-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးနယ်ပယ်မှ ကြော်ငြာကဏ္ဍနဲ့ ဈေးကွက်ဖော်ဆောင်ခြင်း အကြောင်း

ပထမဆုံးအနေနဲ့ စီးပွားရေးလုပ်ငန်းမှာ ဘယ်လိုအရေးပါတယ်ဆိုတာ ကြည့်ကြည့်မယ်။ စီးပွားရေး အဖွဲ့အစည်းတိုင်းက လုပ်ငန်းဆောင်တာတွေ သူ့အနေထားနဲ့သူ ရှိပါတယ်၊

ဒါတွေကို အုပ်စုခွဲကြည့်ရင် ဒီကျယ်ပြန့်တဲ့ အပိုင်း ၃ ပိုင်းကို တွေ့ရပါမယ်။

၁။ လုပ်ငန်းတွင်း စီမံခြင်း (ထုတ်လုပ်ခြင်း/ကုန်ထုတ်လုပ်ငန်း)

၂။ ငွေကြေး/စီမံခန့်ခွဲခြင်း

၃။ ဈေးကွက်ဖော်ဆောင်ခြင်း

စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ လုပ်ဆောင်ချက်အားလုံးထဲမှာမှ ဈေးကွက်ဖော်ဆောင်ခြင်းဟာ မူလတာဝန်အနေနဲ့ အမြတ်ရဖို့ဖြစ်တဲ့ တခုတည်းသော အရာပါ။ အမြတ်မရှိရင် သူ့ဝန်ထမ်းတွေကို လစာ ဒါမှမဟုတ် အကျိုးအမြတ် ခွဲပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဈေးကွက်ဖော်ဆောင်ခြင်းက သိပ်အရေးကြီးပါတယ်။

အချိန်တွေပြောင်းလဲတာနဲ့အမျှ ဈေးကွက်ဖော်ဆောင်ခြင်းရဲ့ အတွေးအခေါ်က ထုတ်ကုန်ရဲ့ ရောင်းလိုအားနဲ့ ဝယ်လိုအားအပေါ် မူတည်ပြီး ပြောင်းလဲလာပါတယ်။ ဈေးကွက်ဖော်ဆောင်ခြင်းဟာ ကြော်ငြာလုပ်ငန်းနဲ့ ဆက်စပ်နေတယ်လို့ နားလည်ဖို့ လိုအပ်ပါတယ်။ အခု အမေရိကန် ဈေးကွက်ဖော်ဆောင်ခြင်း အဖွဲ့အစည်း AMA ရဲ့  ဈေးကွက်ဖော်ဆောင်ခြင်း အဓိပ္ဗာယ်ဖွင့်ဆိုချက်ကို သုံးပါမယ်။

ဈေးကွက်ဖော်ဆောင်ခြင်းဆိုတာ အဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဖန်တီးခြင်း၊ ထိတွေ့ဆက်ဆံခြင်းနဲ့ စားသုံးသူတွေဆီကို ရောင်းကုန်ရဲ့တန်ဖိုးတွေ ပေးဝေတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ အဖွဲ့အစည်းနဲ့ သက်ဆိုင်သူတွေရဲ့ အကျိုးအမြတ်အတွက် စားသုံးသူတွေနဲ့ ဆက်ဆံရေးကို စီမံခန့်ခွဲခြင်း ဖြစ်ပါတယ်။

ဈေးကွက်ဖော်ဆောင်ခြင်းနဲ့ စားသုံးသူ အလေ့အကျင့်များ အကြောင်းကို နောက်ပိုင်းမှာ သေချာစူးစမ်းပါမယ်။ အခုနားလည်ဖို့ အရေးကြီးတာက ဈေးကွက်ဖော်ဆောင်ခြင်းဟာ လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်ဆိုတာပါ။ အစဉ်အတိုင်း လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။ စားသုံးသူရဲ့လိုအပ်ချက် ကျေနပ် ပြည့်စုံစေအောင် ကိုယ့်အတွက်လည်း အကျိုးအမြတ် ကျန်စေတဲ့နည်းနဲ့ ရည်ရွယ်ပြီး လုပ်ဆောင်မျိုး ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်အားလုံးကို ဒီအချက်လေးခု (4Ps) နဲ့ စိပ်ပိုင်းလိုက်ပါတယ်။ (၁) ထုတ်ကုန်ကို ဖန်တီးခြင်း၊ (၂) ဗျူဟာကျကျ ဈေးဖွင့်ခြင်း၊ (၃) သင့်တော်တဲ့နေရာကနေ သုံးစွဲသူတွေဆီ ရောက်အောင်ပို့ခြင်းနဲ့ (၄) အရောင်းနဲ့ ကြော်ငြာလုပ်ငန်းမှတဆင့် အရောင်းမြှင့်တင်ခြင်းတွေ ဖြစ်ပါတယ်။ ဈေးကွက်ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးပန်းတိုင်ကတော့ စားသုံးသူတွေ လိုအပ်နေတဲ့၊ လိုချင်နေတဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို ငွေကြေးနဲ့ လဲလှယ်ရောင်းချရပြီး အကျိုးအမြတ်ရစေဖို့ ဖြစ်ပါတယ်။

ကြော်ငြာလုပ်ငန်းရဲ့ အခန်းကဏ္ဍကတော့ သုံးစွဲသူတွေအတွက် ကျေနပ်စရာကောင်းပြီး လိုလည်းလိုအပ်မယ့် ကုမ္ဗဏီရဲ့  ရောင်းကုန်နဲ့ဝန်ဆောင်မှုတွေရဲ့ တန်ဖိုးတွေအကြောင်း ဝယ်သူတွေကို သတင်းအချက်လက်ပေးဖို့၊ ဆွဲဆောင်ဖို့၊ စားသုံးသူ အုပ်စုတွေ ဒါမှမဟုတ် ဈေးကွက်တွေကို အသိပေးဖို့ ဖြစ်ပါတယ်။

ကြော်ငြာခြင်းနဲ့ဈေးကွက်ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်

ကြော်ငြာလုပ်ငန်းက ဈေးကွက်ဖော်ဆောင်ခြင်းရဲ့ ရည်မှန်းချက်အတိုင်း အဖွဲ့အစည်းရဲ့ အောင်မြင်မှုကို တည်ဆောက်တယ်။ ဒါကြောင့် ဈေးကွက်သုတေသနလုပ်တယ်၊ ရောင်းချတယ်၊ ဖြန့်ဝေတယ်။ ဈေးကွက်ဖော်ဆောင်ခြင်းရဲ့ အထူးဆောင်ရွက်ချက် အနေနဲ့လည်း ကြော်ငြာလုပ်ငန်းကို ကုမ္ဗဏီရဲ့ အရေးပါတဲ့ အလုပ်တစ်ခုအနေနဲ့ သတ်မှတ်ထားပါတယ်။ ထက်မြက်တဲ့ ကြော်ငြာလုပ်ငန်းသမားတစ်ယောက်ဟာ ဈေးကွက်ဖော်ဆောင်ခြင်း တစ်ခုလုံးအပေါ် ကျယ်ပြန့်တဲ့အမြင် ရှိရမယ်။ ဒါမှ ဘယ်အခြေအနေမှာ ဘယ်လိုကြော်ငြာမျိုး သုံးရမယ်ဆိုတာကို သိမှာ ဖြစ်ပါတယ်။

ကုမ္ဗဏီတွေ၊ အဖွဲ့အစည်းတွေက သက်ဆိုင်ရာ ဈေးကွက်ဖော်ဆောင်ခြင်း မဟာဗျူဟာအပေါ် မူတည်ပြီး ဒီကြော်ငြာက ဘယ်သူ့ကို ရည်ရွယ်သလဲဆိုတာကို စီစစ်ပေးနိုင်တယ်။ ဘယ်လိုဈေးကွက်မှာ ကြော်ငြာသုံးရမလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ကြော်ငြာကို ဖော်ဆောင်ရမလဲ ဆုံးဖြတ်ပေးတယ်။ အပြန်အလှန်အားဖြင့် ကြော်ငြာလုပ်ငန်း မဟာဗျူဟာက ဦးတည်တဲ့ ဝယ်သူအုပ်စုကို သတ်မှတ်မယ်။

ကြော်ငြာသမားက ဘယ်လိုတုံ့ပြန်မှုတွေ ရှာဖွေနေရမလဲဆိုတာကို သတ်မှတ်မယ်၊ စားသုံးသူတွေကို ဘာတွေသတိထားမိစေချင်လဲ၊ တွေးစေချင်လဲ၊ ခံစားစေချင်လဲ ဆိုတာတွေကို သတ်မှတ်မှာ ဖြစ်ပါတယ်။ ဈေးကွက်ဖော်ဆောင်ခြင်း၊ ကြော်ငြာခြင်း၊ ကြော်ငြာအသုံးချနယ်ပယ် မဟာဗျူဟာများ တိုးတက်ခြင်း အကြောင်းကို နောက်အခန်းမှာ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့်ပထမဦးဆုံးအနေနဲ့ ကြော်ငြာခြင်းရဲ့ စီးပွားရေးသဘောတရားအမြင်ကို နားလည်ဖို့လိုပါမယ်။ ဒါအပြင် ကြော်ငြာခြင်းက စီးပွားရေးနဲ့သာမက လူမှုရေးနှင့်ပါဆက်နွယ်နေတဲ့အကြောင်းကို နားလည်ထားရပါမယ်။

Peter Soe Moe

Read More … ပွဲဖိတ်စာတွေမှာ တွေ့ရတတ်တဲ့ R.S.V.P ဆိုတာ ဘာကိုပြောတာလဲ

Read times
Rate this item
(3 votes)