-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆွန်ဟောင်မင်း မော်ဒယ်ကြေး အဆမတန် မြင့်တက်သဖြင့် ကော်ပိုရိတ်စပွန်ဆာများ အကျပ်ရိုက်

ဆွန်ဟောင်မင်း မော်ဒယ်ကြေး အဆမတန် မြင့်တက်သဖြင့် ကော်ပိုရိတ်စပွန်ဆာများ အကျပ်ရိုက်

 

ဆွန်ဟောင်မင်း၏ မော်ဒယ်အခကြေးငွေ အဆမတန် မြင့်တက်လာမှုကြောင့် ကော်ပိုရိတ်စပွန်ဆာများ အကျပ်ရိုက်နေပါသည်။

အင်္ဂလန် ပရီးမီးယားလိဂ် (EPL) တွင် ၎င်း၏ စွမ်းဆောင်ရည်နှင့်အညီ မော်ဒယ်လ်ကြေးများ တဟုန်ထိုး တက်လာသောကြောင့် ဘောလုံးစတား Son Heung-min နှင့်  ကြော်ငြာစာချုပ်များ သက်တမ်းတိုးခြင်းအတွက် ကုမ္ပဏီအများအပြားမှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

 

281788414_5184819091556308_5097784730335538332_n.jpg

 

2021-2022 EPL ရာသီမှာ ၂၃ ဂိုး သွင်းပြီး ရွှေဖိနပ် Golden Boot ဆု ရတဲ့ ပထမဆုံး အာရှကစားသမားဖြစ်လာတဲ့ ဆွန်ရဲ့ ကြေးဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မြင့်တက်လာခဲ့ပါတယ်။  ကုမ္ပဏီအများအပြားသည် ယခု EPL ရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည့် Son နှင့် ကြော်ငြာစာချုပ်များ ချုပ်ဆိုထားခဲ့ကြပါသည်။

 

ခေါင်းလျှော်ရည် ထုတ်လုပ်သူ TS Trillion သည် ဆွန် ကို ၎င်း၏ ကြော်ငြာတွင် အဓိက မော်ဒယ်အဖြစ် ယခု ဧပြီလအထိ သုံးနှစ် ငှားရမ်းခဲ့သည်။  သို့သော်  သူ့စျေးကြီးသည့် အခကြေးငွေကိုကုမ္ပဏီက မတတ်နိုင်တော့သဖြင့်  ဆွန်ကို မသုံး‌ေတာ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

 

" EPL မှာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့တဲ့ ထိပ်တန်း ဘောလုံးကစားသူ ဖြစ်လာချိန်မှာ ကြော်ငြာမော်ဒယ်လ်အဖြစ် သူ့ကို ကျွန်တော်တို့ မရနိုင်‌ေတာ့တာ ရှက်စရာပါ။ တကယ်တော့ ကျွန်တော်တို့ရဲ့ ခေါင်းလျှော်ရည်ထုတ်ကုန်ဟာ ကိုရီးယား ပြည်တွင်းမှာ သူ့ရဲ့ မြင့်မားတဲ့ ပရိုဖိုင်ကြောင့် Son's shampoo အဖြစ် လူတော်တော်များများ လူသိများလာ‌ေစခဲ့ပါတယ်" ဟု ကုမ္ပဏီမှ တာဝန်ခံက ပြောကြားသည်။ 

"ဆွန်ကြောင့် ရခဲ့တဲ့ မားကက်တင်းအကျိုးသက်ရောက်မှုကို ကျွန်တော်တို့ ရခဲ့ကြတာ အလွန်သေချာပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

ဆွန်နှင့် ကြော်ငြာခဲ့သည့်အတွက် မည်မျှ သုံးစွဲခဲ့ကြောင်း ကုမ္ပဏီက ထုတ်ဖော်ပြောကြားခြင်း မပြုချေ။ သို့သော် ပြီးခဲ့သည့် ၃ နှစ်တာတွင် ဝမ် ဘီလျံချီ နှစ်စဉ် သုံးစွဲခဲ့သည်ဟု သတင်းများ ထွက်ပေါ်ပါသည်။ 

TS Trillion က ကုမ္ပဏီ ကြော်ငြာစရိတ်သည် ၂၀၂၀ တွင် ဝမ် ၈.၄ ဘီလျံ သုံးစွဲခဲ့ပြီး ၂၀၂၁ တွင် ဝမ် ၁၀.၉ ဘီလျံ သို့ မြင့်တက်သုံးစွဲခဲ့သည်ဟု ပြောကြားသည်။

ခုမှာ ခုရ စားသောက်ဆိုင်ခွဲများ ဖွင့်လှစ်လုပ်ကိုင်သည့် Lotteria က အခြေအနေကို စောင့်ကြည့်ပြီး သုံးသပ်နေဆဲ ဖြစ်ကြောင်း ပြောကြားသည်။

 

"ယမန်နှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ကြော်ငြာများအတွက် ကျွန်တော်တို့ရဲ့ အဓိကမော်ဒယ်အဖြစ် ဆွန် ကို ရွေးချယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်း သူ့မော်ဒယ်ကြေးက ဈေးခုန်တက်ပြီး အရမ်းမြင့်မားသွားခဲ့ပါတယ်။ သူ့ကို ဆက်လက် ငှားမငှားဆိုတာ ကျွန်တော်တို့ စဉ်းစားနေဆဲ ဖြစ်ပါတယ်" ဟု Lotteria မှ တာဝန်ခံက ပြောကြားသည်။

 

ရေခဲမုန့်ထုတ်လုပ်သူ Binggrae က ၎င်း၏ ကြော်ငြာများတွင် ဆွန်ကို သုံးစွဲရန် ခက်ခဲမည့်ပုံပေါ်သည်ဟု ဆိုသည်။

"ဆွန် ကို ၂၀၁၉ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ ပင်မမော်ဒယ်အဖြစ် ငှားရမ်းလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ရောင်းအားက တစ်နှစ်ထက်တစ်နှစ် ၈၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ သူ့ရဲ့ မားကတ်တင်း အကျိုးသက်ရောက်မှုက အံ့မခန်းပါပဲ။  ဒါပေမဲ့ သူ့ရဲ့ မော်ဒယ်ကြေးက ကျွန်တော်တို့ မကိုင်တွယ်နိုင်‌ေတာ့တဲ့ အဆင့်ကို ရောက်နေပါပြီ” ဟု Binggrae မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 

တောင်ကိုရီးယား၏ အကြီးမားဆုံး အနှိပ်ထိုင်ခုံကုမ္ပဏီ Bodyfriend သည် ၎င်း၏လုပ်ငန်းကို အမေရိကန်နှင့် ဥရောပသို့ ချဲ့ထွင်လိုသောကြောင့် ဆွန်နှင့် ၎င်း၏ ကြော်ငြာစာချုပ်ကို သက်တမ်းတိုးရန် ပြန်လည်သုံးသပ်နေပါသည်။

 

"ဆွန်ဟာ ကမ္ဘာ့ဈေးကွက်ကို ပစ်မှတ်ထားတဲ့ ကျွန်တော်တို့ရဲ့ ကြော်ငြာတွေအတွက် ပြီးပြည့်စုံတဲ့ မော်ဒယ်တစ်ယောက်ပါ။ သူ့ရဲ့ မော်ဒယ်ကြေးက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မြင့်တက်လာပေမယ့် အဲဒါကို ရင်ဆိုင်‌ေဖြရှင်းနိုင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးနေပါတယ်" ဟု Bodyfriend မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Read times
Rate this item
(0 votes)