-->
×

Warning

JUser: :_load: Unable to load user with ID: 29


digital marketing မှာ Impression ဆိုတာ ဘာကို ပြောကြတာလဲ

digital marketing မှာ Impression ဆိုတာ ဘာကို ပြောကြတာလဲ

အင်ပရက်ရှင်ဆိုတာ ဘာလဲ

ကြော်ငြာတစ်ခု၊ ဒစ်ဂျစ်တယ် မီဒီယာပုံစံတစ်ခုကို ကိရိယာ သုံးစွဲသူ ကြည့်နေတဲ့ စခရင်မှာ ဖော်ပြလိုက်တာကို ဆိုလိုပါတယ်။ ဖုန်းနဲ့ ကြည့်ရင် ဖုန်း စခရင်မှာ ဖော်ပြတာကို ဆိုလိုတယ်။ ကွန်ပျူတာမှာ ကြည့်ရင် ကွန်ပျူတာ စခရင်၊ မိုနီတာစခရင်မှာ ဖော်ပြတာကို ဆိုလိုတယ်။
ဖော်ပြပေးရုံ သက်သက်ပဲ။ ကိရိယာ သုံးစွဲနေသူရဲ့ လုပ်ကိုင်မှုကို အခြေမခံထားဘူး။ သုံးစွဲသူက ကြော်ငြာကို မြင်နိုင်တဲ့ အလားအလာကိုသာ ဆိုလိုခြင်း ဖြစ်တယ်။
ကြော်ငြာကို မြင်မယ် တွေ့မယ် လက်ချောင်းနဲ့ ထိကြည့်မယ် စတဲ့ မျှော်လင့်ချက်ဖြင့် ပြသခြင်း ဖြစ်ပါတယ်။ ကြော်ငြာမှာ ပြသထားတဲ့ အသိပေးချက်ကို သတိပြုမိမယ်။

Digital marketing ထဲမှ Impression
Digital marketing မှာ Impression ကို ကြိမ်ရေ ဘယ်လောက် ရှိသလဲ သိနိုင်တယ်။ အဲဒါဟာ အော့ဖ်လိုင်းထက် သာတဲ့အချက် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘေဘုတ်ထောင်ထားတဲ့ ကြော်ငြာရှင်အနေဖြင့် ဘေဘုတ်ကို မြင်တဲ့ကြိမ်ရေကို ခိုင်ခိုင်မာမာ ခန့်မှန်းသိရှိနိုင်ခြင်း မရှိဘူး။
Digital marketing မှာတော့ သိလို့ရတာကြောင့် cost-per-thousand (CPM) impressions
မြင်ကြိမ်ရေတစ်ထောင်အရ ဈေးနှုန်းသတ်မှတ်ပြီး ကြော်ငြာ ရောင်းကြတယ်။

Impression ၂ မျိုး
Impression တစ်မျိုးက Served Impressions ဖြစ်ပါတယ်။ တင်ပြထားတဲ့ ကြော်ငြာ ဘယ်နှခါ ပြလိုက်သလဲဆိုတာကို ဆာဗာကနေ ရေတွက်မှတ်သားပေးထားတယ်။
အဲဒီမှာ ရှေ့မှာ တင်ပြခဲ့တဲ့ 'billboard' ပြဿနာ ရှိနေတယ်။ ပြသတာကို မြင်ကောမြင်လိုက်ရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတာလဲ ရှိတယ်။ စခရင်မှာ မမြင်သာတာမျိုးလည်း ရှိတယ်။

Viewable Impressions ဟာ နောက်ထပ် Impression တစ်မျိုးဖြစ်ပြီး Served Impressions ထက် ပိုကောင်းတယ်။ ပြသတာကို မမြင်ရဘူးလို့ ယူဆရင် ပြသတာကို ထည့်မရေတွက်ဘူး။

ပြသတဲ့ကြော်ငြာကို မမြင်ရတဲ့ အကြောင်းတွေ ရှိတယ်။
ကြော်ငြာ တားတဲ့ ဆော့ဖ်၀ဲလ် Ad-blocking software
စခရင်က ပုံကို ကောင်းကောင်းပြနိုင်တဲ့ ပုံထုတ်ပြအရည်အသွေး နိမ့်ကျခြင်း
ကြော်ငြာကို ပြဖို့ တင်နေတုန်းမှာ သုံးတဲ့သူက ကြော်ငြာ ပေါ်လာတဲ့အထိ မစောင့်ဘဲ အောက်ကို ဆက်ဆင်းသွားခြင်း
အင်တာနက် မကောင်းလို့ ကြော်ငြာ မပေါ်ခြင်း
ကြည့်နေတာက လက်ပ်တော့ သို့မဟုတ် စားပွဲတင် မိုနီတာဖြစ်ပြီး ကြော်ငြာက မိုဘိုင်းကိရိယာ စခရင်တွေအတွက်ပဲ ဖြစ်နေခြင်း
ဘရိုဇာရဲ့ မြင်ကွက်ကို သေးထား ကျဉ်းထားခြင်း
သုံးစွဲသူက ဟိုပြောင်းးဒီပြောင်း ပြောင်းလဲကြည့်ရှုနေခြင်း
စတဲ့ အကြောင်းကြောင်းကြောင့် ကြော်ငြာကို စခရင်သုံးစွဲသူမှ မမြင်ရရင် မြင်နိုင်သော အင်ပရက်ရှင် Viewable Impressions မဖြစ်တာမို့ ပြသကြိမ်ရေမှာ ထည့်သွင်းရေတွက်ခြင်း မပြုဘူး။
တစ်နည်းပြောရရင် စခရင်သုံးစွဲသူက တကယ်မြင်ရမှသာ တစ်ကြိမ် မြင်သည်လို့ ရေတွက်တာ ဖြစ်ပါတယ်။

zaegyi

digital marketing မွာ Impression ဆိုတာ ဘာကို ေျပာၾကတာလဲ

အင္ပရက္ရွင္ဆိုတာ ဘာလဲ

ေၾကာ္ျငာတစ္ခု၊ ဒစ္ဂ်စ္တယ္ မီဒီယာပုံစံတစ္ခုကို ကိရိယာ သုံးစြဲသူ ၾကည့္ေနတဲ့ စခရင္မွာ ေဖာ္ျပလိုက္တာကို ဆိုလိုပါတယ္။ ဖုန္းနဲ႔ ၾကည့္ရင္ ဖုန္း စခရင္မွာ ေဖာ္ျပတာကို ဆိုလိုတယ္။ ကြန္ပ်ဴတာမွာ ၾကည့္ရင္ ကြန္ပ်ဴတာ စခရင္၊ မိုနီတာစခရင္မွာ ေဖာ္ျပတာကို ဆိုလိုတယ္။
ေဖာ္ျပေပး႐ုံ သက္သက္ပဲ။ ကိရိယာ သုံးစြဲေနသူရဲ႕ လုပ္ကိုင္မႈကို အေျခမခံထားဘူး။ သုံးစြဲသူက ေၾကာ္ျငာကို ျမင္ႏိုင္တဲ့ အလားအလာကိုသာ ဆိုလိုျခင္း ျဖစ္တယ္။
ေၾကာ္ျငာကို ျမင္မယ္ ေတြ႕မယ္ လက္ေခ်ာင္းနဲ႔ ထိၾကည့္မယ္ စတဲ့ ေမွ်ာ္လင့္ခ်က္ျဖင့္ ျပသျခင္း ျဖစ္ပါတယ္။ ေၾကာ္ျငာမွာ ျပသထားတဲ့ အသိေပးခ်က္ကို သတိျပဳမိမယ္။

Digital marketing ထဲမွ Impression
Digital marketing မွာ Impression ကို ႀကိမ္ေရ ဘယ္ေလာက္ ရွိသလဲ သိႏိုင္တယ္။ အဲဒါဟာ ေအာ့ဖ္လိုင္းထက္ သာတဲ့အခ်က္ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ ေဘဘုတ္ေထာင္ထားတဲ့ ေၾကာ္ျငာရွင္အေနျဖင့္ ေဘဘုတ္ကို ျမင္တဲ့ႀကိမ္ေရကို ခိုင္ခိုင္မာမာ ခန႔္မွန္းသိရွိႏိုင္ျခင္း မရွိဘူး။
Digital marketing မွာေတာ့ သိလို႔ရတာေၾကာင့္ cost-per-thousand (CPM) impressions
ျမင္ႀကိမ္ေရတစ္ေထာင္အရ ေဈးႏႈန္းသတ္မွတ္ၿပီး ေၾကာ္ျငာ ေရာင္းၾကတယ္။

Impression ၂ မ်ိဳး
Impression တစ္မ်ိဳးက Served Impressions ျဖစ္ပါတယ္။ တင္ျပထားတဲ့ ေၾကာ္ျငာ ဘယ္ႏွခါ ျပလိုက္သလဲဆိုတာကို ဆာဗာကေန ေရတြက္မွတ္သားေပးထားတယ္။
အဲဒီမွာ ေရွ႕မွာ တင္ျပခဲ့တဲ့ 'billboard' ျပႆနာ ရွိေနတယ္။ ျပသတာကို ျမင္ေကာျမင္လိုက္ရဲ႕လား ဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္ေနတာလဲ ရွိတယ္။ စခရင္မွာ မျမင္သာတာမ်ိဳးလည္း ရွိတယ္။

Viewable Impressions ဟာ ေနာက္ထပ္ Impression တစ္မ်ိဳးျဖစ္ၿပီး Served Impressions ထက္ ပိုေကာင္းတယ္။ ျပသတာကို မျမင္ရဘူးလို႔ ယူဆရင္ ျပသတာကို ထည့္မေရတြက္ဘူး။

ျပသတဲ့ေၾကာ္ျငာကို မျမင္ရတဲ့ အေၾကာင္းေတြ ရွိတယ္။
ေၾကာ္ျငာ တားတဲ့ ေဆာ့ဖ္၀ဲလ္ Ad-blocking software
စခရင္က ပုံကို ေကာင္းေကာင္းျပႏိုင္တဲ့ ပုံထုတ္ျပအရည္အေသြး နိမ့္က်ျခင္း
ေၾကာ္ျငာကို ျပဖို႔ တင္ေနတုန္းမွာ သုံးတဲ့သူက ေၾကာ္ျငာ ေပၚလာတဲ့အထိ မေစာင့္ဘဲ ေအာက္ကို ဆက္ဆင္းသြားျခင္း
အင္တာနက္ မေကာင္းလို႔ ေၾကာ္ျငာ မေပၚျခင္း
ၾကည့္ေနတာက လက္ပ္ေတာ့ သို႔မဟုတ္ စားပြဲတင္ မိုနီတာျဖစ္ၿပီး ေၾကာ္ျငာက မိုဘိုင္းကိရိယာ စခရင္ေတြအတြက္ပဲ ျဖစ္ေနျခင္း
ဘ႐ိုဇာရဲ႕ ျမင္ကြက္ကို ေသးထား က်ဥ္းထားျခင္း
သုံးစြဲသူက ဟိုေျပာင္းးဒီေျပာင္း ေျပာင္းလဲၾကည့္ရႈေနျခင္း
စတဲ့ အေၾကာင္းေၾကာင္းေၾကာင့္ ေၾကာ္ျငာကို စခရင္သုံးစြဲသူမွ မျမင္ရရင္ ျမင္ႏိုင္ေသာ အင္ပရက္ရွင္ Viewable Impressions မျဖစ္တာမို႔ ျပသႀကိမ္ေရမွာ ထည့္သြင္းေရတြက္ျခင္း မျပဳဘူး။
တစ္နည္းေျပာရရင္ စခရင္သုံးစြဲသူက တကယ္ျမင္ရမွသာ တစ္ႀကိမ္ ျမင္သည္လို႔ ေရတြက္တာ ျဖစ္ပါတယ္။

 

Read times
Rate this item
(0 votes)