-->
×

Warning

JUser: :_load: Unable to load user with ID: 29

ကိုကာကိုလာလို့ ပြောလိုက်ရင် မသိတဲ့သူ မရှိသလောက်ပါပဲ။ ဒီအချိုရည် ကုမ္ပဏီကို ၁၈၈၆ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တာဖြစ်ပြီး အချိုရည်လုပ်ငန်းကဏ္ဍမှာတော့ ပထမဦးဆုံးသော ပေါ်ထွက်လာတဲ့  သက်တမ်းကြာ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ 

 

ယခုအချိန်ထိ နှစ်ပေါင်း (၁၃၇) နှစ် ကြာသည့်တိုင်အောင် သူ့ရဲ့ အောင်မြင်မှုကတော့ တရိပ်ရိပ် ဆက်တက်နေတုန်းပါပဲ။

 

ကိုကာကိုလာအနေနဲ့ သူ့ရဲ့ အချိုရည်လုပ်ငန်းကို လူတွေ သိအောင် ဘယ်လိုလုပ်ခဲ့သလဲ၊ ဘယ်လို အောင်မြင်တဲ့ ကြော်ငြာတွေ ဖန်တီးခဲ့သလဲဆိုတာ အားလုံးပဲ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ကြော်ငြာတဲ့ ပုံစံဟာ အခုချိန်ထိ အသွင်အမျိုးမျိုးနဲ့ လူတွေကို ဆွဲဆောင်နိုင်နေဆဲ ဖြစ်နေတာကြောင့်ပါ။

 

၁။ Coca-Cola Coupon ( 1887 )

 

ကိုကာကိုလာကုမ္ပဏီ တည်ထောင်ပြီး တစ်နှစ်အကြာမှာ Coca Cola Coupon ကို စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အချိုရည် ဝယ်ယူသောက်သုံးသူတွေ အနေနဲ့ ဒီကူပွန်လေး ရထားတယ်ဆိုရင် Coke တစ်ခွက် အလကား သောက်ခွင့်ရမှာပါ။

 

1887

 

၂။ Coca-Cola’s Earliest Print Ads ( 1890 )

 

ကိုကာကိုလာရဲ့ ပထမဦးဆုံးသော ကြော်ငြာလေး ဖြစ်ပါတယ်။ ဒီကြော်ငြာလေးထဲမှာဆိုရင် “ Refreshing & Invigorating “ ဆိုတဲ့ ကြော်ငြာဆောင်ပုဒ်လေးကို ထည့်သွင်းထားပါတယ်။ ဈေးနှုန်းကတော့ 5 Cents ဖြစ်ပြီး ၁၉၅၉ ခုနှစ်ထိ ဈေးမပြောင်းခဲ့ဘူးလို့ ကိုကာကိုလာကုမ္ပဏီက ဆိုပါတယ်။

 

1890

 

၃။ The First Celebrity Coca-Cola Ads ( 1900 )

 

၁၉၀၀ ပြည့်နှစ်မှာ ပေါ်ထွက်လာတဲ့ ဒုတိယ ကြော်ငြာတစ်ခု ဖြစ်ပြီး နာမည်ကြီး အဆိုတော်နဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီး Hilda Clark က ကိုကာကိုလာ အမှတ်တံဆိပ်ပါတဲ့ နာရီ၊ ကူပွန်တွေနဲ့အတူ ကြော်ငြာရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

 

1900

 

၄။ Coca-Cola’s First Billboard ( 1925 )

 

ပထမဆုံးသော ကြော်ငြာဘေဘုတ်တစ်ခု ဖြစ်ပါတယ်။ ကိုကာကိုလာကို လူတွေ ဘယ်လောက် သောက်နေပြီး ဘယ်လောက် အောင်မြင်နေပြီဆိုတာ ဖော်ပြတဲ့ ကြော်ငြာဘေဘုတ်တစ်ခုဆိုရင် မမှားပါဘူး။

 

1925

 

၅။ Coca-Cola’s Paint Ads ( 1931 )

 

ခရစ်စမတ်ဘိုးဘိုး Santa Claus က ကိုကာကိုလာပုလင်း ကိုင်ထားတဲ့ ပုံဟာ စနေနေ့ ညနေခင်း မဂ္ဂဇင်းတွေမှာ အချိန်မှန်မှန် ပါလာခဲ့ပါတယ်။ ဒီပုံကို ရေးဆွဲခဲ့သူကတော့ Haddon Sundblom ဖြစ်ပြီး ၁၉၃၁ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်ထိ ၃၃ နှစ်တိုင်တိုင် ရေးဆွဲပေးခဲ့ပါတယ်။

 

1931

 

၆။ Olympic Record Keepers ( 1932 )

 

လော့အိန်ဂျလီမှာ ၁၉၃၂ ခုနှစ်တုန်းက ကျင်းပတဲ့ နွေရာသီ အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေကို ကိုကာကိုလာက “ Olympic Record Keepers “ ဆိုတဲ့ တံဆိပ်ပြားတွေ ပေးခဲ့ပါတယ်။ အမျိုးမျိုးသော အားကစားတွေ ပြိုင်တဲ့အခါ World Record တွေ သိမ်းထားနိုင်အောင်လို့ လို့ ဆိုပါတယ်။ ဒါလည်း သူ့ရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်ကို ကြော်ငြာနည်း တစ်မျိုးပါပဲ။

 

1932

 

၇။ Coca-Cola’s Calendar Ads ( 1935 )

 

၁၉၂၈ ခုနှစ်နဲ့ ၁၉၃၅ ခုနှစ်အတွင်းမှာ ပန်းချီဆရာ Norman Rockwell က ကိုကာကိုလာ ကြော်ငြာထဲမှာ ထည့်သွင်း အသုံးပြုဖို့အတွက် လူငယ်လေးတစ်ယောက်က သစ်ပင်ပေါ်ကနေ ငါးမျှားရင်း ကိုလာသောက်နေတဲ့ ပုံကို ရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၃၇ ခုနှစ်မှာ “ Out Fishin “ ဆိုတဲ့ နာမည်နဲ့ ပြက္ခဒိန် ထုတ်ခဲ့ပါတယ်။ 

 

1935

 

၈။ Coca-Cola’s Ads ( 1944 )

 

ဒုတိယကမ္ဘာစစ်ကြီး ပြီးတော့ အမေရိကန် စစ်သားတွေ အိမ်ပြန်လာပါတယ်။ အဲဒီအချိန်မှာ စစ်သားတစ်ယောက်က နံရံမှာ ကပ်ထားတဲ့ ကိုကာကိုလာကြော်ငြာကို တွေ့ပြီး “ ငါ့ရဲ့သူငယ်ချင်းဟောင်းကြီး “ ဆိုပြီး ပျော်သွားတဲ့ပုံကို ဖော်ပြထားပါတယ်။

 

1944

 

၉။ Coca-Cola’s Yes Girl Billboard ( 1946 )

 

၁၉၄၆ ခုနှစ်မှာ လွှင့်တင်ခဲ့တဲ့ Yes Girl ဆိုတဲ့ ဘေဘုတ်ကတော့ ကိုကာကိုလာရဲ့ ပွဲဦးထွက် အကြီးဆုံး ဘေဘုတ်ကြော်ငြာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီဘေဘုတ်ကိုလည်း Haddon Sundblom ရေးဆွဲပေးခဲ့တာပါ။

 

1946

 

၁၀။ Coca-Cola’s 65th Anniversary ( 1946 )

 

ဒီကြော်ငြာပုံကတော့ ကိုကာကိုလာရဲ့ ၆၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ကို ကျင်းပ ပြုလုပ်ခဲ့တုန်းက ပုံ ဖြစ်ပါတယ်။ ၁၈၈၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ကိုကာကိုလာဟာ ၁၉၄၆ ခုနှစ်မှာ သက်တမ်း ၆၅ နှစ် ပြည့်ခဲ့ပါပြီ။

 

1951

 

၁၁။ Coca-Cola’s Ads ( 1957 )

 

အာဖရိကန် - အမေရိကန် အမျိုးသမီး Mary Alexander ဟာ ကိုကာကိုလာ ကြော်ငြာမှာ ပထမဦးဆုံး ပါဝင်ခဲ့တဲ့ မော်ဒယ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်တွေ အတွင်းမှာ သူမဟာ ကိုကာကိုလာအတွက် ပရင့်ကြော်ငြာ ၁၅ ခုမှာလည်း ပါဝင် သရုပ်ဆောင်ပေးခဲ့ပါတယ်။

 

1957

 

၁၂။ Coca-Cola’s " Buy the world a Coke " Song ( 1971 )

 

ကိုကာကိုလာရဲ့ " I’ve like to buy the world a Coke " ဆိုတဲ့ သီချင်းကို ၁၉၇၁ ခုနှစ်မှာ နိုင်ငံတကာက လူငယ်ပေါင်းများစွာက သီဆိုခဲ့ကြပါတယ်။ ဒီသီချင်းကို Bill Backer, Billy Davis, Roger Cook နဲ့ Roger Greenaway ဆိုသူတို့ အတူပေါင်းစပ် ရေးသားပေးခဲ့တာ ဖြစ်ပြီး UK နဲ့ US နိုင်ငံတွေမှာ အတော်ကို အောင်မြင် ကျော်ကြားခဲ့ပါတယ်။

 

1971

 

၁၃။ Coca-Cola’s Ads ( 1979 )

 

ဘောလုံးအားကစားသမား တစ်ဦးဖြစ်တဲ့ Joe Greene က ကိုကာကိုလာကို မော့သောက်နေတဲ့ပုံဟာ ရေပန်းစားတဲ့ ကြော်ငြာဓာတ်ပုံတစ်ခု ဖြစ်ခဲ့ပါတယ်။ ကောင်လေးတစ်ယောက်က Greene ကို ကိုလာတစ်ပုလင်း ပေးခဲ့ပြီး သူက ကောင်လေးကို သူ့ရဲ့ သိုးမွှေးဆွယ်တာလေး လက်ဆောင်ပြန်ပေးခဲ့ပါတယ်။ 

 

1979

 

၁၄။ Coca-Cola’s Diet Coke ( 1982 )

 

ကိုကာကိုလာကနေ ၁၉၈၂ ခုနှစ်မှာ Diet Coke ဆိုတဲ့ အချိုရည်ကို ထပ်မံ ထုတ်လုပ်ခဲ့ပါတယ်။ Diet Coke ဟာ ကယ်လိုရီ လျှော့ချလိုတဲ့သူတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ပြီး အမေရိကန် အချိုရည်ဈေးကွက်ကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။

 

1982

 

၁၅။ Coca-Cola’s Cherry Coke ( 1985 )

 

၁၉၈၅ ခုနှစ်မှာ နောက်ထပ် အချိုရည်တစ်မျိုးကို ထပ်ပြီး ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ Cherry Coke လို့ အမည်ရပြီး အမေရိကန် တော်တော်များများဟာ ကလေးတွေလို စွဲစွဲလမ်းလမ်းနဲ့ နှစ်သက်ခဲ့ကြတဲ့ အထိပါပဲ။

 

1985

 

၁၆။ Coca-Cola’s New Coke ( 1985 )

 

၇၉ နှစ် ကြာပြီးတဲ့ နောက်မှာ ကိုကာကိုလာဟာ ပထမဦးဆုံး ထုတ်လုပ်ခဲ့တဲ့ မူလ Coke ဘူးကို ဒီဇိုင်းအသစ် ပြန်လည် ပြောင်းလဲပြီး ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လူတွေက မနှစ်မြို့ကြတာကြောင့် မူရင်းဘူးပုံစံအတိုင်းပဲ ပြန်ထုတ်ခဲ့ရပါတယ်။

 

1985 A

 

၁၇။ Coca-Cola’s Ads Slogan ( 1991 )

 

ကိုကာကိုလာရဲ့ “ Can’t beat the real Things “ ဆိုတဲ့ ဆောင်ပုဒ်ဟာ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် လူအများကြားမှာ ရေပန်းစားတဲ့ ကြော်ငြာဆောင်ပုဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။

 

1991

 

၁၈။ Coca-Cola’s “ Always “ Campaign ( 1993 )

 

ပိုလာဝက်ဝံလေးတစ်ကောင်က ကိုကာကိုလာပုလင်းကို ကိုင်ထားတဲ့ ပုံဟာ ၁၉၉၃ ခုနှစ်မှာ “ Always “ ဆိုတဲ့ Campaign ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီကမ်ပိန်းကို Holiday Ads တွေမှာ အသုံးပြုခဲ့ပါတယ်။

 

1993

၁၉။ Coca-Cola’s Sales Booth ( 2004 )

 

ကိုကာကိုလာဟာ ၂၀၀၄ ခုနှစ်တုန်းကစပြီး အာဖရိက အနောက်မြောက်ဘက် ကမ်းရိုးတန်း အနီးမှာ တည်ရှိတဲ့ Cape Verde ကျွန်းမှာ Sales Booth လေးတွေ ဖွင့်ပြီး အရောင်းမြှင့်တင်ခဲ့ပါတယ်။

 

2004

 

၂၀။ World of Coca-Cola Museum ( 2007 )

 

ကိုကာကိုလာ ကုမ္ပဏီရဲ့ သမိုင်းကြောင်းတွေကို မြင်တွေ့နိုင်မယ့် Coca-Cola Museum ဟာ Atlanta, Georgia မှာ တည်ရှိပါတယ်။ ပြတိုက်ကို ၁၉၉၀ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ပြတိုက်ကို နှစ်စဉ် လေ့လာသူပေါင်း 9 Millions ကျော် ဝင်ရောက်ပြီး လာရောက် လေ့လာသူ အများဆုံး နေရာအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

 

2007

 

၂၁။ “ Share a Coke “ Campaign ( 2011 )

 

သြစတြေးလျနိုင်ငံမှာ “ Share a Coke “ ဆိုတဲ့ ကမ်ပိန်းတစ်ခုကို ၂၀၁၁ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ပြီး ဒီကမ်ပိန်းဟာ ကိုကာကိုလာရဲ့ သက်တမ်းတစ်လျှောက် အအောင်မြင်ဆုံး ကမ်ပိန်းဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အမေရိကန်နိုင်ငံတွေမှာ ဒီကမ်ပိန်းကို ထပ်မံ မိတ်ဆက်ခဲ့ပါတယ်။

 

2011

 

၂၂။ “ Catch “ Campaign ( 2012 )

 

ပိုလာဝက်ဝံလေး (၂) ကောင်က အရောင်မတူညီတဲ့ လည်စည်းလေးကို ဝတ်ဆင်ပြီး ဂိမ်းတစ်ခုကို အတူတူ ကြည့်နေကြပြီး လည်စည်းအရောင်မတူတာကတော့ သူတို့ အားပေးတဲ့ အသင်းတွေကို ဖော်ပြထားတာပါ။ ကြည့်နေရင်းနဲ့ ကိုကာကိုလာ ပုလင်းကို လိုက်ဖမ်းကြတဲ့ ပုံစံမျိုး သရုပ်ဖော်ထားပါတယ်။

 

Coca-Cola Animated Polar Bears to "Catch" the Big Game | Press Release

 

၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ TV, Radio Advertising တွေနဲ့ Billboard Advertising တွေတင် မကတော့ပဲ Social Media နဲ့ Digital Advertising တွေလည်း စတင် ခေတ်စားလာတာကြောင့် ကိုကာကိုလာ ကုမ္ပဏီဟာ သူ့ရဲ့ အရောင်းမြှင့်တင်ရေး ကြော်ငြာလုပ်ငန်းတွေကို ယခင်ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာပါတယ်။

 

Billboard နဲ့တစ်သွယ်၊ TV နဲ့ တစ်မျိုး၊ Digital Advertising နဲ့ တစ်ဖုံ အမျိုးမျိုး ကြော်ငြာပြီး သူ့ရဲ့ အောင်မြင်မှုကို ဆက်လက် အရှိန်မြင့်လာခဲ့တာ အခုချိန်ထိ တိုင်အောင်ပါပဲ။ နှစ်ပေါင်း (၁၃၇) နှစ် ကြာသည်အထိ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်တာကတော့ တကယ်အံ့မခန်းပါပဲ။

 

Su Mon Oo ( Mine )

Published in Outdoor Advertising

ခြံစည်းရိုးနံရံကပ်ဆိုင်းဘုတ်တင်ခွင့် Online မှတဆင့် လျှောက်ထားခြင်း

Published in Outdoor Advertising

ရုပ်မြင်သံကြား ကြေငြာခြင်း ဈေးကွက်များကို ဖော်ပြပေးလိုက်ပါတယ်။

Published in Marketing

၂၀၂၀ တရုတ်နှစ်သစ် ကြွက်နှစ်ကို ကြိုဆိုသည့် အနေဖြင့် ကမ္ဘာတစ်လွှားမှ ကြော်ငြာရှင်များ အထူးသဖြင့် အာရှမှ ကြော်ငြာဖန်တီးသူများသည် တရုတ်နှစ်သစ်ကူးအတွက် ကြော်ငြာအလန်းစား များဖန်တီးကြတယ်။

Published in Global

တရုတ်နိုင်ငံ Online ရုပ်မြင်သံကြားလိုင်းတွေမှာ Register မှတ်ပုံတင်စနစ် နဲ့သွားပါတယ်။ မှတ်ပုံတင်တဲ့အခါ ယောင်္ကျားလေးလား မိန်းကလေးလား ရွေးချယ်ရပါတယ်။ အဲ့လို ရွေးချယ်လိုက်တာက ကို့အတွက် အကျိုးရှိစေပါတယ်။

Published in Global

လူများစုက ကြော်ငြာဆိုတာနဲ့ စိတ်ညစ်နေတတ်ကြတယ်။

Published in Local

၂၀၁၉ ခုနှစ် Burger King ထုတ်ကုန် Whopper ၏ကြော်ငြာအားလုံး မှာ လျို့ဝှက် ထားတဲ့ အရာ လေးတစ်ခုရှိပါတယ်။

Published in Global

iPhone ကုမ္ပဏီ မှ ပြီးခဲ့တဲ့စက်တင်ဘာ လ က သူတို့ရဲ့ iPhone 11 Pro စမတ်ဖုန်း အသစ် ကို ပွဲထုတ် မိတ်ဆက်ခဲ့ပါတယ်။

Published in Global

Ginvera Green Tea ကြော်ငြာလေးက မြန်မာ့ ကြော်ငြာ ရွှေခေတ် က ကြည့်ရှုမဝ နိုင်တဲ့ ကြော်ငြာလေးတစ်ခု ဖြစ်ပါတယ်။

Published in Broadcasting

ဒီတခါထပ်မံအလှည့်ကျလာသူလေးက ကြော်ငြာ Influencer လေး Finn Wolfhard ပဲ ဖြစ်ပါတယ်။

Published in Global
Page 1 of 3