-->
×

Warning

JUser: :_load: Unable to load user with ID: 29


Business Transformation အကြောင်းသိကောင်းစရာ

Myanmar B2B Management Magazine ၏ ၆ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် Business, Marketing & Digital Transformation ဟောပြောပွဲနှင့် စကားဝိုင်းကို ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ UMFCCI ခန်းမမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
 
 
အဆိုပါ ဟောပြောပွဲနှင့် စကားဝိုင်းမှာ Business Transformation အကြောင်းကို ဟောပြောပေးခဲ့တဲ့ ပါမောက္ခ ဒေါက်တာ ဆရာကြီး ဦးအောင်ထွန်းသက်ရဲ့ ယနေ့ခေတ်စီးပွားရေးအခြေအနေနဲ့ စီးပွားရေးအသွင်ကူးပြောင်းမှုတွေအကြောင်း ဟောပြောချက် ပထမပိုင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒုတိယပိုင်းကို မကြာခင် ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပြီး စာဖတ်သူတို့ အဆင်ပြေပြေချောချောမွေ့မွေ့ ဖတ်ရှုနိုင်ဖို့အတွက် ဆရာကြီးရဲ့ အာဘော်နဲ့ တင်ဆက်ပေးလိုက်ပါတယ်။
 
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရင် လူတွေအားလုံးက B2C (Business to Customer), B2G (Business to Government) တို့ကိုပဲ အာရုံပြုနေကြတယ်။ တကယ်လိုတာက B2B (Business to Business) ပါ။ စီးပွားရေးလုပ်ငန်းအချင်းချင်း၊ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ပါဝင်ပတ်သက် ပူးပေါင်းဖို့လိုပါတယ်။ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် B2B ကဏ္ဍကိုပိုပြီး ဦးစားပေးဖို့လိုပါတယ်။ Hub Myanmar တို့ UMFCCI တို့ဟာလည်း B2B ကိုအထောက်အပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ မိမိစီးပွားရေး တိုးတက်ချင်တယ်ဆိုရင်တော့ B2B, B2C, B2G ပုံစံ (၃) ရပ်ကို အခြေအနေ အချိန်အခါပေါ်မူတည်ပြီး ကိုယ့်စီးပွားရေးနဲ့ ကိုက်ညီတဲ့ပုံစံကို ပြောင်းလဲသုံးစွဲသင့်ပါတယ်။
 
Business Transformation
ပြောင်းလဲတယ်ဆိုတဲ့နေရာမှာသုံးတဲ့ Change နဲ့ Transformation ဟာ အဓိပ္ပာယ်တူပေမယ့် ရည်ရွယ်ချက်ခြင်းမတူပါဘူး။ Change ဆိုတဲ့ပြောင်းလဲမှုဟာ ရေရှည်တည်တံ့မှုမရှိတဲ့ ခဏတာပြောင်းလဲမှုဖြစ်ပါတယ်။ Transformation ဆိုတာကတော့ လေးနက်ပြီး စဉ်ဆက်မပြတ် တည်တံ့တဲ့ပြောင်းလဲမှုဖြစ်ပါတယ်။ ဒ့ါကြောင့် ဆရာကြီးကတော့ အခုခေတ်လူငယ်တွေအားလုံးကို Change နဲ့ပြောင်းလဲတာမျိုးမဟုတ်ဘဲ Transformation နဲ့ပြောင်းလဲစေချင်ပါတယ်။
 
ဒုတိယအခြေခံတစ်ခုဖြစ်တဲ့ Business နဲ့ Economics ဟာလည်း မတူပါဘူး။ လုပ်ငန်းရှင်တွေအားလုံးဟာ Business ကိုပဲအခြေခံထားတာဖြစ်ပါတယ်။ Business ကိုဦးစားပေးပြီး ကိုယ့်ကုမ္ပဏီ တစ်ခုချင်း၊ အဖွဲ့အစည်းတစ်ခုချင်း အောင်မြင်အောင် ကြိုးစားမယ်ဆိုရင် နိုင်ငံ့စီးပွားရေးလည်း တိုးတက်ရာရောက်ပါတယ်။ စီးပွားရေးလုပ်တဲ့နေရာမှာ ပေတံ (၃) ခုရှိတာကိုလည်း ပြောပြချင်ပါတယ်။ Profit, People, Planet ဆိုတဲ့ Triple P ကို ဦးစားပေးရပါမယ်။
 
ပထမပေတံ (Profit) - စီးပွားရေးလုပ်ရင် မြတ်ကိုမြတ်ရမယ်၊ အရှုံးခံတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။
ဒုတိယပေတံ (People) - စီးပွားရေးလုပ်တဲ့နေရာမှာ လူကိုအခြေခံပါ၊ လူဆိုတဲ့နေရာမှာ လုပ်ငန်းရှင် အလုပ်သမား အကုန်ပါဝင်ပြီး သူတို့ဘာလိုအပ်လဲဆိုတဲ့အချက်ကို အခြေခံရမယ်။
တတိယပေတံ (Planet) - ကမ္ဘာမြေကြီးကို ဂရုစိုက်ပါ၊ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပါ၊ ကိုယ့်အကျိုးစီးပွားတစ်ခုတည်းကိုမကြည့်ပါနဲ့။
 
Jack Welch ပြောတဲ့စကားတစ်ခွန်းရှိပါတယ် “Change before you have to” တဲ့။ လူတွေအားလုံး စီးပွားရေးလုပ်ငန်းတွေအားလုံး ပြောင်းလဲချင်တာတစ်ခုခုရှိရင် အချိန်မနှောင်းခင်ပြောင်းပါ၊ သူများပြောင်းမှ ထပြောင်းတာထက် ကိုယ့်လုပ်ငန်းကိုဆန်းစစ်ပါ။ ကျွန်တော်တို့ကတော့ အောင်မြင်ပြီးသားမို့လ့ို ပြောင်းစရာမလိုဘူးလို့ မထင်ပါနဲ့။ အောင်မြင်ခြင်းဟာ တိုးတက်ခြင်းကို အတားအဆီးဖြစ်စေပါတယ်။ ကိုယ့်စီးပွားရေးပိုမိုတိုးတက်အောင် အောင်မြင်ပြီးသားလူတွေဟာ ပိုပြီးတောင်ပြောင်းသင့်ပါသေးတယ်။
 
ဒီခေတ် စီးပွားရေးလုပ်ငန်းတိုင်းဟာ VUCA ဆိုတဲ့အချက် (၄) ချက်နဲ့ရင်ဆိုင်နေရတဲ့အတွက် စီးပွားရေးနဲ့ပတ်သက်လာရင် VUCA ကိုလည်း မမေ့သင့်ပါဘူး။
Volatile တည်ငြိမ်မှုမရှိဖြစ်နေမယ်။
Uncertain မရေရာမှုတွေရှိနေမယ်။
Complex ရှုပ်ထွေးမှုတွေရှိနေမယ်။
Ambigious ဝိရောဓိတွေရှိနေမယ်။
 
ကိုယ့်စီးပွားရေးရပ်တည်နေနိုင်တာဟာ ဖောက်သည်ကြောင့်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။ ဒ့ါကြောင့် Customer First ဖြစ်ရပါမယ်။ Marketing လောကမှာ Rule ၂ ခုရှိပါတယ်။
 
Rule No.1 – Customer is always right (Customer ကအမြဲတမ်းမှန်တယ်)
Rule No.2 – If the customer is wrong, go back to rule no.1 (Customer မှားခဲ့သည်ရှိသော် rule no. 1 ကိုပြန်သွားပါတဲ့)
 
ယနေ့ခေတ်မှာ AI ဆိုတဲ့ Artificial Intelligence နည်းပညာထွန်းကားနေပါပြီ။ AI ဟာတစ်နည်းအားဖြင့် လူနဲ့ ဒစ်ဂျစ်တယ်ပေါင်းစပ်ထားတာပါပဲ။ ဒစ်ဂျစ်တယ် ဘယ်လောက်တိုးတက်တိုးတက် Human Factor ကိုတော့ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ယနေ့ခေတ်မှာ Business Generation ဟာလည်း 1.0 ကနေ 4.0 ကိုတိုးတက် ပြောင်းလဲလာခဲ့ပါပြီ။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ Rethinking Business ဆိုတဲ့အတိုင်း ကိုယ့်စီးပွားရေး၊ ကိုယ့်ကုမ္ပဏီ ဘယ်အဆင့်အထိရောက်နေပြီလဲဆိုတာ ပြန်ကြည့်ပါ၊ ပြန်သုံးသပ်ပါ။ Business Model တွေပြောင်းသင့်ပါပြီ။ ဒီနေ့ကစပြီး E-commerce ဘက်ကိုရွှေ့သင့်နေပါပြီ လို့ ပါမောက္ခဆရာကြီး ဒေါက်တာဦးအောင်ထွန်းသက်က ဟောပြောခဲ့ပါတယ်။
 
Myanmar Advertising Guide
Read times
Rate this item
(1 Vote)