လောက်များများကို စိတ်ပါဝင်စားစေလဲ ဖြစ်ပါတယ်။ မဂ္ဂဇင်းက ကြော်ငြာတစ်ခုမှာပါတဲ့ စာသားကို ဖတ်ရှုတဲ့ ပျမ်းမျှအရေအတွက်က ၅% ရှိပါတယ်။ ရီးဒါးဒိုင်ဂျက်ရဲ့ စောင်ရေ ၁ သန်းခွဲကို သတိမထားမိခင်မှာတော့ ဒီပမာဏဟာ အားရစရာ မကောင်းဘူးလို့ ထင်ပါလိမ့်မယ်။

ကိုယ့်ကြော်ငြာကို ဖတ်ရှုသူတွေကို အားကစားရုံကြီးတစ်ခုထဲမှာ စုဝေးနေကြသူတွေလို့ သဘောမထားပါနဲ့။ ကြော်ငြာကို ကြည့်ချိန်မှာ သူတို့အားလုံးက တစ်သီးတစ်ခြားစီ နေကြသူတွေဖြစ်ပါတယ်။ Client ကိုယ်စား တစ်ယောက်ခြင်းစီကို စာရေးပို့နေတယ်လို့ ကိုယ့်ကိုယ်ကို ခံယူရမှာပါ။ တစ်ယောက်က တစ်ယောက်ကို ပြောတာဖြစ်လို့ အနည်းကိန်းနာမ်စားသာ သုံးရပါမယ်။

Gladstone က သူမကို လူအများကို ခေါ်ဝေါ်သလိုပြောဆိုကြောင်း ဝိတိုရိယဘုရင်မကြီးက စောဒကတက်ဖူးပါတယ်။ သူမက Disraeli ကို ပိုသဘောကျပါတယ်။ စကားပြောရင်လည်း သူမကို လူသားတစ်ဦးလိုသာ ပြောဆိုဆက်ဆံပါတယ်။ ကြော်ငြာစာသားရေးမယ်ဆိုရင် Disraeli ကို အတုယူသင့်ပါတယ်။

ကြော်ငြာဓာတ်ပုံတွေကို သက်ဝင်လှုပ်ရှားလာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်း (၁၅) ခု

ဒါက ထင်ထားသလောက်လည်း မလွယ်ပါဘူး။ Copywriter လုပ်ဖူးတဲ့ Aldous Huxley က ပြောဖူးပါတယ်။ ထိရောက်တဲ့ကြော်ငြာတစ်ခု ရေးဖို့ထက် ကောင်းပါတယ်ဆိုတဲ့ ဆယ့်လေးကြောင်းကဗျာ ၁၀ ပုဒ် ရေးရတာက ပိုလွယ်ပါတယ်။

ပျင်းစရာကောင်းလို့လည်း မရပါဘူး။ စိတ်ဝင်စားအောင်သာ လုပ်ရမှာ ဖြစ်ပါတယ်။ စာကြောင်းအတို၊ စာပိုဒ်အတိုတွေသာရေးသင့်ပြီး ခက်ခဲတဲ့ စကားလုံးမျိုးတွေ ရှောင်သင့်ပါတယ်။

တစ်ခါတုန်းက Dove ဆပ်ပြာကြော်ငြာမှာ “ ပုံမလာခြင်း ” ဆိုတဲ့စကားလုံးကို ကျွန်တော်သုံးမိလိုက်တာမှာ အိမ်ရှင်မတွေက နားမလည်ကြတာနဲ့ “ ခေတ်မမှီခြင်း ” ဆိုပြီး ပြောင်းခဲ့ရပါတယ်။ Hathaway ရှပ်အတွက် “ ပုံဖော်ခြင်းငှာ မစွမ်းသာ ” ဆိုတဲ့ စကားလုံးကို သုံးတုန်းကလည်း သတင်းထောက်တစ်ယောက်က ဘာအဓိပ္ဗာယ်လဲ ဆိုပြီး ဖုန်းဆက်မေးပါတယ်။

ယောင်းဝါးအဖြစ်ဆုံးအတွေးတွေ တွေးခဲ့တာ မဟုတ်ဘူး။ အခုဆိုရင်တော့ ကျွန်တော့်ဖုန်းဘေးမှာ အဘိဓာန် တစ်အုပ်ချထားလိုက်ပါပြီ။

Copywriter တွေ လူသိနည်း၊ အသုံးနည်းတဲ့စကားလုံးတွေ သုံးချင်လို့ ကျွန်တော်နဲ့ ငြင်းခုန်ကြတဲ့အခါတိုင်း၊ ကျွန်တော် သူတို့ကို ပြောလေ့ရှိပါတယ်။ “ ဘတ်စ်တစ်စီး စီးပြီး အိုင်အိုဝါပြည်နယ်ကိုသွားပါ။ လယ်ထဲမှာ တစ်ပတ်တည်းခိုပြီး လယ်သမားတွေနဲ့ စကားပြောကြည့်ပါ။ နယူးယောက်ကို ရထားနဲ့ပြန်လာပြီး၊ ရထားစီးဖော်တွေနဲ့ စကားပြောကြည့်ပါ။ အဲ့ဒီ့အချိန်မှာမှ ဒီစကားလုံးမျိုး သုံးချင်နေရင်တော့လည်း သုံးပေါ့။ ”

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )

Myanmar Advertising Directory 

Read times
Rate this item
(1 Vote)