-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူေသေသာ္လည္း နာမည္မေသခဲ႔တာ ၁၀၃ႏွစ္ရွိပါၿပီ လြတ္လပ္ေရးဗိသုကာႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း

လူေသေသာ္လည္း နာမည္မေသခဲ႔တာ ၁၀၃ႏွစ္ရွိပါၿပီ လြတ္လပ္ေရးဗိသုကာႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း google.com

“ ေဖေဖာ္၀ါရီ ၁၃မွာ ဗိုလ္ခ်ဳပ္ေမြးေန႔ပါ

၁၉၁၅ေရွ႕ေနဦးဖာသား ဇာတိနတ္ေမာက္ မေကြးခရိုင္ သိၾကမ်ားခုတိုင္၊

ႀကံ့ႀကံ့ခိုင္တဲ႔ ဇာနည္ဘြား မိခင္ေဒၚစုသား” ဒီကဗ်ာေလးကေတာ့ က်ြန္ေတာ္တို႔ ျမန္မာႏုိင္ငံသားေတြရဲ႕ ဦးေႏွာက္မွတ္ဥာဏ္ထဲမွာ ဘယ္ေသာအခါမွာ ေမ႔ေပ်ာက္လို႔ မရႏုိင္တဲ႔ ကဗ်ာေလးပါ။

ဒီေန႔ ဗိုလ္ခ်ဳပ္ေမြးေန႔မွာ ဗိုလ္ခ်ဳပ္ေျပာခဲ႔ေသာ မွတ္သားစရာ၊ ေလစားစရာ၊ စိတ္ဓါတ္ခြန္အားျဖစ္ေစေသာ စာစုမ်ားထဲမွ အခ်ိဳ႕ကို ေဖာ္ျပေပးလုိက္ပါတယ္။

“ ရွံဳးရွံဳးႏိုင္ႏိုင္ မေလွ်ာ့တမ္းလုပ္ဖို႔ တိတိလင္းလင္းသတိေပးခဲ႔မယ ္”

ကိုယ္လိုခ်င္တဲ႔ ပန္းတုိင္ေရာင္ေအာင္ လံု႔လ၀ီရိယျဖင့္ ႀကိဳးစားအားထုတ္ဖို႔လိုတယ္။ ဗမာရဲ႕စိတ္ဓါတ္ဟာ က်ြန္တုိင္းျပည္ျဖစ္သည့္အတုိင္း ပုသိမ္ဘက္ ေလွၿပိဳင္ပြဲတစ္ခုမွာ ျမင္ေတြ႔ရသလုိ ေလွတစ္စင္းကို အနည္းငယ္ ႏုိင္လိုက္ေသာေၾကာင့္ ပန္းတုိင္သို႔မ၀င္ရေသးခင္မွာ ေလွာ္တက္ကို ေျမွာက္သလုိ ဗမာ႔စိတ္ဓါတ္ဟာ ေအာင္ျမင္ျခင္းသို႔ မေရာက္ခင္ စိတ္ဓါတ္ေလွ်ာ့ေပါ႔တတ္မွဳရွိိတယ္။ ဒီလိုစိတ္မ်ိဳးမထားဘဲ ရွံုးရွံုးႏုိင္ႏုိင္ မေလွ်ာ႔တမ္းလုပ္ဖို႔ တိတိလင္းလင္း သတိေပးခဲ့တယ္။

“ မင္းထိပ္ဆံုး ေရာက္ခ်င္လား ထိပ္ဆံုးနဲ႔တန္တဲ႔ ေပးဆပ္မွဳမ်ိဳး ေပးဆပ္ၿပီးၿပီလား”

ဒီစာစုေလးဟာ က်ြန္ေတာ္တို႔ လူငယ္ေတြအတြက္ အလြန္တရာမွ တန္ဖိုးမျဖတ္ႏုိင္သလုိ က်ြန္ေတာ္ကိုယ္တုိင္ လည္း အရမ္းႀကိဳက္လို႔ အၿမဲကိုယ့္ကုိယ္ကိုယ္ စိတ္ဓါတ္ခြန္အား ေပးမိတဲ႔ ေဆာင္ပုဒ္တစ္ခု ဆုိလည္း မမွားႏုိင္ပါဘူး။

“ လူႀကီးဆုိတာ အသက္ႀကီးတာကို ေျပာတာမဟုတ္ဘူး အသက္မႀကီးေပမယ့္ လုပ္တဲ႔ အလုပ္ႀကီးရင္

လူႀကီးပဲ ”

“ လူမွာ အေရးႀကီးဆံုး ႏွစ္ခုပဲရွိတယ္။ အဲဒါက ကိုယ္က်င့္တရားရယ္ အမွန္တရားကို ျမတ္ႏိုးမွဳရယ္ ဒါပဲျဖစ္တယ္ ”

“ ဘယ္ေနရာမွာမဆို အမွန္ကို အမွန္တိုင္း ေျပာရမယ္ ေျပာ၀ံ႔တဲ႔ သတၱိလည္း ရွိရမယ္ ”

ဗိုလ္ခ်ဳပ္ေသဆံုးသြားခဲ႔တာ ႏွစ္တစ္ရာေက်ာ္ခဲ႔ေပမယ့္လည္း ဗိုလ္ခ်ဳပ္ရဲ႕ စိတ္ဓါတ္ထက္သန္မွဳ၊ ႀကိဳးစားအားထုတ္မွဳ၊ တန္ဖိုးမျဖတ္ႏုိင္တဲ႔ ဆံုးမစကားမ်ား၊ တိုင္းျပည္အတြက္ စြန္႔လႊတ္အနစ္နာခံမွဳေတြက က်ြန္ေတာ္တုိ႔ လူငယ္ေတြအတြက္ အၿမဲထာ၀စဥ္ ေလးစား အားက်အတုယူစရာေတြပါ။ လူသာေသခဲ႔ေသာ္လည္း နာမည္မေသခဲ႔ေသာ ဗိုလ္ခ်ဳပ္ပါ။

(Unicode Version)

“ ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ရှေ့နေဦးဖာသား ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင်ဒေါ်စုသား” ဒီကဗျာလေးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ထဲမှာ ဘယ်သောအခါမှာ မေ့ပျောက်လို့ မရနိုင်တဲ့ ကဗျာလေးပါ။
ဒီနေ့ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ပြောခဲ့သော မှတ်သားစရာ၊ လေစားစရာ၊ စိတ်ဓါတ်ခွန်အားဖြစ်စေသော စာစုများထဲမှ အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
“ ရှုံးရှံုးနိုင်နိုင် မလျှော့တမ်းလုပ်ဖို့ တိတိလင်းလင်းသတိပေးခဲ့မယ ်”
ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောင်အောင် လုံ့လဝီရိယဖြင့် ကြိုးစားအားထုတ်ဖို့လိုတယ်။ ဗမာရဲ့စိတ်ဓါတ်ဟာ ကျွန်တိုင်းပြည်ဖြစ်သည့်အတိုင်း ပုသိမ်ဘက် လှေပြိုင်ပွဲတစ်ခုမှာ မြင်တွေ့ရသလို လှေတစ်စင်းကို အနည်းငယ် နိုင်လိုက်သောကြောင့် ပန်းတိုင်သို့မဝင်ရသေးခင်မှာ လှော်တက်ကို မြှောက်သလို ဗမာ့စိတ်ဓါတ်ဟာ အောင်မြင်ခြင်းသို့ မရောက်ခင် စိတ်ဓါတ်လျှော့ပေါ့တတ်မှုရှိိတယ်။ ဒီလိုစိတ်မျိုးမထားဘဲ ရှံုးရှံုးနိုင်နိုင် မလျှော့တမ်းလုပ်ဖို့ တိတိလင်းလင်း သတိပေးခဲ့တယ်။
“ မင်းထိပ်ဆုံး ရောက်ချင်လား ထိပ်ဆုံးနဲ့တန်တဲ့ ပေးဆပ်မှုမျိုး ပေးဆပ်ပြီးပြီလား”
ဒီစာစုလေးဟာ ကျွန်တော်တို့ လူငယ်တွေအတွက် အလွန်တရာမှ တန်ဖိုးမဖြတ်နိုင်သလို ကျွန်တော်ကိုယ်တိုင် လည်း အရမ်းကြိုက်လို့ အမြဲကိုယ့်ကိုယ်ကိုယ် စိတ်ဓါတ်ခွန်အား ပေးမိတဲ့ ဆောင်ပုဒ်တစ်ခု ဆိုလည်း မမှားနိုင်ပါဘူး။
“ လူကြီးဆိုတာ အသက်ကြီးတာကို ပြောတာမဟုတ်ဘူး အသက်မကြီးပေမယ့် လုပ်တဲ့ အလုပ်ကြီးရင်
လူကြီးပဲ ”
“ လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်။ အဲဒါက ကိုယ်ကျင့်တရားရယ် အမှန်တရားကို မြတ်နိုးမှုရယ် ဒါပဲဖြစ်တယ် ”
“ ဘယ်နေရာမှာမဆို အမှန်ကို အမှန်တိုင်း ပြောရမယ် ပြောဝံ့တဲ့ သတ္တိလည်း ရှိရမယ် ”
ဗိုလ်ချုပ်သေဆုံးသွားခဲ့တာ နှစ်တစ်ရာကျော်ခဲ့ပေမယ့်လည်း ဗိုလ်ချုပ်ရဲ့ စိတ်ဓါတ်ထက်သန်မှု၊ ကြိုးစားအားထုတ်မှု၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးမစကားများ၊ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံမှုတွေက ကျွန်တော်တို့ လူငယ်တွေအတွက် အမြဲထာဝစဉ် လေးစား အားကျအတုယူစရာတွေပါ။ လူသာသေခဲ့သော်လည်း နာမည်မသေခဲ့သော ဗိုလ်ချုပ်ပါ။

 

 

Read times
Rate this item
(2 votes)