၁။ လူမှုဆက်ဆံရေးကောင်းမွန်ရမယ်။ လူမှုဆက်ဆံရေးညံ့ဖျင်းတဲ့ စီးပွားရေးက ရေရှည်မတည်မြဲပါ။
၂။ ကတိတည်ပါ
ပြောရင် ပြောထားတဲ့အတိုင်း ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားပါ။
၃။ အချိန်လေးစားပါ
၎။ လျင်မြန်သောတုံ့ပြန်မှုရှိပါ
ဥပမာ-E-mail, Phone, Call, Message တွေ့ရတဲ့အခါ အတတ်နိုင်ဆုံး မြန်ဆန်စွာ တုံ့ပြန်ပါ။
၅။ အတွေးအခေါ် သစ်တွေနဲ့ ဆန်းသစ်တီထွင်ပါ
၆။ ရှေ့ကိုကြိုစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချပါ ၊ အမြဲတစ်ကွက် ကြိုတွေးထားပါ
၇။ ကိုယ့်ကိုကိုယ် ပြိုင်ပါ ၊ အမြဲတမ်း အသစ်အဆန်းတွေကို လေ့လာပါ
၈။ အရှုံးမပေးပါနဲ့
စီးပွားရေးနဲ့ ပတ်သက်လာရင် လွယ်လွယ်နဲ့ မအောင်မြင်နိုင်သလို ချက်ခြင်းလည်း မအောင်မြင်ပါဘူး။ ဒါကြောင့် စိတ်ရှည်ပါ။
၉။ တခြားလုပ်ငန်းအသေးတွေကို အထင်သေး ၊ လျှော့တွက်တာမျိုး မလုပ်ပါနဲ့။ အောင်မြင်နေတဲ့ လုပ်ငန်းတိုင်းဟာ သုည ကနေ စခဲ့ရတာချည်းပါပဲ။
၁ဝ။ ကိုယ့်အားသာချက်ကို ရှာဖွေပြီး ပိုကောင်းလာအောင် ကြိုးစားပါ
Recommended for u- ကြီးကျယ်ခမ်းနားတဲ့ ခေါင်းဆောင်များရဲ့ ခေါင်းဆောင်မှုအရည်အသွေး (၇) ခု
Source:အောင်မြင်ရေးနည်းလမ်းများ