-->
×

Warning

JUser: :_load: Unable to load user with ID: 29


TV ကြော်ငြာဖြင့်မဲဆွယ်မည့် Bernie Sanders








 


 












 

Unicode >>> 

 

၂၀၂၀ လာမည့်ရွေးကောက်ပွဲအတွက် ဥပဒေ ရေးရာအသိုင်းအဝိုင်းမှ နိုင်ငံရေးသမားများက အလုအယက်မဲဆွယ်ဖို့ကြိုးစားနေသည်ကို သတိထားမိမှာပါ။

ယခုလည်း အမေရိကန်နိုင်ငံရဲ့လွှတ်တော်အမတ် ဖြစ်သူ Bernie Sanders မှ သူ့ကိုမဲပေးမည့်လူအမြှောက်အများကို TV ကြော်ငြာများမှ မဲဆွယ် ကာ သူ့အားမဲပေးရန်ဆွဲခေါ်လာမည်ဟုသိရှိရသည်။

လွှတ်တော်အမတ် ဖြစ်သူ Bernie Sanders က ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာကတည်းက TV ကြော်ငြာအားကို အခြားသောပြိုင်ပွဲဝင်တွေထက် ပိုမိုအသုံးပြုခဲ့တယ်သိရပါတယ်။

Bernie ဟာ ယခုအခါမှာတော့ TV ကြော်ငြာအတွက် ၃၀ မီလီယံ အသုံးပြုသွားမယ်သိရပါတယ် ထို့ပြင် Bernie က ပြီးခဲ့တဲ့ အစောပိုင်း အောက်တိုဘာလ ထဲက

သူရဲ့ TV ကြော်ငြာ campaign အတွက် ၁.၃ မီလီယံ အသုံးပြု ထားပြီဖြစ်ရာ ၁ မီလီယံစာ TV ကြော်ငြာ ပြသချိန် ဝယ်ယူထားပြီဖြစ်တယ်သိရပါသည်။

Bernie ရဲ့ TV-centric strategy ကိုဦးဆောင်နေတဲ့ အကြံပေးအရာရှိဖြစ်သူ Jeff Weaver ရဲ့ ပြောကြားချက်အရ ' Bernie အနေနဲ့ အခြား နိုင်ငံရေးဆိုင်ရာ စိတ်မဝင်စားတဲ့သူတွေကို သူက ဆွဲခေါ်ချင်ပုံပါ '
' တကယ်လို့သင့်အနေနဲ့ အခု ကိစ္စရပ်များနှင့် မသက်ဆိုင်နိုင်ငံရေးစိတ်မဝင်စားတဲ့ ပရိသတ်ကို လိုချင်ပါကသင့်အနေရှာစရာနေရာ တစ်နေရာပဲ ရှိမယ်ဗျ ထိုအရာက TV ကနေကြော်ငြာခြင်းပဲ ' ဆိုကာပြောဆိုခဲ့ပါတယ်။

 

Gigi Hadid ကြော်ငြာထားတဲ့ Reebok

 

Bernie ဟာ သူ့ရဲ့ TV ကြော်ငြာ campaign ကနေ လူအမြှောက်အများ ထပ်မံလိုချင် ပုံပါပဲ ထိုကဲ့သို့မဲဆွယ်လာရခြင်းမှာ social media များမှ နိုင်ငံရေးဆိုင်ရာကြော်ငြာများကို ပိတ်ပင်ခဲ့လို့ လည်းထင်ပါတယ်။

Facebook ကတော့ အစကတည်းက နိုင်ငံရေးဆိုင်ရာကြော်ငြာများကို Ban ထားပြီးသားပါ။Facebook ရဲ့ rules မှာကိုက ban ထားကြောင်းပါပြီးထားတာတွေ့ရပါတယ်။

Facebook ရဲ့ ပဲ့ကိုင်ရှင် Mark Zuckerberg က သတင်းထောက်များညီလာခံတစ်ခုမှာ ' 'ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာရှိနေသမျှ , နိုင်ငံရေးသတင်းတွေ နဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေရှိ
နေသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး ' ဆိုကာ ပြောကြားသွားခဲ့ပြီးသားပါ။

Twitter ၏ CEO ဖြစ်သူ Jack Dorsey မှ ' Internet ပိုင်းဆိုင်ရာကြော်ငြာများနှင့် ပတ်သက်လို့ ယနေ့ ခေတ်မှာအရေးပါ အရာရောက်လာတာနှင့်အမျှ နိုင်ငံရေးရာ အပိုင်းမှာလဲ အကျိုးသက်ရောက်မူ့ရှိနိုင်သည် '

သူ၏ Twitter စာမျက်နှာတွင်ရေးသားထားသည်ကိုတွေ့ရသည်။

ထို့ပြင် Jack Dorsey သည် သူ၏ Twitter စာမျက်နှာ ပေါ်တွင် ' ကျွန်တော်တို့ Twitter ပေါ် က နိုင်ငံရေးနှင့် သက်ဆိုင်သော ကြော်ငြာများကို ကမ္ဘာနှင့်တစ်ဝှမ်းဖယ်ရှားဖို့ဆုံးဖြတ်ချက်ချလိုက်ပြီပဲ ဖြစ်ပါတယ်၊
ဘာကြောင့် ဆုံးဖြတ်ချက်ချလိုက်တာလဲဆိုရင်တော့ အကြောင်းပြချက်လေး အချို့တလေ ကြောင့်ပါ ' ဟုဆိုကာ သူ့ရဲ့ Twitter စာမျက်နှာပေါ်တွင် ထပ်မံရေးသားခဲ့ပါတယ်။

ထိုအချင်းအရာကို Hillary Clinton မှ သူမ၏ Twitter အကောင့်မှ တစ်ဆင့် ' ဒါဟာ ဒီမိုကရေစီခေါင်းစဉ် အောက်မှာရှိတဲ့ အမေရိကန်အပါအဝင် အခြား ကမ္ဘာ့ နိုင်ငံအသီးသီးတွေအနေဖြင့် လုပ်သင့်တဲ့အရာတစ်ခုပဲ '
ဆိုကာ သူမရဲ့ Twitter စာမျက်နှာပေါ်တွင်ရေးသားထားတာတွေ့ရပါသည်။ Hillary Clinton ဟာ ပြီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကံဆိုးစွာ Donald Trumps ကို မဲရှုံးနိမ့်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ဖြစ်တဲ့ America's political camps ရဲ့ တချို့သတင်းကြော်ငြာများမှာလဲ Ban ခံရတယ်လို့သိရပါတယ်။

အမေရိကန်သမ္မတ Donald Trumps ရဲ့ re-election campaign မှ မန်နေဂျာ ဖြစ်သူ Brad Parscale ရဲ့ ပြောကြားချက်ကတော့ နောက်ထပ်ကြိုးပမ်းမူ့ တစ်ခု မရှိသေးသဖြင့် တိတ်ဆိတ်စွာ နေရအုံးမည်' ဟု ပြောကြားပါသည်။

တကယ်တန်းမှာ နိုင်ငံရေးနဲ့ သက်ဆိုင်သော ကြော်ငြာများ ကြောင့် အမုန်းစကားတွေ ပျံပွားစေသော ကိစ္စ ကြောင့်လည်းပါဝင်မယ်သိရပါတယ်။
Twitter မှနိုင်ငံရေးဆိုင်ရာကြော်ငြာများကို အဓိက ဖယ်ရှားရခြင်းအကြောင်းအရာကတော့ ထိုကြော်ငြာများဟာ မဲပေးခြင်းကို လွမ်းမိုးသွားမှာဆိုးလို့ပါတဲ့။

Twitter မှ နိုင်ငံရေးဆိုင်ရာ ကြော်ငြာများကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင်အတည်ပြု ဖယ်ရှားသွားမယ်သိရှိရပြီး နိုဝင်ဘာလ ၁၅ ရက်မှာ အချက်ကျကျ အတည်ပြု ချက်ထွက်ရှိလာပါသည်။

နိုင်ငံရေး TV ကြော်ငြာ များကို ယခုကဲ့သို့ TV ads , လက်ကမ်းစာစောင် , Billboard စသည်တို့ တွင် အများအပြားတွေ့ရှိလာရမယ်လို့ခန့်မှန်းကြပါတယ်။

Source from The NewYork Times

Myanmar Advertising Directory 

Read times
Rate this item
(0 votes)