-->
×

Warning

JUser: :_load: Unable to load user with ID: 29


KOL Marketing အေၾကာင္းသိေကာင္းစရာ

KOL Marketing အေၾကာင္းသိေကာင္းစရာ google

KOL Marketing ဆိုတာဘာလဲ ?

KOL Marketing ဆိုတာကေတာ့ တစ္နည္းအားျဖင့္ Influencer marketing ကိုဆိုလိုပါတယ္။

KOL ရဲ႕ အရွည္ေကာက္က ေတာ့ Key Opinion Leaders ပါ။

Key Opinion Leaders ဆိုတာကေတာ့ ဒါကလည္း ႏူးညံတဲ့ ေစ်းကြက္ ခ်ဲ႕ ထြင္မႈတစ္ခုပဲ လို႕ ေျပာလို႕ရမယ္။


လူအမ်ားရဲ႕ အာရုံစိုက္ခံရတဲ့ နယ္ပယ္ အသီးသီး က လူတစ္ေယာက္ကို ဆိုလိုတာပါ။Facebook Cele ၊ Blogger ေတြ အျပင္ နယ္ပယ္ အရပ္ရပ္ အားကစား ၊ အႏုပညာ က႑ အသီးသီးမွ နာမည္ၾကီး သူေတြကလည္း KOL ေတြ ပါပဲ။ ဥပမာ - Kylie Jenner ၊ David Beckham ၊ Chris Evans စတဲ့ သူေတြက Key Opinion Leaders ေတြပါပဲ။

KOL Marketing ဆိုတာက ေတာ့ ထို လူသိမ်ားတဲ့ လူတစ္ေယာက္က ေန ၎ တို႕ ရဲ႕ Social Media ေပၚက ေန လုပ္ငန္းရွင္မ်ားရဲ႕ Brand ကို ေၾကာ္ျငာေပးျခင္းကို ဆိုလ္ိုပါတယ္။

 

Influencer ေတြ မွ တိုက္ရိုက္ေၾကာ္ျငာေပးတာလား ????

 

တခ်ိဳ႕က က် သိသိသာသာ တိုက္ရိုက္ ေၾကာ္ျငာေပးတယ္ တခ်ိဳ႕က်ေတာ့ တိုက္ရိုက္ေၾကာ္ျငာေပးတာမ်ိဳးေတာ့ မဟုတ္ဘူး ေျပာ ရရင္ ကိတ္မုန္႕ဆိုင္ပိုင္ရွင္က KOL တစ္ေယာက္ကို အလုပ္အပ္တယ္.အဆိုပါ KOL က သူ႕ရဲ႕ Social Media ေပၚမွာ ကိတ္မုန္႔ပံုနဲ႕ ကိတ္မုန္႔ေလး ကေကာင္းလိုက္တာ အစရွိသျဖင့္တင္မယ္။ဒါက KOL Marketing ပဲ။

 

သာမန္ Facebook အသံုးျပဳသူ ေတြ အေနနဲ႔ Product က ေကာင္းတယ္ ညႊန္းေနရင္ လူေတြက စိတ္ဝင္စားမႈ႕နည္းပါးတာေတြ႕ရမွာပါ သို႕ ေပမဲ့ KOL တစ္ေယာက္က သူ႕ Facebook ေပၚ ထို Product က ေကာင္းတယ္ဆိုကာတင္ လိုက္ရင္ ေတြ႔ ရမွာက လူအမ်ားစိတ္ဝင္စားတာပါ။

အဆိုပါ KOL ေတြရဲ႕ Product ေကာင္းေၾကာင္း တင္ထားတဲ့ Post ကို ျမင္တဲ့ သူ တစ္ေယာက္ဟာ သူတို႕ ေရးသားပံု အေပၚ မႈတည္ျပီး သူတို႕ရဲ႕ စိတ္ ထဲမွာ ထို Product ကို ဝယ္ခ်င္ စိတ္ ၂၀ ရာခိုင္ႏႈန္းမွ ၅၀ အထိ ျဖစ္ေစတယ္ သိရပါတယ္။

အာရွ ႏိုင္ငံေတြမွာက အႏုပညာရွင္္ လူအမ်ိဳးအစား ကို အင္မတန္မွ အထင္ၾကီး ၾကတယ္။သူတို႕ ဝတ္တာေလးေတြ ၊ စားေသာက္တာေလးေတြ ကို ၾကည့္ထားၾကတယ္။ လို္က္ဝတ္လိုက္စားၾကတယ္။

တခ်ိဳ႕ဆုိ သူတို႕ အရမ္း အားက် တန္ဖိုးထားရတဲ့ မင္းသား၊  မင္းသမီး နာမည္ၾကီးေတြ ဝတ္တာစားတာ မွန္ သမ်ွ တန္ဖိုးထားၾကတာေတြ႕ရတယ္။

 

Infinity လက္စြပ္ ကိစၥ သာ ၾကည့္ ျမန္မာျပည္ရဲ႕ လူတစ္ခ်ိဳ႕က မင္းသားမင္းသမီး ဝတ္သမ်ွ  အျမတ္တႏိုးနဲ႕အကုန္ လုိက္လုပ္ခ်င္ၾကတာမ်ိဳးေပါ့

 

Gucci ႏွင့္ သူ၏ ေၾကာ္ျငာ Influencer Harry Styles

ေနာက္တစ္ခုက ေတာ့ KOL Marketing မွာ ေၾကာ္ျငာရွင္ က ထိုလူကို Product တစ္္ခုကိုေၾကာ္ျငာခိုင္းမယ္ ေၾကာ္ျငာတာကို အဆိုပါ KOL ဆီကေန ပရိတ္သတ္ ဘယ္ႏွစ္ေယာက္ေလာက္လာႏိုင္လဲ ဆိုတာကို တားဂတ္ ထားမယ္
ထိုTarget ျပည့္မွလဲ ေၾကာ္ျငာရွင္ ဆီမွာ KOL ေတြက မ်က္ႏွာေကာင္းရမွာကိုး။

 

တစ္ခါ တေလ က်ရင္ Brand ေတြက အခ်ိန္ ၾကာၾကာ KOL ေတြနဲ႕ အလုပ္ တြဲ လုပ္ခ်င္တာမ်ိဳးရွိတယ္
Brand အေနနဲ႕ စိတ္ပူတာက သူ႕ KOL ကို အျခား ျပိဳင္ဘက္ Brand က ဆြဲေခၚသြားမွာ ေၾကာက္တယ္
ဒါ့ေၾကာင့္ ပံုေသ `Brand ရဲ႕ Ambassador အျဖစ္ ေပးျပီး ခန္႔အပ္ လိုက္တယ္သိရပါတယ္။
ဒီလိုဆို KOL နဲ႕ Brand နဲ႕ က အျမဲ လက္တြဲ ျပီး အလုပ္လုပ္သြားႏိုင္ျပီေပါ့။

 

ဥပမာ - Gucci နဲ႕ Harry Styles ကို အျမဲတြဲျမင္ရသလိုေပါ့ ။
Gucci ကလည္း Harry ကို Support တယ္ Harry ကလည္း Gucci ကု ျပန္ Support တာမ်ိဳးေပါ့။
နာမည္ၾကီး Brand ေတြ က ေတာ့ KOL ကို ျပန္ Support တာလည္းရွိပါတယ္။

 

သင့္လုပ္ငန္းအတြက္ သင့္ Product သင့္ေတာ္ တဲ့ KOL ကို ဘယ္လိုရွာမလဲ

 

ေကာင္းမြန္တဲ့ KOL ကို ရရွိရန္ အတ ြက္ သင္တုိ႕ အေနနဲ႕ KOL ရွာ ရာမွာ KOL ရဲ႕ Back Ground ကို ျပန္ၾကည့္ ရမယ္။အသက္အရြယ္ နဲ့ သူ႕ပံုစံ သူ႕ အၾကိဳက္ ကို ေလ့လာထားသင့္တယ္။

ဥပမာ G Shock နာရီေၾကာ္ျငာ ဆို G Shock ကလူငယ္ေတြပဲ ဝတ္မယ္
G Shock လိုနာရီမ်ိဳးကို ရုံး ကိစၥေတြြမွာ ဝတ္လို႕ အဆင္ မေျပ ပါဘူး


လူငယ္ေတြ အၾကိဳက္ မို႕ လူငယ္ၾကိဳက္အဆိုေတာ္ စိုင္းစိုုင္း နဲ႕ ေၾကာ္ျငာတာေတြ႔ၾကမွာပါ။

Brand ရဲ႕ Image ေကာင္းဖို႕ အတြက္ ကေတာ့ KOL နဲ႕ အျမဲ လက္တြဲ ႏိုင္ရင္ အေကာင္းဆံုးေပါ့

KOL ကိုကိုယ့္ Marketing အတြက္ သံုးေငြနဲ႔ လည္းတိုင္းတာျပီး မွ KOL Marketing ကို ျပဳလုပ္သင့္ပါတယ္။

 

KOL Marketing ဟာ အာရွ ႏို္င္ငံ ေတြမွာ အထူးေခတ္စားေနျပီး တရုတ္ႏိုင္ငံမွာေတာ့ KOL Marketing က အထူး ေခတ္္စားေနတယ္လို႔သိရပါတယ္။

 

<<<unicode>>>>

 

KOL Marketing ဆိုတာဘာလဲ ?

KOL Marketing ဆိုတာကတော့ တစ်နည်းအားဖြင့် Influencer marketing ကိုဆိုလိုပါတယ်။

KOL ရဲ့ အရှည်ကောက်က တော့ Key Opinion Leaders ပါ။

Key Opinion Leaders ဆိုတာကတော့ ဒါကလည်း နူးညံတဲ့ ဈေးကွက် ချဲ့ ထွင်မှုတစ်ခုပဲ လို့ ပြောလို့ရမယ်။


လူအများရဲ့ အာရုံစိုက်ခံရတဲ့ နယ်ပယ် အသီးသီး က လူတစ်ယောက်ကို ဆိုလိုတာပါ။Facebook Cele ၊ Blogger တွေ အပြင် နယ်ပယ် အရပ်ရပ် အားကစား ၊ အနုပညာ ကဏ္ဍ အသီးသီးမှ နာမည်ကြီး သူတွေကလည်း KOL တွေ ပါပဲ။ ဥပမာ - Kylie Jenner ၊ David Beckham ၊ Chris Evans စတဲ့ သူတွေက Key Opinion Leaders တွေပါပဲ။

KOL Marketing ဆိုတာက တော့ ထို လူသိများတဲ့ လူတစ်ယောက်က နေ ၎င်း တို့ ရဲ့ Social Media ပေါ်က နေ လုပ်ငန်းရှင်များရဲ့ Brand ကို ကြော်ငြာပေးခြင်းကို ဆိုလိုပါတယ်။

 

Influencer တွေ မှ တိုက်ရိုက်ကြော်ငြာပေးတာလား ????

 

တချို့က ကျ သိသိသာသာ တိုက်ရိုက် ကြော်ငြာပေးတယ် တချို့ကျတော့ တိုက်ရိုက်ကြော်ငြာပေးတာမျိုးတော့ မဟုတ်ဘူး ပြော ရရင် ကိတ်မုန့်ဆိုင်ပိုင်ရှင်က KOL တစ်ယောက်ကို အလုပ်အပ်တယ်.အဆိုပါ KOL က သူ့ရဲ့ Social Media ပေါ်မှာ ကိတ်မုန့်ပုံနဲ့ ကိတ်မုန့်လေး ကကောင်းလိုက်တာ အစရှိသဖြင့်တင်မယ်။ဒါက KOL Marketing ပဲ။

သာမန် Facebook အသုံးပြုသူ တွေ အနေနဲ့ Product က ကောင်းတယ် ညွှန်းနေရင် လူတွေက စိတ်ဝင်စားမှု့နည်းပါးတာတွေ့ရမှာပါ သို့ ပေမဲ့ KOL တစ်ယောက်က သူ့ Facebook ပေါ် ထို Product က ကောင်းတယ်ဆိုကာတင် လိုက်ရင် တွေ့ ရမှာက လူအများစိတ်ဝင်စားတာပါ။

 

အဆိုပါ KOL တွေရဲ့ Product ကောင်းကြောင်း တင်ထားတဲ့ Post ကို မြင်တဲ့ သူ တစ်ယောက်ဟာ သူတို့ ရေးသားပုံ အပေါ် မှုတည်ပြီး သူတို့ရဲ့ စိတ် ထဲမှာ ထို Product ကို ဝယ်ချင် စိတ် ၂၀ ရာခိုင်နှုန်းမှ ၅၀ အထိ ဖြစ်စေတယ် သိရပါတယ်။

အာရှ နိုင်ငံတွေမှာက အနုပညာရှင် လူအမျိုးအစား ကို အင်မတန်မှ အထင်ကြီး ကြတယ်။သူတို့ ဝတ်တာလေးတွေ ၊ စားသောက်တာလေးတွေ ကို ကြည့်ထားကြတယ်။ လိုက်ဝတ်လိုက်စားကြတယ်။

တချို့ဆို သူတို့ အရမ်း အားကျ တန်ဖိုးထားရတဲ့ မင်းသား၊ မင်းသမီး နာမည်ကြီးတွေ ဝတ်တာစားတာ မှန် သမျှ တန်ဖိုးထားကြတာတွေ့ရတယ်။

Infinity လက်စွပ် ကိစ္စ သာ ကြည့် မြန်မာပြည်ရဲ့ လူတစ်ချို့က မင်းသားမင်းသမီး ဝတ်သမျှ အမြတ်တနိုးနဲ့အကုန် လိုက်လုပ်ချင်ကြတာမျိုးပေါ့

 

Hallmark ရုပ္သံလိုင္းက Zalo ၏ လိင္တူသတို႕သမီး ႏွစ္ဦး ျဖင့္ ေၾကာ္ျငာထားသည့္ ေၾကာ္ျငာကိုပိတ္ပင္

နောက်တစ်ခုက တော့ KOL Marketing မှာ ကြော်ငြာရှင် က ထိုလူကို Product တစ်ခုကိုကြော်ငြာခိုင်းမယ် ကြော်ငြာတာကို အဆိုပါ KOL ဆီကနေ ပရိတ်သတ် ဘယ်နှစ်ယောက်လောက်လာနိုင်လဲ ဆိုတာကို တားဂတ် ထားမယ်
ထိုTarget ပြည့်မှလဲ ကြော်ငြာရှင် ဆီမှာ KOL တွေက မျက်နှာကောင်းရမှာကိုး။

တစ်ခါ တလေ ကျရင် Brand တွေက အချိန် ကြာကြာ KOL တွေနဲ့ အလုပ် တွဲ လုပ်ချင်တာမျိုးရှိတယ်
Brand အနေနဲ့ စိတ်ပူတာက သူ့ KOL ကို အခြား ပြိုင်ဘက် Brand က ဆွဲခေါ်သွားမှာ ကြောက်တယ်
ဒါ့ကြောင့် ပုံသေ `Brand ရဲ့ Ambassador အဖြစ် ပေးပြီး ခန့်အပ် လိုက်တယ်သိရပါတယ်။
ဒီလိုဆို KOL နဲ့ Brand နဲ့ က အမြဲ လက်တွဲ ပြီး အလုပ်လုပ်သွားနိုင်ပြီပေါ့။

ဥပမာ - Gucci နဲ့ Harry Styles ကို အမြဲတွဲမြင်ရသလိုပေါ့ ။
Gucci ကလည်း Harry ကို Support တယ် Harry ကလည်း Gucci ကု ပြန် Support တာမျိုးပေါ့။
နာမည်ကြီး Brand တွေ က တော့ KOL ကို ပြန် Support တာလည်းရှိပါတယ်။

သင့်လုပ်ငန်းအတွက် သင့် Product သင့်တော် တဲ့ KOL ကို ဘယ်လိုရှာမလဲ

ကောင်းမွန်တဲ့ KOL ကို ရရှိရန် အတ ွက် သင်တို့ အနေနဲ့ KOL ရှာ ရာမှာ KOL ရဲ့ Back Ground ကို ပြန်ကြည့် ရမယ်။အသက်အရွယ် နဲ့ သူ့ပုံစံ သူ့ အကြိုက် ကို လေ့လာထားသင့်တယ်။

ဥပမာ G Shock နာရီကြော်ငြာ ဆို G Shock ကလူငယ်တွေပဲ ဝတ်မယ်
G Shock လိုနာရီမျိုးကို ရုံး ကိစ္စတွေမှာ ဝတ်လို့ အဆင် မပြေ ပါဘူး


လူငယ်တွေ အကြိုက် မို့ လူငယ်ကြိုက်အဆိုတော် စိုင်းစိုင်း နဲ့ ကြော်ငြာတာတွေ့ကြမှာပါ။

Brand ရဲ့ Image ကောင်းဖို့ အတွက် ကတော့ KOL နဲ့ အမြဲ လက်တွဲ နိုင်ရင် အကောင်းဆုံးပေါ့

KOL ကိုကိုယ့် Marketing အတွက် သုံးငွေနဲ့ လည်းတိုင်းတာပြီး မှ KOL Marketing ကို ပြုလုပ်သင့်ပါတယ်။

KOL Marketing ဟာ အာရှ နိုင်ငံ တွေမှာ အထူးခေတ်စားနေပြီး တရုတ်နိုင်ငံမှာတော့ KOL Marketing က အထူး ခေတ်စားနေတယ်လို့သိရပါတယ်။

 

Ref;HYPR

Myanmar Advertising Directory 

Read times
Rate this item
(0 votes)