-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘယ်အရာတွေက သင့်အိမ်မက်တွေဆီခေါ်ဆောင်သွားမှာလဲ???

ဘယ်အရာတွေက သင့်အိမ်မက်တွေဆီခေါ်ဆောင်သွားမှာလဲ??? google.com

သင်လက်ရှိနေရာကနေ သင်ဖြစ်ချင်တဲ့ နေရာရောက်ဖို့ ဘာတွေကိုလုပ်ဆောင်ရမှာလဲ?

ဒီအချက်တွေကို အဓိကထားပြီး

လုပ်ဆောင်ကြမယ်။

 

ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို အနိုင်ယူမယ်

ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေ ပြင်းပြတဲ့ ရည်မှန်းချက်တွေကို စတင်အကောင်အထည်မဖော်ခင် ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို အဟန့်အတားဖြစ်စေတဲ့

တားဆီးပိတ်ပင်နေတဲ့ စိတ်အရှုပ်အထွေးတွေ ခံစားချက်တွေကို အရင်ရှင်းထုတ်ပစ်ရမယ်။

 

အောင်မြင်မှုဆိုတာ တစ်ညထဲနဲ့ ဖြစ်လာတာမဟုတ်ပါဘူး

လပေါင်းများစွာ၊ နှစ်ကာလများစွာ တစိုက်မတ်မတ်နဲ့ မဆုတ်မနစ်ကြိုးစားမှသာ အောင်မြင်မှုကိုရရှိလာမှာဖြစ်ပါတယ်။

ရေရှည်အောင်မြင်ဖို့ဆိုရင် မိမိကိုယ်ကို တိုးတက်အောင် အမြဲကြိုးစားလုပ်ဆောင်နေရမယ်။

အလုပ်ကြိုးစားလေလေ ကံကောင်းလေလေပါပဲ။

 

သင့်ကိုယ်သင် နားလည်အောင်ကြိုးစားပါ

သင့်ကိုယ်သင် ပိုပြီးနားလည်လာအောင်ကြိုးစားရင် သင့်ကိုယ်သင်ပိုပြီးတိုးတက်အောင် သင်ယူရင် သင့်မှာမရှိသေးတဲ့

စွမ်းရည်တွေ၊ ကျွမ်းကျင်မှုတွေ၊ စိတ်အနေအထားတွေကို ဘယ်လိုရှာဖွေရမလဲဆိုတာ သင်သိလာမှာ မလွဲမသွေပ့ါပဲ။

 

အားနည်းချက်တွေကို အသုံးချပါ

သင့်ရဲ့ အားနည်းချက်တွေကိုရှာဖွေပြီး တိုးတက်အောင်ကြိုးစားရင် သင့်ရဲ့အားနည်းချက်တွေကို

ကောင်းကောင်းအသုံးချနိုင်ရင်၊ သင့်ကိုယ်သင်ပြောင်းလဲနိုင်ရင် အောင်မြင်မှုဆိုတာ သင့်လက်တစ်ကမ်းကို ရောက်နေပါပြီ။

 

အမြဲသင်ယူနေရမယ်

ဘ၀ဆိုတာ စာသင်ခန်းတစ်ခုလိုပါပဲ။

လူတိုင်း မိမိတို့ လိုက်နာရမယ့်သင်ခန်းစာတွေဘယ်လောက်များမလဲ?

ဘယ်လောက်အချိန်တွေကြာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ကျွန်တော်တို့ အတိတ်က ဘာတွေပဲ ဖြစ်ခဲ့ပါစေ၊ ဘယ်လိုအခြေအနေတွေမှာပဲ ရောက်နေပါစေ တန်ဖိုးရှိတဲ့ သင်ခန်းစာတွေအနေနဲ့ မှတ်ယူရမယ်။

မိမိတို့ ကြုံတွေ့ခဲ့တဲ့ အရာတွေက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကျွန်တော်တို့ သင်ယူရမယ်။ သင်ခန်းစာယူရမယ်။

ကျွန်တော်တို့ များများသင်ယူလေလေ ကျွန်တော်တို့ အသိဥာဏ်တွေ အတွေ့အကြုံတွေ များလေလေ ကျွန်တော်တို့ဘ၀ကြီးက ပိုပြီးအဓိပ္ပါယ် ရှိလာလေလေပါပဲ။

ကျွန်တော်တို့ ဘယ်အရာကိုမှမသင်ယူဘူးဆိုရင် ဘ၀မှာနေထိုင်ဖို့ မထိုက်တန်ပါဘူး။

 

အားနည်းချက် နဲ့ အားသာချက်ကို ရှင်းရှင်းလင်းလင်းသိပါစေ

သင်ရေရှည်အောင်မြင်ချင်ရင် သင့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ရှင်းရှင်းလင်းလင်းသိရမယ်။

သင့်ရဲ့ အားသာချက်တွေက သင့်ကို ယုံကြည်မှုရစေတယ်။ ဒါ့အပြင် ဘ၀မှာ သင်ဖြစ်ချင်တဲ့ အရာတွေအတွက် ရလဒ်ကောင်းတွေကိုလည်းရစေပါတယ်။

သင့်ရဲ့ အားနည်းချက်တွေကို ကောင်းစွာသိခြင်းကလည်း သင့်လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်စွက်လုပ်ဆောင်ဖို့ တွန်းအားတွေဖြစ်စေတယ်။

လိုအပ်တဲ့ ပြောင်းလဲမှုတွေ၊ ပြုပြင်မှုတွေကို ဖြစ်စေပါတယ်။

ဒီအရာတွေက နေ သင့်ရဲ့ အိမ်မက်တွေဆီကို ခေါ်ဆောင်သွားပါလိမ့်မယ် မိတ်ဆွေ!

Read-ဒီနေ့ပဲ ယုံကြည်မှုကို သင့်အိတ်ထဲ ထည့်ပြီး အောင်မြင်မှုကို ရယူလိုက်ပါ


Source; Success Topten Team

Read times
Rate this item
(3 votes)