-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်မယ်ဆို သိထားသင့်သည်များ

ကိုယ်ပိုင်စီးပွားရေး လုပ်ရတာ ဒီဘက်ခေတ်မှာ ပိုပြီတော့ လွယ်ကူလာပါတယ် ။ အင်တာနက်နဲ့ ဒီဂျစ်တယ်စီးပွားရေးအခွင့်အလမ်းတွေကလည်း အများကြီးပါ။

 

အခုချိန်ဟာ ကိုယ်ပိုင်အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ် ။ တကယ်လို့ အခုပြောပြမယ့် Skill ၄ ခုထဲက တစ်ခုခုရှိနေရင် အွန်လိုင်းစီးပွားရေးလုပ်ရာမှာ ပိုပြီး အောင်မြင်နိုင်ခြေများပါတယ်။

 

Programming Skills

===============

 

Java ၊ PHP ၊ HTML ၊ CSS နဲ့ C++ စတဲ့ Programming Languages တွေကို တတ်ကျွမ်းရင် အွန်လိုင်းစွန့်ဦးတီထွင်သူ လုပ်လို့ ရပါပြီ ။ ကိုယ်တိုင် မိုဘိုင်း app တွေ ဖန်တီးနိုင်တယ်။


ဝက်ဘ်ဆိုက်တွေ ရေးနိုင်တယ်ဆိုရင် တစ်ခြားစီးပွားရေးလုပ်ငန်းတွေအတွက် ဝက်ဘ်ဆိုက်နဲ့ app တွေ ရေးဆွဲပေးတာ ဖြစ်ဖြစ် ကိုယ့်အိုင်ဒီယာနဲ့ ကိုယ်ပိုင် Product ထုတ်တာပဲ ဖြစ်ဖြစ် လုပ်လို့ ရပါတယ်။

 

Digital Marketing Skills

=================

Content ရေးသားထုတ်လုပ်ခြင်းဟာ ဒီဂျစ်တယ်စီးပွားရေးရဲ့ အသက်ဝင်နေတဲ့ အစိတ်အပိုင်းဖြစ်ပါတယ် ။ စီးပွားရေး လုပ်ငန်းသုံး လူမှုကွန်ရက်စာမျက်နှာတွေအတွက် ဒီဂျစ်တယ်ဈေးကွက်ကြော်ငြာမှုနဲ့ ရောင်းအားမြှင့်တင်မှုတွေကလည်း ဒီဘက်ခေတ်ရဲ့ အလုပ်အကိုင်ပုံစံသစ်တွေ ဖြစ်ပါတယ်။

 

Digital Marketing နယ်ပယ်မှာ ကျွမ်းကျင်သူတွေဟာ ကိုယ်ပိုင်လုပ်ငန်းအနေနဲ့လည်း ထောင်နိုင်သလို လုပ်ငန်းတိုင်းမှာလည်း Digital Marketer တစ်ယောက်အနေနဲ့ ဝင်ရောက်နိုင်မှာပါ ။

 

Online Tutoring

============

 

အွန်လိုင်းကနေ ကျူရှင်ပြလို့ရပါတယ် ။ ဒီဘက်ခေတ် ပညာရေးဟာ အွန်လိုင်းအခြေပြုဆိုတဲ့ စကားနဲ့ မစိမ်းတော့ပါဘူး ။Zoom သုံးပြီး ဖြစ်ဖြစ် Microsoft. Team ကနေ ဖြစ်ဖြစ် ပညာသင်လို့ရပါတယ်။

 

ဘာသာစကားသင်တန်းဆရာတွေအနေနဲ့လည်း အွန်လိုင်းပညာသင်ကြားမှုပုံစံကို ကိုယ်ပိုင်အလုပ်တစ်ခုလို လုပ်နိုင်ပါတယ် ။

 

Credit 

Read times
Rate this item
(0 votes)