-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူတွေအားလုံး ကိုယ့်ဘက်မှာမရှိဘူးလို့ ခံစားရချိန်

လူတွေအားလုံး ကိုယ့်ဘက်မှာမရှိဘူးလို့ ခံစားရချိန် irrawady

တခါတလေ အကြောင်းပြချက်မရှိဘဲ “လူတွေအားလုံးက ကိုယ့်ဘက်မှာ မရှိဘူး၊ တလောကလုံးမှာ ကိုယ့်လောက်အသုံးမကျတဲ့သူ၊ ကံဆိုးတဲ့သူ မရှိဘူးရယ် လို့တွေးမိတဲ့ အခိုက်အတန့် လူတိုင်းမှာ ရှိကြမှာပါ။

အမြဲတမ်း ပျော်ချင်ပေမယ့် မပျော်ရသလို စိတ်ခံစားမှုတွေ ပြင်းထန်ပြီး အလိုလို ၀မ်းနည်းမိတဲ့ ကာလကို ဖြတ်ကျော်ဖို့အတွက် အောက်ပါ အချက်တွေကို သတိရသင့်ပါတယ်။

နာကျင်မှု မရှိဘဲ မရင့်ကျက်နိုင်ဘူး

ဘ၀မှာကြုံလာရတဲ့ အခက်အခဲ ဒုက္ခတွေကသာ သင့်ကိုရင့်ကျက်တဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲပေးမှာပါ။ ၀မ်းနည်းစရာ အဖြစ်အပျက်တွေကို ဖြတ်ကျော်ပြီးတဲ့နောက် သင်ဟာ မထင်မှတ်ထား လောက်အောင် သန်မာလာပါလိမ့်မယ်။

ဘ၀ရဲ့ရည်မှန်းချက်ကို သတိရပါ

သင့်ကို တွန်းအားပေးနေတာ ဘယ်အရာလဲ။ “မနက်နိုးနိုးချင်းမှာ စဉ်းစားမိတဲ့ ရည်မှန်းချက်က ဘာလဲ” ဆိုတာ သိအောင်လုပ်ပါ။ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာတောင် သင့်ရဲ့ ရည်မှန်းချက်အတွက် နောက်ပြန် မလှည့်ဘဲ ရှေ့ကိုဆက်လျှောက်ပါ။

စိတ်ခံစားချက်တွေကို လက်ခံဖို့ သတိရပါ

တခါတလေ စိတ်ကဖြစ်နေတာကို အရှိအတိုင်း လက်ခံပေးပါ။ အတင်းကြီး ထိန်းချုပ်ထားတာမျိုး မလုပ်ဘဲအလိုက်သင့်လေး ဖြစ်အောင် နေကြည့်ပေးပါ။

မိသားစု၊ သူငယ်ချင်းတွေ သင့်ဘေးမှာ ရှိနေပါတယ်

ဘ၀မှာ မှောင်မိုက်တဲ့ နေ့ရက်တွေကို တစ်ယောက်တည်း ရင်မဆိုင်ဘဲ ချစ်ခင်ရတဲ့သူတွေဆီမှာ ရင်ဖွင့်ကြည့်ပါ။ သင့်ကို နားလည်ပေးနိုင်မယ့်သူတယောက်ပဲရှိရင်တောင် အဲဒီလူနဲ့အတူ အခက်အခဲတွေကို ကျော်ဖြတ် နိုင်ပါလိမ့်မယ်။

ကောင်းမွန်တဲ့ အမှတ်တရတွေကို ပြန်တွေးပေးပါ

စိတ်ထိခိုက်နေချိန်မှာ အရင်က ပျော်စရာကောင်းတဲ့ အရာတွေကို ပြန်တွေးပေးပါ။ သင့်ခွေးလေးနဲ့ အတူဆော့တာ ဖြစ်ဖြစ်၊ အကြိုက်ဆုံး ရုပ်ရှင်ကားတကား ကြည့်ခဲ့ရတာပဲ ဖြစ်ဖြစ်ပေါ့။

Read-သူ……..စိတ်ဓါတ်ကျတိုင်းဖတ်ဖို့

သင့်ကို ပျော်ရွင်မှုပေးနိုင်တဲ့ အလုပ်ပေါ်အာရုံစိုက်ပါ

ငွေနောက်ပဲ အမြဲလိုက်ပြီး အလုပ်လုပ်မယ့်အစား သင့်ကိုပျော်ရွှင်စေမယ့် အလုပ်တခု အပေါ်လည်း အာရုံစိုက်သင့်ပါတယ်။ အားလပ်ချိန် မရှိရင်တောင် ၀ါသနာပါတဲ့ အလုပ်အတွက် အချိန်တခု သတ်မှတ်ပြီး တစိုက်မတ်မတ် လုပ်သင့်ပါတယ်။

ဖြစ်လာသမျှ အားလုံးဟာ ခဏပါ

ပျော်ခြင်း၊ ၀မ်းနည်းခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း တွေဟာ ယာယီပါပဲ။ ဘယ်အရာမှ အမြဲ မတည်မြဲဘူးဆိုတာ နှလုံးသွင်းနိုင်မယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ ပြဿနာအပေါ် စိတ်ဖြေသွားနိုင်မှာပါ။

လူတိုင်း ၀မ်းနည်း၊ စိတ်ထိခိုက်ရတဲ့ အချိန်တွေမှာ အလွယ်တကူ လက်လျှော့အရှုံးမပေးဘဲ အထက်မှာ ရေးခဲ့တဲ့ အချက်တွေကို သေချာထည့် စဉ်းစားပြီး ရင့်ကျက်တည်ငြိမ်တဲ့ စိတ်ထားတခု ပိုင်ဆိုင်နိုင်စေဖို့ အကြုံပြုရေးသားလိုက်ပါတယ်။

Source; Irrawaddy

Read times
Rate this item
(1 Vote)