-->
×

Warning

JUser: :_load: Unable to load user with ID: 29



ဈေးကွက်အစီအစဉ်ရေးဆွဲနည်း ၁၀ ချက် Google



 


 


 


 


 


 


 


 


 


 


 


 

<<< Unicode >>>

 

(ဈေးကွက်အစီအစဉ်ရေးဆွဲနည်း ၁၀ ချက်)
-----------------------

အနာဂတ်မှာ ဈေးကွက်စီးပွားရေးပုံစံဟာ များစွာပြောင်းလဲလာဖို့ရှိတာကြောင့် Marketing Plan ဈေးကွက် ပြင်ဆင်မှု၊ စီစဉ်ရေးဆွဲမှုများဟာလည်း လိုအပ်လာမှာဖြစ်ပါတယ်။

အောင်မြင်စွာဈေးကွက်ထိုးဖောက်နိုင်ဖို့၊ ဈေးကွက်အဆင့်ဆင့် တိုးတက်မှုအတွက်၊ ဈေးကွက်လည်ပတ်မှု အားလုံးအတွက် Marketing Plan ဟာ ဈေးကွက်ကို အောင်မြင်စေရန် မဟာဗျူဟာ ဖော်ဆောင်မှုဖြစ်သလို

လုပ်ငန်းစဉ်တိုးတက်မှုသို့ လမ်းညွှန်ဆောင်ရွက်မှုလဲဖြစ်ပါတယ်။

 

Marketing Plan ဈေးကွက်အစီအစဉ်ရေးဆွဲမှုတွင် ပါဝင်သင့်တဲ့ အချက်များ
(၁) Executive Summary (အကျဉ်းချုပ်ဖော်ပြချက်)
(၂) Marketing Object (ဈေးကွက်အစီအစဉ်၏ ရည်ရွယ်ချက်)
(၃) Environmental / Competitive Analysis (ဈေးကွက်ဝန်းကျင်သုံးသပ်မှု)
(၄) Target Market – STP (ဈေးကွက်ဦးတည်ချက်သတ်မှတ်ခြင်း)
(၅) Resource Need (အရင်းအမြစ်လိုအပ်ချက်များ)
(၆) Corporate Marketing (ဈေးကွက်ပူးပေါင်းဖော်ဆောင်မှု)
(၇) Customer Relationship (ဖောက်သည်ချိတ်ဆက်မှု)
(၈) Branding & Adverting (အမှတ်တံဆိပ်နဲ့ လုပ်ငန်းကြော်ငြာမှုများ)
(၉) Financial & Budgeting (ငွေကြေးသုံးစွဲမှု သတ်မှတ်ချက်များ)
(၁၀) Marketing Process & Control (ရေရှည်ဈေးကွက် လည်ပတ်မှုနှင့် ထိန်းသိမ်းမှု)
စတဲ့ ဈေးကွက်အစီအစဉ်မှာ အဓိက ပါဝင်သင့်တဲ့ (၁၀) ချက်ကို ဈေးကွက်သုံးသပ် ပြင်ဆင်ရေးဆွဲထားပြီး Marketing Strategy ဈေးကွက် ဖော်ဆောင်နိုင်ဖို့ အကြံပြုရေးသားဖော်ပြထားပါတယ်။

 

(၁) Executive Summary ဆိုတဲ့ ပုံမှာဖော်ပြထားတဲ့ အဓိကအချက်တွေကိုဦးစွာ သတ်မှတ်ရေးဆွဲဖို့လိုအပ်ပါတယ်။

 

(၂) Marketing Object (ဈေးကွက် ရည်ရွယ်ချက်က ဘာလဲဆိုတာ စဉ်းစားဆုံးဖြတ်ဖို့ လိုပါမယ်)
New Market ဈေးကွက်အသစ်ရှာဖို့လား၊ Customer တိုးတက်ဖို့လား၊ Market Share ဈေးကွက်ဝေစုပိုရဖို့လား၊ ROI အတွက် မြန်မြန်ပြန်ဝင်ငွေရစေဖို့လား၊ Branding တံဆိပ်လူသိဖို့အတွက်လား ယခုအချက်တွေကို စဉ်းစားဖို့လိုပါတယ်။

 

(၃) Environmental / Competitive Analysis (ဈေးကွက်ပတ်ဝန်းကျင်၊ အပြိုင်အခြေအနေတွေကို ဦးစွာလေ့လာဖို့လိုပါတယ်)
Market Trend ဈေးကွက်အလားအလာကောင်းမှုရှိမလား၊ Need & Want ဝယ်သူတို့၏ လိုအပ်ချက်၊ လိုချင်မှုဖြစ်မလား၊ Market Accept ဈေးကွက်မှာရော လက်ခံမှုရှိမလား၊ Competitor အပြိုင်တွေရဲ့ လက်ရှိဈေးကွက်အခြေအနေရော ဦးစွာ ဈေးကွက်ကို လေ့လာဖို့လိုအပ်ပါတယ်။

 

(၄) Target Market – STP (ဦးတည်ဈေးကွက်ကို ရွေးချယ်သတ်မှတ်ဖို့လည်း လိုပါမယ်)
ဈေးကွက်ဝင်ရောက်မဲ့ Geographic မြို့-တိုင်းဒေသအခြေအနေ၊ Demographic လူမှုပတ်ဝန်းကျင်အခြေအနေ၊ Psychologic လူတွေရဲ့စိတ်နေသဘော၊ အကြိုက် စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားပြီး မိမိဈေးကွက်နဲ့ ကိုက်ညီတဲ့ နေရာ၊ လူမှုဝန်းကျင်၊ စားသုံးသူ Target Customer ဦးတည်ဖောက်သည်တွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။

 

(၅) Resource Need (အရင်းအမြစ် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါမယ်)
ဈေးကွက်ဖော်ဆောင်မဲ့ HR လူ့စွမ်းအားအမြစ်၊ Finance ငွေကြေးအရင်းအနှီး၊ Material အသုံးအဆောင်ပစ္စည်းအရင်းအမြစ်၊ Technology နည်းပညာအရင်းအမြစ် စတဲ့ လိုအပ်ချက် အရင်းအမြစ်တွေ ရနိုင်ဖို့လည်း ပေါင်းစပ်ပြီး ဈေးကွက်ကို စီစဉ်ရေးဆွဲရမှာဖြစ်ပါတယ်။

 

(၆) Corporate Marketing (Wholesale/ Retail) ဈေးကွက်ပူးပေါင်းမှု လက်လီ၊ လက်ကားပုံစံများကို စဉ်းစားရပါမယ်
ဈေးကွက်လမ်းကြောင်းမှာ ချိတ်ဆက်ပါဝင်နေသော Supplier ထောက်ပံ့သူများနှင့် ပူးပေါင်းချိတ်ဆက်ပြီး၊ မြန်ဆန်စွာ ဈေးကွက်ရောက်နိုင်စေဖို့အတွက် Wholesale ကိုယ်စားလှယ်ပေး ဈေးကွက်ပေါင်းစပ် ချိတ်ဆက်မှုလုပ်မလား၊ Retail တဆင့်ခံ လက်လီလက်ကားများသို့ ဈေးကွက်ချိတ်ဆက်မလား ဆိုတဲ့ ဈေးကွက်မဟာဗျူဟာတွေကို ရေးဆွဲရမှာဖြစ်ပါတယ်။

 

(၇) Customer Relationship/ Maintain (ဖောက်သည်ဆက်ဆံရေးနှင့် ထိန်းသိမ်းမှုတွေကိုလည်း စဉ်းစားရပါမယ်)
ဈေးကွက်မှာ ဖောက်သည်အစဉ်ရှိနေဖို့ဟာ ပိုအရေးကြီးလို့ မိမိရဲ့ ဖောက်သည်အမျိုးအစားများကို Client များ၊ Customer ဖောက်သည်များ ခွဲဝေသတ်မှတ်ပြီး ဖောက်သည်ကြိုက်နှစ်သက်သော ထုတ်ကုန်များဖြင့် အစဉ်ဝန်ဆောင်လျှက် ဈေးကွက်ကို စနစ်တကျဝန်ဆောင်မှုပေးသွားဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ CSR ဖောက်သည်များသို့ ဘယ်လိုတန်ဖိုးတရားတွေ ပေးမလဲ၊ Service Strategy ဖောက်သည်ဝန်ဆောင်မှုပုံစံတွေနဲ့ ဈေးကွက်ဖော်ဆောင်မလဲဆိုတာ ရေးဆွဲရမှာဖြစ်ပါတယ်။

 

(၈) Branding & Adverting (ထုတ်ကုန်အမှတ်တံဆိပ်မြင့်တင်ခြင်းနှင့် အရောင်းမြင့်တင်မှုများကိုလည်း စဉ်းစားရပါမယ်)
ခေတ်ပြိုင်ဖြစ်လာတာမို့ Branded ထုတ်ကုန်အမှတ်တံဆိပ် တည်ဆောက်ဖို့၊ Communication ဈေးကွက်လူသိများဖို့၊ Advertising ဈေးကွက်ကြော်ငြာမှုတွေဖန်တီးဖို့၊ Promotion အရောင်းမဟာဗျူဟာတွေနဲ့ ဈေးကွက်အောင်မြင်စေဖို့လည်း ထည့်သွင်းရေးဆွဲဖို့ လိုအပ်ပါတယ်။

 

(၉) Financial & Budgeting (ဈေးကွက်အတွက် အသုံးပြုမှုငွေကြေးနှင့် အသုံးစရိတ်များကို သတ်မှတ်ဖို့လည်းလိုအပ်ပါမယ်)
Intro ဈေးကွက်စတင်ဝင်ရောက်တဲ့အခါ Marketing Budget ဘယ်လောက်သုံးမလဲ၊ Competitor အပြိုင်တွေရဲ့ ဈေးကွက်ထိုးဖောက်အားက ဘယ်လောက်ရှိမလဲ၊ Channel ဘယ်နည်းလမ်းတွေက ပိုပြီးထိရောက်သော နည်းလမ်းတွေဖြစ်မလဲ၊ Sale Target အရောင်းအား သတ်မှတ်နှုန်းတွေကိုလည်း ရေးဆွဲရမှာဖြစ်ပါတယ်။

 

(၁၀) Marketing Process & Control (ဈေးကွက်ဖော်ဆောင်မှုနှင့် ထိန်းချုပ်မှုပုံစံများကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါမယ်)
အရောင်းရည်ရွယ်ချက်အပေါ် ပြန်လည်သုံးသပ်ချက်များ၊ Expenditure ဈေးကွက်အတွင်း ကုန်ကျစရိတ်များ ဆန်းစစ်မှု၊ ခေတ်နဲ့အညီ ဈေးကွက်အစီအစဉ်ကို ပြင်ဆင်သုံးသပ်ဖို့နဲ့ ဈေးကွက်အလားအလာကို ဆန်းစစ်ပြီး ဈေးကွက်ဖော်ဆောင်ဖို့ Marketing Process ကို ထိန်းသိန်းဆောင်ရွက်မဲ့ အစီအစဉ်များကိုလည်း ရေးဆွဲရမှာဖြစ်ပါတယ်။

 

မူရင်း ရေးသား သူအား Credit ပေးပါတယ်။

Myanmar Advertising Directory 

Read times
Rate this item
(1 Vote)