ကြော်ငြာမပါပါဘူးဆိုတဲ့ Telegram က ဝင်ငွေရှာဖို့ မူဝါဒ ပြောင်းလဲ
Telegram ရဲ့ မူလ ဆောင်ပုဒ်က
Telegram က အမြဲထာဝရ အခမဲ့
ကြော်ငြာမရှိ
လစဉ်ကြေးမရှိ
"Telegram is free forever.
No ads.
No subscription fees."
ဖြစ်ပေမဲ့ များမကြာခင်မှာ မူဝါဒ ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။
သာမန်ထက် ထူးကဲတဲ့ Telegram Premium ဝန်ဆောင်မှုကို အခကြေး ရယူပြီး ပေးအပ်မှာ ဖြစ်ပါတယ်။ လောလောဆယ် ဘီတာဗားရှင်း ထွက်ထားပြီးပါပြီ။
Telegram အက်ပ် ဗားရှင်းအသစ်မှာ အထက်ဖော်ပြပါဆောင်ပုဒ် ပါလာတော့မှာ မဟုတ်ပါဘူး။
ဆောင်ပုဒ်အသစ်က
Telegram က အကန့်အသတ်မရှိ အခမဲ့ တိမ်စိုင်သိုလှောင်မှု ချပ်များနှင့် မီဒီယာအတွက် ပေးအပ်သည်
" Telegram provides free unlimited cloud storage for chats and media."
ဖြစ်ပါတယ်။
Telegram Premium နှင့်စပ်လျဉ်း၍ Telegram က တရားဝင် တစ်စုံတစ်ရာ မကြေညာသေးပါဘူး။
သင်က Premium ယူထားတယ်ဆိုရင် သင့်အကောင့်အမည်ဘေးမှာ ပရီမီယဲဆိုတာ သိအောင် အမှတ်အသား ပြုပေးထားမှာ ဖြစ်ပါတယ်။။။
ဥပမာ star badge
တုံ့ပြန်ပုံများနှင့် စတစ်ကာများ အပါအဝင် သာမန်မှ မရနိုင်ပဲ ပရီမီယံမှ ရနိုင်မယ့် ကွာခြားချက်တွေ ပါဝင်ပါတယ်။
တခြားထူးခြားတဲ့အစီအစဉ်တွေလည်း ပါလာနိုင်ပါတယ်။
တရားဝင် မကြေညာသေးတာကြောင့် အခကြေး ဘယ်လောက်လဲဆိုတာကအစ အသေးစိတ်အချက်အလက်များ မသိရသေးပါ။