Google ကတော့ စင်္ကာပူရှိ နိုင်ငံရေးရာကြော်ငြာများအားလောလောလတ်လတ်မှာ ပိတ်ပင်လိုက်ပြီပဲ ဖြစ်ပါတယ် ပြောရရင်တော့ သတင်းအတုများဖယ်ရှားရေး ဥပဒေ ကို စတင်ဆွေးနွေးပြီးကတည်းကပါ။
{Unicode}
=======
Google ကတော့ စင်္ကာပူရှိ နိုင်ငံရေးရာကြော်ငြာများအားလောလောလက်လက်မှာ ပိတ်ပင်လိုက်ပြီပဲ ဖြစ်ပါတယ် ပြောရရင် တော့ သတင်းအတုများဖယ်ရှားရေး ဥပဒေ ကို စတင်ဆွေးနွေးပြီးကတည်းကပါ။
အမှန်ပြောရရင်တော့ ရွေးကောက်ပွဲ အတွက် ဒီလ မတိုင်ခင်ကတည်းက လူတွေသွေးဆူနေကြတယ်။ နေရာမလွဲ နိုင်ငံရေးသတင်းကြော်ငြာတွေ ပြည့်နှက်နေတယ်။
အဆိုပါ ပိတ်ပင်မှု့မှာ Google နဲ့ Singapore Democratic Party တို့ကြား mail ဖြင့် သဘောတူညီမှု့ယူပြီးပိတ်ခဲ့တာဖြစ်ပါတယ်။ Google ရဲ့ ပြောဆိုပုံအရတော့ ကမ္ဘာ့တစ်လွှား နိုင်ငံရေးဆိုင်ရာ သတင်းများ ဒီဇင်ဘာလ နှစ်ရက်နေ့က စပြီး ပိတ်ပင်ခဲ့ပါပြီလို့ပြောကြားထားပါတယ်။
မဲဆွယ်ဖို့ အကောင်းဆုံးနည်းလမ်းဟာ အင်တာနက်တွေ ၊ ဆိုရှယ်မီဒီယာတွေပါပဲ။ ဒါပေမဲ့ ဆိုရှယ် မီဒီယာတွေအားလုံးက နိုင်ငံရေးကြော်ငြာများကို ပိတ်ပင်လိုက်တာတွေ့ရပါတယ်။ Facebook ကတော့ အစကတည်းက နိုင်ငံရေးဆိုင်ရာကြော်ငြာများကို Ban ထားပြီးသားပါ။
Facebook ရဲ့ ပဲ့ကိုင်ရှင် Mark Zuckerberg က သတင်းထောက်များညီလာခံတစ်ခုမှာ ' 'ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာရှိနေသမျှ , နိုင်ငံရေးသတင်းတွေ နဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေရှိ နေသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး ' ဆိုကာ ပြောကြားသွားခဲ့ပြီးသားပါ။ Twitter ၏ CEO ဖြစ်သူ Jack Dorsey မှ ' Internet ပိုင်းဆိုင်ရာကြော်ငြာများနှင့် ပတ်သတ်လို့ ယနေ့ ခေတ်မှာအရေးပါ အရာရောက်လာတာနှင့်အမျှ နိုင်ငံရေးရာ အပိုင်းမှာလဲ အကျိုးသက်ရောက်မူ့ရှိနိုင်သည်' သူ၏ Twitter စာမျက်နှာတွင်ရေးသားထားသည်ကိုတွေ့ရပါတယ်။
ထို့ပြင် Jack Dorsey သည် သူ၏ Twitter စာမျက်နှာ ပေါ်တွင် ' ကျွန်တော်တို့ Twitter ပေါ် က နိုင်ငံရေးနှင့် သက်ဆိုင်သော ကြော်ငြာများကို ကမ္ဘာနှင့်တစ်ဝှမ်းဖယ်ရှားဖို့ဆုံးဖြတ်ချက်ချလိုက်ပြီပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဆုံးဖြတ်ချက်ချလိုက်တာလဲဆိုရင်တော့ အကြောင်းပြချက်လေး အချို့တလေ ကြောင့်ပါ ' ဟုဆိုကာ သူ့ရဲ့ Twitter စာမျက်နှာပေါ်တွင် ထပ်မံရေးသားခဲ့ပါတယ်။
ကြော်ငြာ Influencer လေး Sean O’Pry အကြောင်း
ထိုအချင်းအရာကို Hillary Clinton မှ သူမ၏ Twitter အကောင့်မှ တစ်ဆင့် ' ဒါဟာ ဒီမိုကရေစီခေါင်းစဉ် အောက်မှာရှိတဲ့ အမေရိကန်အပါအဝင် အခြား ကမ္ဘာ့ နိုင်ငံအသီးသီးတွေအနေဖြင့် လုပ်သင့်တဲ့အရာတစ်ခုပဲ 'ဆိုကာ သူမရဲ့ Twitter စာမျက်နှာပေါ်တွင်ရေးသားထားတာတွေ့ရပါတယ်။ စင်္ကာပူနိုင်ငံမှ မဟုတ်ပါ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံရေးကြော်ငြာများကို ပိတ်ပင်ပြစ်တာပဲဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ ဖြစ်တဲ့ America's political camps ရဲ့ တချို့သတင်းကြော်ငြာများမှာလဲ Ban ခံရတယ်လို့သိရပါတယ်။ တကယ်တန်းမှာ နိုင်ငံရေးနဲ့ သက်ဆိုင်သော ကြော်ငြာများ ကြောင့် အမုန်းစကားတွေ ပျံပွားစေသော ကိစ္စ ကြောင့်လည်းပါဝင်မယ်သိရပါတယ်။
Twitter မှနိုင်ငံရေးဆိုင်ရာကြော်ငြာများကို အဓိက ဖယ်ရှားရခြင်းအကြောင်းအရာကတော့ ထိုကြော်ငြာများဟာ မဲပေးခြင်းကို လွမ်းမိုးသွားမှာဆိုးလို့ပါတဲ့ ။ Twitter မှ နိုင်ငံရေးကြော်ငြာများကို နိုဝင်ဘာလ ၂၂ ရက်နေ့ခင်ကတည်းက ဖယ်ရှားခဲ့ပြီးပါပြီး။ Snap chat မှာတော့ နိုင်ငံရေးကြော်ငြာများကို စိစစ်ပြီး နေတယ်ပဲသိရပါတယ် အခိုင်အမာ Law ထွက်လာခြင်းမရှိသေးပါဘူး။