-->
×

Warning

JUser: :_load: Unable to load user with ID: 29


Miss Universe Brand ဝယ်ထားသည့်အတွက် ကုမ္ပဏီ တိုးချဲ့နိုင်မည်ဟု ဆို

Miss Universe Brand ဝယ်ထားသည့်အတွက် ကုမ္ပဏီ တိုးချဲ့နိုင်မည်ဟု ဆို

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ထိုင်း စတော့အိပ်ချိန်း စာရင်းဝင်  JKN Global Group သည်  မီဒီယာ နှင့်  အကြောင်းခြင်းရာ(content)  လုပ်ငန်းကြီး ဖြစ်ပြီး Miss Universe ဝယ်ထားသည့်အတွက်  ကုမ္ပဏီသည်  အကြောင်းခြင်းရာများ ဖန်တီးထုတ်လုပ်ခြင်းအပြင် ကူးသန်းရောင်းဝယ်ရေးကိုပါ တိုးချဲ့လုပ်ကိုင်နိုင်မည်ဟု ကုမ္ပဏီ၏ စီအီးအို အမျိုးသမီး Jakkaphong Jakrajutatip က ပြောကြားသည်။

Miss Universe Brand ဝယ်ယူမှုကုန်ကျစရိတ်ကို Miss Universe ကြောင့် ရရှိသည့်ဝင်ငွေက  ၂ နှစ်မှ ၃ နှစ်အတွင်း  ကာမိနိုင်မည်ဟု ကုမ္ပဏီက မျှော်လင့်ထားသည်။

ဇန်နဝါရီလတွင် ကျင်းပမည့် အလှမယ်ပြိုင်ပွဲသည် ကိုဗစ်မတိုင်ခင် ကာလ ဝင်ငွေရေချိန်ထက် ၂၅% ပိုများလိမ့်မည်ဟုလည်း ခန့်မှန်းထားသည်။ 

 JKN Global Media ၏ စီအီးအိုလည်း ဖြစ်သူ  Jakkaphong Jakrajutatip က နိုင်ငံတကာစံများနှင့်အညီ Miss Universe အလှမယ်ပြိုင်ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ထိုင်းအစိုးရအနေဖြင့် Miss Universe အလှမယ်ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် လက်ခံကျင်းပပေးခြင်းဖြင့် ခရီးသွားဘုပ်ငန်း ဝင်ငွေတိုးစေနိုင်ကြောင်းလည်း ပြောကြားသည်။ 

.

JKN က Miss Universe Organization (MUO) ကို  IMG Worldwide LLC ထံမှ ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့သည်။ IMG Worldwide LLC ကို အမေရိကန်အခြေစိုက်  Endeavor Group Holdings က အပြည့်အဝ ပိုင်ဆိုင်သည်။

.

MUO အတွက်  အဓိကအားဖြင့် ဝင်ငွေရရှိသည့် ရင်းမြစ် ၉ ခုမှာ 

franchising fees,

hosting fees, 

production fees, 

merchandise and licence fees, 

distribution, 

broadcasting licences, 

Miss Universe programmes, 

format fees 

talent management fees

တို့ ဖြစ်ပါသည်။

Source: Bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)