-->
×

Warning

JUser: :_load: Unable to load user with ID: 29


Tesla Semi ထရပ်ကားကို Renault က ကြော်ငြာဗီဒီယိုဖြင့် သရော်

Tesla Semi ထရပ်ကားကို Renault က ကြော်ငြာဗီဒီယိုဖြင့် သရော်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Tesla က ထုတ်ကုန်များကို စျေးကွက်သို့ မရောင်းချနိုင်သေးခင်မှာ အချိန်အများကြီး လိုနေသေးပေမယ့် ထုတ်ကုန်အကြောင်းကို ကြေညာတဲ့အကျင့်ရှိပြီး တကယ်ထုတ်လုပ်ဖြစ်ဖို့ အမြဲနှောင့်နှေးကြန့်ကြာလို့ ဝေဖန်ခံရပါတယ်။

Tesla က လျှပ်စစ်ထရပ်ကား Tesla Semi ထုတ်လုပ်မယ့်အကြောင်း ကြေညာခဲ့တာ ကြာပါပြီ။ ပထမဆုံးအကြိမ် ကြေညာခဲ့တာ ၂၀၁၇ နိုဝင်ဘာလမှာ ဖြစ်ပါတယ်။ ထုတ်လုပ်မယ့်အချိန်ကို နောက်ဆုတ်နေတာလည်း အကြိမ်ကြိမ်ပါပဲ။ လက်တွေ့မှာ လမ်းပေါ်ကို ရောက်မလာသေးပါဘူး။ 

.

ပြင်သစ်မှ ကားထုတ်လုပ်ရေးလုပ်ငန်း Renault ကတော့ Tesla က အစောကြီးကတည်းက ကြိုပြောပြထားနှင့်တဲ့ လျှပ်စစ်ထရပ်ကား Tesla Semi ကို ဗီဒီယိုကြော်ငြာဖြင့် သရော်လိုက်ပါတယ်။

Renault ကြော်ငြာဗီဒီယိုထဲမှာ လုပ်သားတစ်ယောက်က Tesla Semi အတွက် ကြော်ငြာပိုစတာ တင်ပါတယ်။ 

ပိုစတာအပေါ်မှာ စာတန်းတစ်ခုက “စကားကြီး စကားကျယ် ကြေညာချက်တွေ လုပ်တဲ့သူတွေရှိတယ်။” လို့ ဖော်ပြပါတယ်။

အဲဒီ လုပ်သားက Renault ရဲ့ လျှပ်စစ်ထရပ်ကား ထဲကို ဝင်လိုက်တာ ပြသပါတယ်။ အောက်ခြေစာတန်းထိုးလိုက်ပါတယ်။ 

 “ပြီးတော့ ကီလိုမီတာများစွာ သွားထားပြီးသားသူတွေလည်း ရှိတယ်။”

ဗီဒီယိုအကြောင်း ရှင်းပြတဲ့စာမှာ Renault က ၎င်းရဲ့ လျှပ်စစ်ထရပ်ကား သွားထားတာ ကီလိုမီတာ ၂ သန်း ( မိုင် ၆၂၁,၃၇၁)ရှိနေပြီလို့ အသိပေးထားပါတယ်။

Renault က လျှပ်စစ်ထရပ်ကား အမျိုးမျိုးကို ထုတ်လုပ်တာ အခုဆိုရင် ဒုတိယမျိုးဆက်ကို ထုတ်လုပ်နေပါပြီ။ Renault ရဲ့ လျှပ်စစ်ထရပ်ကားများ ဖြစ်ကြတဲ့  E-Tech Master, E-Tech D, E-Tech D Wide တို့ သယ်ဆောင်နိုင်တဲ့ ကုန်တန်ချိန်က ၃.၁ မှ ၂၆ အထိ အစားစား ဖြစ်ပါတယ်။

Tesla Semi နှင့် ကွာခြားချက်က ခရီးဝေး ပို့ဆောင်ရေးအတွက် Tesla Semi ကို ဒီဇိုင်းထုတ်ထားပါတယ်။ Renault ရဲ့ လျှပ်စစ်ထရပ်ကားများကိုတော့ ခရီးတို ပစ္စည်းလိုက်လံ ပေးပို့ရန်အတွက် ဒီဇိုင်းထုတ်ထားပါတယ်။

 

 

Renault ရဲ့ လျှပ်စစ်ထရပ်ကားများကို ပြင်သစ်နိုင်ငံ ဘလာဘီးလီရှအော်နား Blainville-sur-Orne မှာ တည်ရှိတဲ့ စက်ရုံမှာ ထုတ်လုပ်ပါတယ်။ ၎င်းစက်ရုံက လျှပ်စစ်ကားများကိုသာ ထုတ်လုပ်ပါတယ်။

.

ယခုလို Renault က Tesla Semi ကို သရော်ခွင့်ရတာဟာ နောက်ဆုံးအခွင့်အလမ်း ဖြစ်ပါလိမ့်မယ်။ Tesla စီအီးအို Elon Musk က Semi လျှပ်စစ်ထရပ်ကားတွေ တကယ်ထုတ်လုပ်တဲ့ အဆင့်ကို ရောက်နေပါပြီလို့ ယခုလ အောက်တိုဘာလမှာ ပြောကြားခဲ့ပါတယ်။

 အထက်မှာ ဆိုခဲ့ပြီးတဲ့အတိုင်း စစချင်း ပထမဆုံး ကြေညာခဲ့တာ ၂၀၁၇ နိုဝင်ဘာလမှာ ဖြစ်ပြီး ၂၀၁၉ မှာ ထုတ်လုပ်ရောင်းချနိုင်မယ်လို့ မျှော်မှန်းခဲ့ပါတယ်။ အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာနေခဲ့လို့ ၂၀၂၂ အောက်တိုဘာလမှာ တကယ် ထုတ်လုပ်နေပါပြီလို့ အသိပေးပါတယ်။

 Tesla Semi  ပထမအသုတ်ကို ကြိုတင်မှာကြားထားတဲ့ ကမ္ဘာ့ထိပ်တန်း အဖျော်ယမကာလုပ်ငန်း Pepsi ကို  ယခုနှစ် ဒီဇင်ဘာလ ၁ ရက်မှာ စတင်ပေးအပ်မယ်လို့ Tesla က ကြေညာထားပါတယ်။

Source carscoops

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times
Rate this item
(0 votes)