-->
×

Warning

JUser: :_load: Unable to load user with ID: 29


Email Marketing ဆိုတာ

Email Marketing ကို Digital Marketer တွေတော်တော်များများ အသုံးပြုကြပါတယ်။

တကယ်တမ်း သုံးတတ်ရင် တော်တော်ထိရောက်တဲ့ နည်းလမ်းဖြစ်ပြီးတော့ ကို့ရဲ့လုပ်ငန်းအကြောင်းကို Pitch လုပ်ဖို့အကောင်းဆုံးထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Email Marketing ဘယ်လို အလုပ်လုပ်လဲ???

Email လို့ဆိုလိုက်တာနဲ့ လူတော်တော် များများသိကြပြီးဖြစ်မှာပါ။ ဟုတ်ပီ အဲ့တာဆို ဘယ်လို Marketing လုပ်မလဲဆိုတော့ လွယ်လွယ်လေးပါ ကိုယ့် Email Account လေးဖွင့် ကိုပို့ချင်တဲ့စာလေးရေး ပီးရင်ပို့လိုက်ရုံပေါ့။ အဲ့လိုလုပ်ရတာတော့ မှန်ပါတယ်။

ဒါပေမဲ့ Email တစ်စောင် နှစ်စောင်ဆိုရင် အဆင်ပြေတာပေါ့ဗျ ကျွန်တော်တို့က Email Marketing လုပ်တာဆိုတော့ Email အစောင် ရာ နဲ့ ထောင် နဲ့ ချီပီး ပို့ရတာဗျ။ အဲ့လို ၁ စောင်ခြင်းလိုက်ပို့နေရင် တစ်နေကုန်သွားမှာပေါ့။ Email အစောင်အများကြီးကို တပြိုင်ထဲဘယ်လိုပို့မလဲဆိုရင် SendGrid , Aweber , GetResponse , MailChimp စတဲ့ Email Marketing Tools တွေကျွန်တော်တို့သုံးဖို့လိုပါတယ်။

အဲ့တာဆိုကျွန်တော်တို့ ၁ဝဝဝ ပို့မလား ၁ဝဝဝဝ ပို့မလား ကြိုက်သလောက်ပို့လို့ရပြီ။ နောက်တစ်ခု အဲ့လို Email Marketing လုပ်ဖို့အတွက် ထောင် နဲ့ သောင်း နဲ့ ချီတဲ့ Email တွေက ဘယ်ကရမလဲ??? Marketers တွေ Bloggers တွေဟာ သူတို့ Website ၊ Blog တွေမှာ Email Subscribe Form ကတဆင့် Email တွေစုကြပါတယ်။

နောက်ပြီး Online ပေါ်မှာ Email တွေ ဝယ်ရောင်းလုပ်တဲ့ Service Website တွေကလည်း ဝယ်လို့ရနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ်နဲ့ Industry တူတဲ့ Company တွေနဲ့ Email Exchange လုပ်လို့လဲရနိုင်ပါတယ်။ နောက်ဆုံးတစ်ခုက Online မှာ Email Address တွေ Data Mining လုပ်တဲ့ Tools တွေလည်းရှိပါတယ်။

ကျွန်တော်အကြံပေးချင်တာကတော့ကိုယ်နဲ့ Industry တူတဲ့ Website ၊ Blog ၊ Company တွေနဲ့ Email Exchange လုပ်ခြင်း၊ ပီးတော့ ကိုယ့်ရဲ့ Website ၊ Blog တွေမှာ Email Subscribe Form ထားပြီး Email စုတာကတော့ အကောင်းဆုံးလို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာကိုယ့်ရဲ့ Customer ဖြစ်နိုင်ဖို့ Chance ပိုများပါတယ်။

PyayDigital

Read times
Rate this item
(1 Vote)