-->
×

Warning

JUser: :_load: Unable to load user with ID: 29


ျမဟသၤာ ေၾကာ္ျငာ ( Behide the scene)

" ခန္းနားေမႊးၾကိဳင္တာရွည္လန္းဆန္း ၊ မညိဳးႏြမ္းပဲ ၾကဴၾကဴလိႈင္တယ္ " ဆိုတဲ့ ျမဟသၤာ ေၾကာ္ျငာရဲ႕ သီခ်င္းစာသားအဓိပၸါယ္ကို သိခ်င္ၾကပါသလား ?

ျမဟသၤာ ေၾကာ္ျငာက ယခင္ ျမန္မာ့ ေၾကာ္ျငာေရႊေခတ္ရဲ႕ လူစိတ္ဝင္စားမႈ႕အမ်ားဆံုးေၾကာ္ျငာတစ္ခုဆိုလဲ မွားမယ္မထင္ပါဘူး ...

90's ေခတ္ ကေလးေတြနဲ႔ အေစာပိုင္းနွစ္မွ လူၾကီးမ်ား TV ၾကည့္တိုင္း စိတ္ေပ်ာ္ရႊင္ ခဲ့ျပီး ေၾကာ္ျငာသီခ်င္းေလးေတြ လိုက္ဆိုခဲ့ဖူးၾကမွာပါ။

အမွန္ေတာ႔ စိတ္ေဖ်ာ္ေျဖမႈ႔ေပးနိုင္တဲ့ ထိုေၾကာ္ျငာေလးရဲ႕ေနာက္ကြယ္မွာ အပင္ပန္းအဆင္းရဲခံျပီး ပံုေဖာ္ခဲ့ၾကတဲ႔ အနုပညာ သမား စစ္စစ္ေတြရွိပါတယ္။

ျမဟသၤာ ေၾကာ္ျငာရဲ႕ ဒါရိုက္တာၾကီး ျဖစ္သူ ဦးေဝလုဝႆန္ ႏွင့္ အင္တာဗ်ဴး -

ေျပာရရင္ေတာ့ ထို ေၾကာ္ျငာမွာ အဓိက သရုပ္ေဆာင္ေတြက ဦးေနေအာင္ ႏွင့္ နႏၵာလႈိင္ ေပါ့။ ေၾကာ္ျငာေလးက လွလွပပေလးနဲ႔ ရိုးရွင္းပါတယ္ ။
ေၾကာ္ျငာေလးက ရိုက္ျပခ်င္တာက အမ်ိဳးသားေတြဘဝအတြက္ ၾကိဳးစားၾက ရုံးကန္ၾကရတယ္ ၊ တစ္ဖက္မွာလဲအိမ္ေထာင္ေရးသုခႏွင့္ျပည့္စံုခ်င္ၾကတာ အမ်ိဳးသားတိုင္းလိုလိုပါပဲ။
ဒါကိုေတးေရးဆရာနဲ႕ ေဆြးေႏြး ျပီး ေလာက ဘဝ အမွန္တရားေတြကို ကဗ်ာဆန္ဆန္ နဲ႕ တည့္တည့္ခ်ေရးထားတာပါ။အမ်ိဳးသားအားေဆးျဖစ္တာမို႕နဂိုကကတည္းက သိုသိုသိပ္သိပ္ နဲ႕ ေရးရတာမို႕ ထိန္းတာေတာ့ ရွိတာေပါ့။
သတိထားၾကည့္ရင္သိႏိုင္တာက နႏၵာလိႈင္နဲ႔ ဦးေနေအာင္ အသက္အရြယ္ ေပါ့ အဲ႔ဒါကလည္းအသက္ၾကီးမွ အိမ္ေထာင္က်တာကို ဒဲ႕ခ်ျပထားတာပါ။ေၾကာ္ျငာ ရိုက္ၾကာခ်ိန္က ဝါရင့္ သရုပ္ေဆာင္ၾကီးေတြ နဲ႔ရိုက္ကူးထားတာမို႔ ၂ ရက္ ရိုက္ကူးခဲ့ရပါတယ္။
ၾကိဳတင္ျပင္ဆင္မႈ႔အေနနဲ႕က အေရးၾကီး အိပ္ခန္းကိုရိုက္ရမဲ႕ အခ်ိန္မွာ IBG အင္းယားမွာရိုက္လိုက္္တယ္ အစက Hotel တစ္ခုမွာ ရိုက္ဖို႔ စီစဥ္ထားေပမဲ့ ထိုေဟာ္တယ္ကို ႏိုင္ငံျခားသားဝင္လို႕ဆို အခန္းမရခဲ့ပါဘူး။
ဆက္မရိုက္ဖို႕ ေနာက္ရက္ကူးဖို႕ ပိုင္ရွင္ ဦးေမာင္ေမာင္လြင္ ကေျပာေပမဲ့ ဆက္ရိုက္ျဖစ္တယ္ ကိုယ္ေတြမွာက ပစၥည္းစံု ရွိတာမို႕ ေပ ၂၀ ေက်ာ္ လိုက္ကာၾကီးေတြနဲ႕ အခန္းျပင္ဆင္ရိုက္ခဲ့တယ္။ အစက ပိုင္ရွင္က
ကြ်န္ေတာ္႔ကို ျဖစ္သလိုလုပ္တယ္လို႕ သံႆယ ရွိေပမဲ့ ကင္မရာ ကို ထိုအိပ္ခန္းကို ခ်ိန္လိုက္ခ်ိန္မွာ ပိုင္ရွင္က ေက်ာကုန္းကို လာရိုက္ျပီး ကြ်န္ေတာ္႕ကိုခ်ီးမြမ္းတယ္ဗ်။
ဒီေၾကာ္ျငာမွာ အမ်ိဳးသားၾကီး အလႊာစံုကို ရိုက္ကူးျပသထားတယ္ ၊ ကားပြဲစား ၊ ရုပ္ရွင္ဒါရိုက္တာ ၊ စီးပြားေရးသမား အလႊာစံုကိုရိုက္ျပထားတာပါ။
ဒါ့ထက္ တိုင္းရင္းေဆးဆင္ဆာ ထိေသးတာ တိုင္းရင္းေဆးေကာင္စီဘက္မွ ေလ်ွာ႔နိုင္ရင္ ေလ်ွာ့ေပးဖို႕ေျပာတယ္ ဆင္ဆာ ၄ ကပ္ေလာက္ျဖတ္ခံခဲ့ရပါတယ္။
ဒီေၾကာ္ျငာေလးက ပညာသားပါျပီး ကြ်န္ေတာ္ အားရတဲ့ ေၾကာ္ျငာေလးတစ္ခုပါ ဟုေျပာျပသြားပါသည္။

Sainsbury ရဲ႕ Christmas ေၾကာ္ျငာအသစ္

ျမဟသၤာ ေၾကာ္ျငာမွ တည္းျဖတ္ဆရာၾကီး ဦးေထြးေက်ာ္ႏွင့္အင္တာဗ်ဴး -

ျမဟသၤာ ေၾကာ္ျငာ နဲ႔ ပတ္သတ္ မွတ္မွတ္ ရရ အမွတ္တရေလးတစ္ခုရွိတယ္ဗ် ထိုေဆးက အမ်ိဳးသားခြန္အားတိုးေဆး ျဖစ္တာမို႕ ေၾကာ္ျငာကို လွလွပပေလးရိုက္ဖို႔ ရည္ရြယ္ခဲ့ၾကတယ္။
ဒါထက္ ဆင္ဆာ ခြင့္ျပဳမလား ၊ မျပဳဘူးလားဆိုတာကေတာ့ ဆိုးရိမ္စိတ္ေတြက ရွိခဲ့တာအမွန္ပဲ။ကြ်န္ေတာ္တို႕က ဒီလုပ္ငန္းထဲမွာ အထိုက္အေလ်ာက္ၾကာခဲ့ျပီမို႕ဒီဆင္ဆာ ဘုတ္အဖြဲ႕က လူၾကီးေတြရဲ႕ သေဘာတရားကို ခန္႔မွန္းလုိ႔ကရေနျပီ
သူတို႕က အရမ္း sensitive ျဖစ္တယ္ေလ အဲ့ဒီေခတ္ အဲ့ဒီအခါ အေနအထားအရ လည္း အထက္လူၾကီးေတြကိုေၾကာက္ရတာေတြ ပါတာေပါ့ဗ်ာ။အဲ့ေတာ့ ကိုယ္အေထာင္းမခံရေအာင္ ၾကိဳတင္ကာကြယ္မႈ႕ေတြ သူတို႕က ယူၾကတယ္ဗ်
ယူၾကေတာ့ အနည္းေလး sensitive ျဖစ္တာမ်ိဳးပါလာတာဆို ဆင္ဆာ ျဖတ္သည္ပဲ လုပ္ျပစ္တာကိုး အဲ့လိုနဲ႔ ကြ်န္ေတာ္တို႔တည္းျဖတ္လိုက္တယ္ ေၾကာ္ျငာျပီးသည္အထိ ျပီးသြားတယ္။
ျပီးသြားတဲ့အခါ ၾကေတာ့ ဆင္ဆာ တင္ရတယ္။တိုင္းရင္းေဆးေတြ အကုန္လံုးက ဆင္ဆာက နွစ္ဆင့္ ျဖတ္ခံရတယ္ဗ်။ တိုင္းရင္းေဆးဆင္ဆာ အတြက္ တိုင္းရင္းေဆးေကာင္စီကို တင္ရတယ္
အဲ့ ဒီက က်ျပီ ဆိုေတာ့မွ သက္ဆိုင္ရာ ဆင္ဆာ ဘုတ္အဖြဲ႕ကို တင္ရတယ္ ။ ထိုေၾကာ္ျငာထဲမွာ အဓိက က ဦးေနေအာင္ပါတယ္ ၊ နႏၵာလႈိင္ပါတယ္ ေပါ့။ကေလးေလးႏွစ္ေယာက္ပါတယ္။
ထို ကေလး ႏွစ္ေယာက္က ျမဟသၤာ ေဆးတိုက္ ပိုင္ရွင္ရဲ႕ ကေလး အရင္းေတြပါ။အဲ့လိုနဲ႔ တိုင္းရင္းေဆးေကာင္စီ တင္လိုက္တဲ့အခ်ိန္မွာ ဆင္ဆာ ပိတ္ေရာ၊ပိတ္္ရျခင္း အေၾကာင္းတရားက
မင္းတို႕အရုပ္ေတြက အရမ္းထင္သာ ျမင္သာ ရွိလြန္းတယ္။လူငယ္ေခတ္စကားနဲ႕ ေျပာ ရရင္ Sexy တအားဆန္တယ္ေပါ့၊အမ်ားျပည္သူၾကည့္ရူ႕ရန္မသင့္ဆိုတဲ့ မွတ္ခ်က္ၾကီးနဲ႔ပိတ္လိုက္တာေပါ့
ကြ်န္ေတာ္တို႕အားလံုးလဲ စိတ္ညစ္ကုန္ ၾကတာေပါ့၊ ေၾကာ္ျငာ သီခ်င္းေလးကလည္းျငိမ့္ျငိမ့္ ေညာင္းေညာင္းနဲ႕တကယ္ေကာင္းတယ္။ထိုေဆးကို တိုက္ရိုက္ၾကီးေၾကာ္ျငာလို႕က မရဘူးဗ်
ျမဟသၤာ ေဆးကိုက အမ်ိဳးသားေတြအတြက္သည္းသန္႔ရည္ရြယ္ျပီးထုတ္တဲ့ ေဆးျဖစ္တယ္ေလ။အဲ့ေတာ့ တင္ျပပံုအပိုင္းမွာလဲ ပုရိႆေတြ အၾကိဳက္ ဖန္တီးခ်င္တယ္ေပါ့၊
TV မွာ လြင့္တဲ့ အခါၾကေတာ့ ၾကည့္ တဲ့ ပရိသတ္က အမ်ိဳးသားေတြၾကည့္ပဲမဟုတ္ဘူးေလ၊အမ်ိဳးသမီးေတြေရာ ကေလးေတြေရာ လူေပါင္းစံုၾကည့္ ၾကတာကိုး ဆိုတဲ့ အခါၾကေတာ့
ကြ်န္ေတာ္တို႔က ယဥ္ယဥ္ေက်းေက်းသိမ္သိမ္ေမြ႔ေမြ႔ေလးနဲ႕သြယ္ဝိုက္ျပီးေဆးအေၾကာင္းကို ျပရတာပါ။ရိုက္ကူးထားတဲ့ ပံုစံေရာ သရုပ္ေဆာင္ေတြေရာက လိုက္ဖက္မူ႕ရွိတယ္ေလ
အဲ့တာနဲ႔တိုင္းရင္းေဆးတိုက္ပိုင္ရွင္က တိုင္းရင္းေဆးေကာင္စီကိုသြားေတြ႕တယ္ ၊ ရွင္းျပတယ္ တိုင္းရင္းေဆးတိုက္ပိုင္ရွင္ ရဲ႕ သားသမီးႏွစ္ေယာက္လဲပါေၾကာင္း
ဒါဘာမွ ညစ္ညစ္ညမ္းညမ္း ဟာမ်ိဳးလဲ မဟုတ္ဘူး အမ်ိဳးသားေဆး ျဖစ္တဲ့အတြက္ ပုရိႆ အၾကိဳက္လိုက္ရထားရတယ္ဆိုကာအင္မတန္ရွင္းျပခဲ့ရပါတယ္။

ထိုေၾကာ္ျငာေလးထဲမွာ ဦးေနေအာင္က ျမဟသၤာ ေဆးကို တကယ္ေသာက္ျပခဲ့တာျဖစ္ျပီး ၅ ၾကိမ္ ၊ ၄ ၾကိမ္ေလာက္ ေသာက္ျပစဥ္ တကယ္ကို ႏွစ္ျခိဳက္စြာေသာက္ခဲ႔တယ္သိရပါတယ္။

" ခန္းနားေမႊးၾကိဳင္တာရွည္လန္းဆန္း ၊ မညိဳးႏြမ္းပဲ ၾကဴၾကဴလိႈင္တယ္ " ဆိုတဲ့ ျမဟသၤာ ေၾကာ္ျငာရဲ႕ သီခ်င္းစာသားအဓိပၸါယ္ကေတာ႔ အမ်ိဳးေတြရဲ႕ အေၾကာကို ပန္းတစ္ပြင့္ႏွင့္ တင္စားျပီး သီခ်င္း စပ္ထားတာပါတဲ့။

အခုဆို ပရိသတ္ၾကီးလဲ ျမဟသၤာ ေၾကာ္ျငာ အေၾကာင္း ကို သိရွိသြားေလာက္ပါျပီ။ေသေသခ်ာခ်ာ ေျပာျပေပးတဲ့
ဆရာၾကီးႏွစ္ေယာက္ကိုလဲ ေက်းဇူးအထူးတင္ရွိပါတယ္။

ေနာက္အပတ္ ေသာၾကာေန႔ယခုလို အခ်ိန္မွာ ယခင္ ေခတ္ေဟာင္းကေၾကာ္ျငာေတြ ျပန္ ၾကည့္ၾကမယ္ေနာ္။

Unicode >>> 

" ခန်းနားမွှေးကြိုင်တာရှည်လန်းဆန်း ၊ မညိုးနွမ်းပဲ ကြူကြူလှိုင်တယ် " ဆိုတဲ့ မြဟင်္သာ ကြော်ငြာရဲ့ သီချင်းစာသားအဓိပ္ပါယ်ကို သိချင်ကြပါသလား ?

မြဟင်္သာ ကြော်ငြာက ယခင် မြန်မာ့ ကြော်ငြာရွှေခေတ်ရဲ့ လူစိတ်ဝင်စားမှု့အများဆုံးကြော်ငြာတစ်ခုဆိုလဲ မှားမယ်မထင်ပါဘူး ...

90's ခေတ် ကလေးတွေနဲ့ အစောပိုင်းနှစ်မှ လူကြီးများ TV ကြည့်တိုင်း စိတ်ပျော်ရွှင် ခဲ့ပြီး ကြော်ငြာသီချင်းလေးတွေ လိုက်ဆိုခဲ့ဖူးကြမှာပါ။

အမှန်တော့ စိတ်ဖျော်ဖြေမှု့ပေးနိုင်တဲ့ ထိုကြော်ငြာလေးရဲ့နောက်ကွယ်မှာ အပင်ပန်းအဆင်းရဲခံပြီး ပုံဖော်ခဲ့ကြတဲ့ အနုပညာ သမား စစ်စစ်တွေရှိပါတယ်။

မြဟင်္သာ ကြော်ငြာရဲ့ ဒါရိုက်တာကြီး ဖြစ်သူ ဦးဝေလုဝဿန် နှင့် အင်တာဗျူး -

ပြောရရင်တော့ ထို ကြော်ငြာမှာ အဓိက သရုပ်ဆောင်တွေက ဦးနေအောင် နှင့် နန္ဒာလှိုင် ပေါ့။ ကြော်ငြာလေးက လှလှပပလေးနဲ့ ရိုးရှင်းပါတယ် ။
ကြော်ငြာလေးက ရိုက်ပြချင်တာက အမျိုးသားတွေဘဝအတွက် ကြိုးစားကြ ရုံးကန်ကြရတယ် ၊ တစ်ဖက်မှာလဲအိမ်ထောင်ရေးသုခနှင့်ပြည့်စုံချင်ကြတာ အမျိုးသားတိုင်းလိုလိုပါပဲ။
ဒါကိုတေးရေးဆရာနဲ့ ဆွေးနွေး ပြီး လောက ဘဝ အမှန်တရားတွေကို ကဗျာဆန်ဆန် နဲ့ တည့်တည့်ချရေးထားတာပါ။အမျိုးသားအားဆေးဖြစ်တာမို့နဂိုကကတည်းက သိုသိုသိပ်သိပ် နဲ့ ရေးရတာမို့ ထိန်းတာတော့ ရှိတာပေါ့။
သတိထားကြည့်ရင်သိနိုင်တာက နန္ဒာလှိုင်နဲ့ ဦးနေအောင် အသက်အရွယ် ပေါ့ အဲ့ဒါကလည်းအသက်ကြီးမှ အိမ်ထောင်ကျတာကို ဒဲ့ချပြထားတာပါ။ကြော်ငြာ ရိုက်ကြာချိန်က ဝါရင့် သရုပ်ဆောင်ကြီးတွေ နဲ့ရိုက်ကူးထားတာမို့ ၂ ရက် ရိုက်ကူးခဲ့ရပါတယ်။
ကြိုတင်ပြင်ဆင်မှု့အနေနဲ့က အရေးကြီး အိပ်ခန်းကိုရိုက်ရမဲ့ အချိန်မှာ IBG အင်းယားမှာရိုက်လိုက်တယ် အစက Hotel တစ်ခုမှာ ရိုက်ဖို့ စီစဉ်ထားပေမဲ့ ထိုဟော်တယ်ကို နိုင်ငံခြားသားဝင်လို့ဆို အခန်းမရခဲ့ပါဘူး။
ဆက်မရိုက်ဖို့ နောက်ရက်ကူးဖို့ ပိုင်ရှင် ဦးမောင်မောင်လွင် ကပြောပေမဲ့ ဆက်ရိုက်ဖြစ်တယ် ကိုယ်တွေမှာက ပစ္စည်းစုံ ရှိတာမို့ ပေ ၂၀ ကျော် လိုက်ကာကြီးတွေနဲ့ အခန်းပြင်ဆင်ရိုက်ခဲ့တယ်။ အစက ပိုင်ရှင်က
ကျွန်တော့်ကို ဖြစ်သလိုလုပ်တယ်လို့ သံဿယ ရှိပေမဲ့ ကင်မရာ ကို ထိုအိပ်ခန်းကို ချိန်လိုက်ချိန်မှာ ပိုင်ရှင်က ကျောကုန်းကို လာရိုက်ပြီး ကျွန်တော့်ကိုချီးမွမ်းတယ်ဗျ။
ဒီကြော်ငြာမှာ အမျိုးသားကြီး အလွှာစုံကို ရိုက်ကူးပြသထားတယ် ၊ ကားပွဲစား ၊ ရုပ်ရှင်ဒါရိုက်တာ ၊ စီးပွားရေးသမား အလွှာစုံကိုရိုက်ပြထားတာပါ။
ဒါ့ထက် တိုင်းရင်းဆေးဆင်ဆာ ထိသေးတာ တိုင်းရင်းဆေးကောင်စီဘက်မှ လျှော့နိုင်ရင် လျှော့ပေးဖို့ပြောတယ် ဆင်ဆာ ၄ ကပ်လောက်ဖြတ်ခံခဲ့ရပါတယ်။
ဒီကြော်ငြာလေးက ပညာသားပါပြီး ကျွန်တော် အားရတဲ့ ကြော်ငြာလေးတစ်ခုပါ ဟုပြောပြသွားပါသည်။

မြဟင်္သာ ကြော်ငြာမှ တည်းဖြတ်ဆရာကြီး ဦးထွေးကျော်နှင့်အင်တာဗျူး -

မြဟင်္သာ ကြော်ငြာ နဲ့ ပတ်သတ် မှတ်မှတ် ရရ အမှတ်တရလေးတစ်ခုရှိတယ်ဗျ ထိုဆေးက အမျိုးသားခွန်အားတိုးဆေး ဖြစ်တာမို့ ကြော်ငြာကို လှလှပပလေးရိုက်ဖို့ ရည်ရွယ်ခဲ့ကြတယ်။
ဒါထက် ဆင်ဆာ ခွင့်ပြုမလား ၊ မပြုဘူးလားဆိုတာကတော့ ဆိုးရိမ်စိတ်တွေက ရှိခဲ့တာအမှန်ပဲ။ကျွန်တော်တို့က ဒီလုပ်ငန်းထဲမှာ အထိုက်အလျောက်ကြာခဲ့ပြီမို့ဒီဆင်ဆာ ဘုတ်အဖွဲ့က လူကြီးတွေရဲ့ သဘောတရားကို ခန့်မှန်းလို့ကရနေပြီ
သူတို့က အရမ်း sensitive ဖြစ်တယ်လေ အဲ့ဒီခေတ် အဲ့ဒီအခါ အနေအထားအရ လည်း အထက်လူကြီးတွေကိုကြောက်ရတာတွေ ပါတာပေါ့ဗျာ။အဲ့တော့ ကိုယ်အထောင်းမခံရအောင် ကြိုတင်ကာကွယ်မှု့တွေ သူတို့က ယူကြတယ်ဗျ
ယူကြတော့ အနည်းလေး sensitive ဖြစ်တာမျိုးပါလာတာဆို ဆင်ဆာ ဖြတ်သည်ပဲ လုပ်ပြစ်တာကိုး အဲ့လိုနဲ့ ကျွန်တော်တို့တည်းဖြတ်လိုက်တယ် ကြော်ငြာပြီးသည်အထိ ပြီးသွားတယ်။
ပြီးသွားတဲ့အခါ ကြတော့ ဆင်ဆာ တင်ရတယ်။တိုင်းရင်းဆေးတွေ အကုန်လုံးက ဆင်ဆာက နှစ်ဆင့် ဖြတ်ခံရတယ်ဗျ။ တိုင်းရင်းဆေးဆင်ဆာ အတွက် တိုင်းရင်းဆေးကောင်စီကို တင်ရတယ်
အဲ့ ဒီက ကျပြီ ဆိုတော့မှ သက်ဆိုင်ရာ ဆင်ဆာ ဘုတ်အဖွဲ့ကို တင်ရတယ် ။ ထိုကြော်ငြာထဲမှာ အဓိက က ဦးနေအောင်ပါတယ် ၊ နန္ဒာလှိုင်ပါတယ် ပေါ့။ကလေးလေးနှစ်ယောက်ပါတယ်။
ထို ကလေး နှစ်ယောက်က မြဟင်္သာ ဆေးတိုက် ပိုင်ရှင်ရဲ့ ကလေး အရင်းတွေပါ။အဲ့လိုနဲ့ တိုင်းရင်းဆေးကောင်စီ တင်လိုက်တဲ့အချိန်မှာ ဆင်ဆာ ပိတ်ရော၊ပိတ်ရခြင်း အကြောင်းတရားက
မင်းတို့အရုပ်တွေက အရမ်းထင်သာ မြင်သာ ရှိလွန်းတယ်။လူငယ်ခေတ်စကားနဲ့ ပြော ရရင် Sexy တအားဆန်တယ်ပေါ့၊အများပြည်သူကြည့်ရူ့ရန်မသင့်ဆိုတဲ့ မှတ်ချက်ကြီးနဲ့ပိတ်လိုက်တာပေါ့
ကျွန်တော်တို့အားလုံးလဲ စိတ်ညစ်ကုန် ကြတာပေါ့၊ ကြော်ငြာ သီချင်းလေးကလည်းငြိမ့်ငြိမ့် ညောင်းညောင်းနဲ့တကယ်ကောင်းတယ်။ထိုဆေးကို တိုက်ရိုက်ကြီးကြော်ငြာလို့က မရဘူးဗျ
မြဟင်္သာ ဆေးကိုက အမျိုးသားတွေအတွက်သည်းသန့်ရည်ရွယ်ပြီးထုတ်တဲ့ ဆေးဖြစ်တယ်လေ။အဲ့တော့ တင်ပြပုံအပိုင်းမှာလဲ ပုရိဿတွေ အကြိုက် ဖန်တီးချင်တယ်ပေါ့၊
TV မှာ လွင့်တဲ့ အခါကြတော့ ကြည့် တဲ့ ပရိသတ်က အမျိုးသားတွေကြည့်ပဲမဟုတ်ဘူးလေ၊အမျိုးသမီးတွေရော ကလေးတွေရော လူပေါင်းစုံကြည့် ကြတာကိုး ဆိုတဲ့ အခါကြတော့
ကျွန်တော်တို့က ယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့လေးနဲ့သွယ်ဝိုက်ပြီးဆေးအကြောင်းကို ပြရတာပါ။ရိုက်ကူးထားတဲ့ ပုံစံရော သရုပ်ဆောင်တွေရောက လိုက်ဖက်မူ့ရှိတယ်လေ
အဲ့တာနဲ့တိုင်းရင်းဆေးတိုက်ပိုင်ရှင်က တိုင်းရင်းဆေးကောင်စီကိုသွားတွေ့တယ် ၊ ရှင်းပြတယ် တိုင်းရင်းဆေးတိုက်ပိုင်ရှင် ရဲ့ သားသမီးနှစ်ယောက်လဲပါကြောင်း
ဒါဘာမှ ညစ်ညစ်ညမ်းညမ်း ဟာမျိုးလဲ မဟုတ်ဘူး အမျိုးသားဆေး ဖြစ်တဲ့အတွက် ပုရိဿ အကြိုက်လိုက်ရထားရတယ်ဆိုကာအင်မတန်ရှင်းပြခဲ့ရပါတယ်။

ထိုကြော်ငြာလေးထဲမှာ ဦးနေအောင်က မြဟင်္သာ ဆေးကို တကယ်သောက်ပြခဲ့တာဖြစ်ပြီး ၅ ကြိမ် ၊ ၄ ကြိမ်လောက် သောက်ပြစဉ် တကယ်ကို နှစ်ခြိုက်စွာသောက်ခဲ့တယ်သိရပါတယ်။

" ခန်းနားမွှေးကြိုင်တာရှည်လန်းဆန်း ၊ မညိုးနွမ်းပဲ ကြူကြူလှိုင်တယ် " ဆိုတဲ့ မြဟင်္သာ ကြော်ငြာရဲ့ သီချင်းစာသားအဓိပ္ပါယ်ကတော့ အမျိုးတွေရဲ့ အကြောကို ပန်းတစ်ပွင့်နှင့် တင်စားပြီး သီချင်း စပ်ထားတာပါတဲ့။

အခုဆို ပရိသတ်ကြီးလဲ မြဟင်္သာ ကြော်ငြာ အကြောင်း ကို သိရှိသွားလောက်ပါပြီ။သေသေချာချာ ပြောပြပေးတဲ့
ဆရာကြီးနှစ်ယောက်ကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

နောက်အပတ် သောကြာနေ့ယခုလို အချိန်မှာ ယခင် ခေတ်ဟောင်းကကြော်ငြာတွေ ပြန် ကြည့်ကြမယ်နော်။

Myanmar Advertising Directory

Read times
Rate this item
(0 votes)