-->
×

Warning

JUser: :_load: Unable to load user with ID: 29


FACEBOOK NEWS FEED အပြောင်းအလဲမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ

FACEBOOK NEWS FEED အပြောင်းအလဲမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ google.com

Facebook ဟာ သုံးစွဲသူတွေရဲ့ News Feed တွေမှာ ပေါ်လာမယ့် ပို့စ်တွေ၊ ဗီဒီိယိုတွေနဲ့ ဓာတ်ပုံတွေအတွက် ကြီးမားတဲ့ အပြောင်းအလဲကို ဇန်နဝါရီလ ၁၁ ရက်က မိတ်ဆက်ခဲ့ပါတယ်။

အဲဒီ အပြောင်းအလဲအရ သူငယ်ချင်းတွေနဲ့ မိသားစုရဲ့ ပို့စ်တွေကို ပထမဆုံး ဦးစားပေး ပြသပေးမှာဖြစ်ပါတယ်။

ဒါကြောင့် သုံးစွဲသူက comment တွေ အများအပြားရှိတဲ့ သူငယ်ချင်းတွေရဲ့ ပို့စ်တွေကို ပိုမိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်တွေနဲ့ သတင်းဌာနတွေက ချက်နည်းပြုတ်နည်း ဗီဒီယိုတွေကို မြင်တွေ့ရဖို့ နည်းပါးသွားပါပြီ။ Facebook က သူငယ်ချင်းတွေနဲ့ မိသားစုက ဝေမျှတာကို ဦးစားပေးဖော်ပြပေးတာဟာ လူမှုရေးမီဒီယာမှာအသုံးချတဲ့ အချိန်တွေ ပိုအဓိပ္ပာယ်ရှိလာအောင် အကူအညီပေးလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။

Facebook ဟာ လူမှုရေးမီဒီယာနောက်ကွယ်က အရာတွေကို အပြောင်းအလဲလုပ်ခဲ့ပြီး သုံးစွဲသူ စိတ်ဝင်အစားဆုံးအရာတွေကို ခန့်မှန်းနိုင်အောင် algorithm တွေကို ပြန်လည်စီစဉ်ပေးပါတယ်။

ဒါကြောင့် Facebook News Feed အပြောင်းအလဲရဲ့ အကျိုးဆက်တွေကို ဖော်ပြလိုက်ပါတယ်။

သတင်းဌာနတွေနဲ့ အမှတ်တံဆိပ်တွေ အထိနာမည်

သုံးစွဲသူရဲ့ New Feed မှာ နေရာတော်တော်များများ ရယူထားတဲ့ third-party အဖွဲ့အစည်း ဝက်ဘ်ဆိုက်တွေက ဝေမျှတဲ့ ဟာသဓာတ်ပုံတွေနဲ့ meme တွေအပြင် အင်္ကျီရောင်းချတာ ဒါမှမဟုတ် ကမ္ဘာကြီးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေဟာ အစီအစဉ်အသစ်အရ ဖော်ပြမှုလျော့နည်းသွားမှာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့ မိသားစုတွေဆီက ပို့စ်တွေကို ပိုမို ပြသပေးမယ်ဆိုတာက သတင်းဌာနတွေ ဒါမှမဟုတ် လုပ်ငန်းတွေဆီက ဗီဒီယိုနဲ့ အခြားပို့စ်တွေကိုလျှော့ပြီး ဖော်ပြပေးသွားမယ့် အဓိပ္ပာယ်ဖြစ်တယ်လို့ Facebook News Feed အဖွဲ့အကြီးအကဲ အက်ဒမ်မိုစာရီက ကုမ္ပဏီရဲ့ blog မှာရေးသားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး လူတော်တော်များများက စိတ်ကျေနပ်မှုရရှိစေမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလက Facebook ဟာ ဈေးဝယ်ယူရေး ဝက်ဘ်ဆိုက်တွေ ဒါမှမဟုတ် သတင်းဆောင်းပါးဖတ်ရှုတာနဲ့ သတင်းအချက်အလက်ကို တစ်ဆင့်ခံ စားသုံးတာဟာ စိတ်နေစိတ်ထားအတွက် သိပ်မကောင်းဘူးဆိုတဲ့ ပြောကြားချက်ကို လက်ခံခဲ့ပါတယ်။

တစ်ဆင့်ခံသတင်းအချက်အလက်အတွက် ဝက်ဘ်ဆိုက်သုံးစွဲမှုပမာဏကို လက်တွေ့သုတေသန စိတ်ပညာ ဂျာနယ်ထဲက ၂၀၁၅ စာတမ်းတစ်စောင်မှာ ဖော်ပြထားပါတယ်။ တစ်ရက်မှာ ၁၀ မိနစ်လောက် သတင်းအချက်အလက်တွေကို စားသုံးတာဟာ ကျောင်းသားတွေရဲ့ကျန်မားရေးမှာ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုရှိတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

သုံးစွဲသူတွေ နှစ်သက်တဲ့ အမှတ်တံဆိပ်တွေနဲ့ ယုံကြည်ရတဲ့ သတင်းဌာနတွေဆီက ပို့စ်တွေကို မြင်တွေ့လိုသူတွေကတော့ သတင်းဆောင်းပါးတွေကို ဆက်လက်ဖတ်ရှုနိုင်ဦးမှာ ဖြစ်ပါတယ်။ Facebook ရဲ့ News Feed tab အောက်က option တွေမှာ သုံးစွဲသူ စိတ်ဝင်အစားဆုံးပို့စ်တွေရှိတဲ့ page တွေကို ဦးစားပေးကြည့်ရှုဖို့ ခွင့်ပြုပေးထားပါတယ်။

သုံးစွဲသူနဲ့ ထိတွေ့ဆက်ဆံမှုအများဆုံးရှိတဲ့ Facebook ပို့စ်တွေကိုတော့ News Feed ရဲ့ ထိပ်ဆုံးမှာ ဖော်ပြပေးမယ်လို့ မစ္စတာမိုစာရီက ရှင်းပြခဲ့ပါတယ်။ Live ဗီဒီယိုတွေက စကားပြောဆိုမှုတွေ၊ ကျော်ကြားထင်ရှားသူတွေရဲ့ ပို့စ်တွေ၊ private group တွေနဲ့ အပြန်အလှန်ဆက်သွယ်ထားတဲ့ အခြားပို့စ်မျိုးစုံကို News Feed အသစ်မှာ အသားပေးဖော်ပြပေးမှာ ဖြစ်ပါတယ်။

သူငယ်ချင်းနဲ့ မိသားစုရဲ့ ပို့စ်တွေကို ပိုမိုမြင်တွေ့ရမည့်

အခုအပြောင်းအလဲနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ဦးတည်ချက် မပါဝင်သေးပေမယ့် Facebook ရဲ့ထိပ်တန်းဦးစားပေးက သူငယ်ချင်းတွေနဲ့ မိသားစုဆီက ပို့စ်တွေကို အသားပေးဖော်ပြပေးဖို့ ဖြစ်ပါတယ်။

“ဒီအပြောင်းအလဲကို ပြုလုပ်ဖို့ ကျွန်တော်တို့က သုံးစွဲသူရဲ့ သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး အပြန်အလှန်ဆက်သွယ်လိုတဲ့ ပို့စ်တွေကို feed အတွင်း ထိပ်ဘက်ပိုင်းမှာ ပြသပေးမှာ ဖြစ်ပါတယ်” လို့ မစ္စတာမိုစာရီက ရေးသားခဲ့ပါတယ်။ သူရေးသားခဲ့တဲ့ပို့စ်မှာပါဝင်တဲ့ ဗီဒီယိုတစ်ခုမှာ အဲဒီ algorithm က like, comment နဲ့ share တွေကို ထည့်သွင်းတွက်ချက်မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

သုံးစွဲသူရဲ့ပို့စ်တွေကို လူတချို့ပဲ မြင်တွေ့ရမယ့် option တွေလည်း Facebook မှာ ဆက်လက်ပါဝင်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကို ဒုက္ခပေးတတ်တဲ့ မောင်နှမတွေ ဒါမှမဟုတ် စကားချဲ့ကားပြောတတ်တဲ့ ဦးလေးတွေက သုံးစွဲသူရဲ့ပို့စ်ကို အကန့်အသတ်နဲ့ပဲ မြင်အောင် ပြုလုပ်ထားနိုင်ပါတယ်။ အခြား option တစ်ခု ကတော့ Facebook သူငယ်ချင်းတစ်ဦးကို “snooze” လုပ်ပြီး သူ့ရဲ့ပို့စ်တွေကို တစ်လလောက် မမြင်ရအောင် လုပ်ထားနိုင်ပါတယ်။

“သူငယ်ချင်းတွေနဲ့ မိသားစုက ပထမဦးစားပေး” ဆိုတဲ့ ပေါ်လစီဟာ ရှိနေတာကြာပြီလို့ Facebook က ပြောကြားခဲ့ပါတယ်။ အဲဒီစကားဟာ ၂၀၁၆ ခုနှစ်အတွင်း တင်ခဲ့တဲ့ “News Feed Values” မှာ ပါလာတာကို တွေ့ရပါတယ်။

လူတွေက FACEBOOK ပေါ်မှာ အချိန်ဖြုန်းမှု နည်းပါးလာမည်

Facebook သုံးစွဲသူများစွာက News Feed ကို အကြောင်းမဲ့ scroll ပြုလုပ်ကြည့်ရှုတာ၊ autoplay ဖြစ်နေတဲ့ ဗီဒီယိုတစ်ခုကနေ တစ်ခုကြည့်ရှုတာစတဲ့ အခြေအမြစ်မရှိဘဲ သုံးစွဲမှုတွေကို သွယ်ဝိုက်ပြီး အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုသုံးစွဲမှုတွေဟာ အာဟာရမရှိတဲ့ အစားအစာတွေ တည်ခင်းဧည့်ခံသလိုပါပဲ။

ကုမ္ပဏီရဲ့မျှော်မှန်းချက်က သုံးစွဲသူများစွာအနေနဲ့ အခြားဝက်ဘ်ဆိုက်တွေအပေါ် ဦးတည်ကြဖို့ဖြစ်တယ်လို့ မာ့ခ်ဇူကာဘတ်က New York Times သတင်းစာနဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ လစဉ်သုံးစွဲသူ နှစ်ဘီလျံကျော်ရှိတဲ့ Facebook ဟာ ဈေးကွက်ထဲမှာ အချိန်တာရှည်စွာရှိဖို့ ခြေကုပ် အခိုင်အမာ ရယူထားပါတယ်။ တကယ်လို့ လူတွေက Facebook ပေါ်မှာရှိနေတဲ့အခါမှာ ပျော်ရွှင်နေမယ်ဆိုရင် Facebook လုပ်ငန်းနဲ့ Facebook သုံးစွဲသူတွေအတွက် အကျိုးအမြတ် တစ်စုံတစ်ရာ ဖြစ်ထွန်းလာမယ်လို့ မာ့ခ်ဇူကာဘတ်က ပြောပါတယ်။

“Facebook ပေါ်မှာ လူတွေအသုံးပြုတဲ့အချိန်တွေနဲ့ engagement တချို့ကျသွားဖို့ မျှော်မှန်းပါတယ်။ ဒါ့အပြင် Facebook ပေါ်မှာအသုံးပြုတဲ့ အချိန်တွေ တန်ဖိုးရှိဖို့ကိုလည်း ကျွန်တော် မျှော်လင့်ပါတယ်” လို့ အပြောင်းအလဲနဲ့ ပတ်သက်ပြီး မာ့ခ်ဇူကာဘတ်က ပြောကြားခဲ့ပါတယ်။

Source ; Internet Journal

Read times
Rate this item
(0 votes)