-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူသိများအောင်ဘယ်လိုကြော်ငြာမလဲ

လူသိများအောင်ဘယ်လိုကြော်ငြာမလဲ google

သင့်မှာ ကိုယ်ပိုင်စီးပွားရေးတစ်ခု အစပျိုး လုပ်ကိုင်နေပြီး သင့်လုပ်ငန်းကို ဘယ်လို ကြော်ငြာရမလဲလို့ စဉ်းစားနေပြီလား။ လူသိလည်း များရမယ်၊
ထိရောက်တဲ့ ကြော်ငြာမှုမျိုးလည်း ဖြစ်ရမယ်၊ ငွေကြေးလည်း အတိုင်းအတာ တစ်ခုအတွင်းမှာပဲ ကုန်ကျရမယ်၊ အစရှိသဖြင့်ပေါ့။


ဒီလိုဆိုရင်တော့ ဒီအကြံပြုချက်လေးတွေကို ဖတ်ကြည့်လိုက်နော်။ သင့်ရဲ့လုပ်ငန်းကို ဘယ်လို ကြော်ငြာရမလဲဆိုတာ အိုင်ဒီယာလေး ရသွားပါလိမ့်မယ်။

၁။ ကိုယ့်ကုန်ပစ္စည်းကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကို သိအောင်လုပ်ပါ
******************************************************

သင့်ရဲ့ ကုန်ပစ္စည်းကို ဘယ်လိုလူမျိုးတွေက အများဆုံး အသုံးပြုကြသလဲ။
အဲဒါကို အရင်စဉ်းစားပါ။ လူငယ်တွေလား၊ လူကြီးတွေလား၊ အမျိုးသမီးတွေလား၊ အမျိုးသားတွေလား စသဖြင့်ပေါ့။
အဲဒါဆိုရင် ဘယ်လိုနေရာမျိုးမှာ ကြော်ငြာရမလဲဆိုတာ စဉ်းစားလို့ရမှာဖြစ်ပြီး ကိုယ်ကြော်ငြာမယ့် နေရာမှာ
ကိုယ့်ကုန်ပစ္စည်းကို သုံးနိုင်တဲ့ ပရိသတ် ရှိ၊မရှိကို အရင်ဆုံးဖြတ်လို့ရမှာ ဖြစ်ပါတယ်။

၂။ မှန်ကန်တဲ့နေရာကို ရွေးချယ်ပါ
*************************

ခုနတုန်းက ကိုယ့်ရဲ့ပရိသတ်တွေကို သိအောင်လုပ်ပြီးပြီ ဆိုရင် ကြော်ငြာဖို့အတွက် မှန်ကန်တဲ့နေရာကို ရွေးချယ်ရပါတော့မယ်။
သင့်ရဲ့ကုန်ပစ္စည်းက အားကစားနဲ့ဆိုင်တဲ့ အ၀တ်အစားတွေ ဆိုပါစို့။ ဒီလိုဆိုရင် သင့်ရဲ့ကုန်ပစ္စည်းကို အားပေးတဲ့သူတွေက လူငယ်တွေနဲ့
အားကစားကို နှစ်ခြိုက်သူတွေဖြစ်မှာ သေချာပါတယ်။ ဒီလိုဆိုရင် သူတို့လာနိုင်တဲ့ ဘောလုံးကွင်းလိုမျိုး နေရာမှာ ကြော်ငြာလိုက်ရင် ပိုပြီးလူသိများလာနိုင်တယ်လေ။

Outdoor Advertising Specialist (ပြင်ပရိုက်ကူးရေးကြော်ငြာလုပ်ငန်းများ(၄၀)ကိုရှာရန်နှိပ်ပါ။)

၃။ ကုန်ကျစရိတ်ကို တွက်ချက်ပါ
***********************

ဒီနေ့ခေတ်မှာတော့ ကြော်ငြာလို့ရတဲ့ ပုံစံတွေအများကြီး ရှိနေပါပြီ။ တီဗီအစီအစဉ်တွေကနေ ကြော်ငြာမလား၊ ရေဒီယိုကလား၊
ဒါမှမဟုတ် သတင်းစာတွေ ဂျာနယ်တွေကနေလား စသဖြင့် ကိုယ့်ရဲ့ကုန်ကျစရိတ်နဲ့ ကိုက်ညီတဲ့ မီဒီယာကို ရွေးပြီး ဆုံးဖြတ်နိုင်ပါပြီ။
အဓိက,က ကိုယ့်အနေနဲ့ ကြော်ငြာအတွက် ကုန်ကျစရိတ် ဘယ်လောက်သုံးမယ်ဆိုတာ တိတိကျကျ သတ်မှတ်ထားဖို့နဲ့ အဲဒီကုန်ကျစရိတ်ထဲကို
ဝင်အောင် ကြော်ငြာရမယ့် မီဒီယာကို ရွေးဖို့ပဲ ဖြစ်ပါတယ်။

၎။ ပရိသတ်တွေဆီ သင်ပေးချင်တဲ့ မက်ဆေ့ခ်ျကို စဉ်းစားပါ
***********************************

သင်က ဘယ်လိုနည်းလမ်းနဲ့ သင့်ရဲ့ကုန်ပစ္စည်းကို ပရိသတ်တွေ သိအောင်လုပ်မလဲ။
ပရိသတ်တွေက ဘယ်လိုအကြောင်းအရာနဲ့ ဆက်နွယ်ပြီး သင့်ရဲ့ကုန်ပစ္စည်းကို မှတ်မိနေစေချင်လဲ ဆိုတာက
သင်ဘယ်လို မက်ဆေ့ခ်ျပေးမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
သူတို့အနေနဲ့ ဒီကုန်ပစ္စည်းကို ၀ယ်လိုက်ရင် ဘယ်လိုအကျိုးရှိမယ် ဆိုတာမျိုး၊ ဒီကုန်ပစ္စည်းက ပတ်ဝန်းကျင်ကို
ဘယ်လိုအထောက်အပံ့ပေးတယ် ဆိုတာမျိုး သင့်ရဲ့ကြော်ငြာတွေဆီကနေ ပရိသတ်ကို ပြောပြသင့်ပါတယ်။

၅။ လူတိုင်းစိတ်ဝင်စားဖို့ မမျှော်လင့်ပါနဲ့
****************************

သင့်ရဲ့ကြော်ငြာကို လူတိုင်းစိတ်ဝင်စားဖို့ မလိုပါဘူး။ သင်ရည်မှန်းထားတဲ့၊ သင့်ပစ်မှတ်ထားတဲ့ ပရိသတ်တွေ
စိတ်ဝင်စားတယ်ဆိုရင်ပဲ သင့်ရဲ့ကြော်ငြာက အောင်မြင်ပါပြီ။ သင့်ရဲ့ကြော်ငြာက လူငယ်တွေအတွက် ရည်ရွယ်တယ်ဆိုရင်
လူကြီးတွေဆီက “ဘယ်လိုကြော်ငြာကြီးမှန်း မသိဘူး” ဆိုတဲ့စကား ကြားရတဲ့အခါ စိတ်မပျက်ပါနဲ့။
သင့်ကြော်ငြာက ဘယ်သူတွေကို ရည်ရွယ်သလဲဆိုတာ အမြဲသတိရနေလိုက်ပါ။

အောင်မြင်စေမယ့်Startup တစ်ခု ဖြစ်စေဖို့

Credit - Linn

Read times
Rate this item
(0 votes)