-->
×

Warning

JUser: :_load: Unable to load user with ID: 29


Customer Service ကို လစ္လ်ဴရွဴလိုက္ၾကေတာ့မွာလား……?????

Customer Service ကို လစ္လ်ဴရွဴလိုက္ၾကေတာ့မွာလား……????? google.com

ေက်ာင္းတစ္ေက်ာင္းေရွ႕မွာ Dim Sum ေရာင္းတဲ့ဆိုင္ႏွစ္ဆိုင္ရွိတယ္….
တစ္ဆိုင္က ပိုက္ဆံဘယ္ေလာက္တန္ေပးေပး ျပန္အမ္းဖို႔အတြက္ အေႁကြအရန္သင့္ရွိတယ္…..

တစ္ဆိုင္က လူႏွစ္ေယာက္ရွိေနတာကို Customer ကို ျပန္အမ္းေငြအတြက္ သြားလဲခိုင္းတယ္…..
လဲေပးဖို႔ အဆင္မေျပရင္လည္း သူတို႔ဆီမွာ ေငြပိုထားခဲ့ဖို႔ ေျပာေနတယ္….
Customer တစ္ေယာက္က က်သင့္ေငြ ၁၂၀၀ ကို ေပးထားတဲ့ ၅၀၀၀ တန္ကိုထားခဲ့ဖို႔ စဥ္းစားေနတယ္…..

ဒီဆိုင္ႏွစ္ဆုိင္မွာ ဘယ္ဆိုင္မွာ လူျပည့္ေနမယ္လို႔ သင္ထင္ပါသလဲ….?
သင္ေရာ ဘယ္ဆိုင္မွာ ဝယ္ယူမယ္လို႔ ဆံုးျဖတ္မလဲ….?

ေနာက္တစ္ခုက Bakery ဆိုင္တစ္ဆိုင္…..
ေရာင္းေနတဲ့ မုန္႔တစ္မ်ိဳးမွာ Expire Date ကပ္မထားဘူး…..
အေရာင္းစာေရးမေလးကိုေမးေတာ့ မေန႔ကေရာက္တာ… ၃ ရက္အထားခံတယ္လို႔ေျပာတယ္….
ဝယ္ၿပီး ေဖာက္ၾကည့္လိုက္ေတာ့ မုန္႔က မေကာင္းေတာ့ဘူး…..

သင္ဒီလိုမ်ိဳး ႀကံဳေတြ႕ရမယ္ဆိုရင္ ဘယ္လိုဆံုးျဖတ္မလည္း….?

Read-အဓိပၸါယ္ျပည့္ေသာ ဘ၀အတြက္ ေျခလွမ္းရွစ္လွမ္း

ေနာက္တစ္ဆိုင္က…….
Customer တစ္ေယာက္က ေငြရွင္းဖို႔ Cashier Counter ကိုေရာက္လာတယ္…..
တာဝန္ယူထားတဲ့ Cashier က ကြန္ပ်ဴတာေရွ႕မွာ လက္ဖက္သုပ္နဲ႔ ထမင္းစားေနတယ္….
Customer မတ္တပ္ရပ္ေနတဲ့အခ်ိန္မွာ လက္သုပ္၊ ပါးစပ္သုပ္ၿပီး ေငြရွင္းတဲ့ကိစၥကို လုပ္ေပးတယ္….

သင္ေရာ ဒီလိုၾကံဳေတြ႔ခဲ့ဖူးရင္ ခံစားခ်က္က ဘယ္လိုျဖစ္မလဲ….?

လုပ္ငန္းေတြက Customer Service ကို အေကာင္းဆံုးလုပ္ၾကမယ္လို႔ ေႁကြးေၾကာ္ေနၾကေပမယ့္ ဒီလိုအေသးအဖြဲေလးေတြကို လစ္လ်ွဴရွဴေနၾကတယ္ဆိုတာကို သင္လက္ခံမယ္ဆိုတာ ကြၽန္ေတာ္သိေနပါတယ္….

Decoration ေတြအေကာင္းဆံုးျဖစ္ေနဖို႔……
ေျပာဆိုဆက္ဆံမႈေတြ ေျပျပစ္ေနဖို႔…..
အဲကြန္းေတြ ေအးစက္ေနေစဖို႔……
အျမဲသန္႔ရွင္းသပ္ရပ္ေနေစဖို႔…..
႐ုပ္ဝတၱဳပစၥည္းေတြ ဝန္ထမ္းေတြကို အေကာင္းဆံုးျဖစ္ေနေစဖို႔ အာ႐ံုစိုက္ေနၾကၿပီး တကယ္အေရးႀကီးတဲ့ အခ်က္ကို ေမ့ေနတတ္ၾကတယ္….

အဲဒါက ဘာလဲဆိုေတာ့…….
“ကိုယ့္ရဲ႕ျပဳမူလုပ္ေဆာင္ေနပံုေတြက Customer ေတြအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ေနေစသလား…?” ဆိုတာကို အျမဲေတြးၿပီး ဝန္ေဆာင္မႈေပးေနဖို႔လိုအပ္ပါတယ္….

ကိုယ့္ကို စိတ္ေက်နပ္မႈေပးႏိုင္တဲ့ လုပ္ငန္းကို Customer ေတြ ေနာက္ထပ္ေနာက္ထပ္ျပန္လာဖို႔ ဘယ္ေလာက္လြယ္ကူသလဲဆိုတာကို သင္ ေသခ်ာစဥ္းစားမိပါရဲ႕လား…..?

႐ုပ္ဝတၱဳပစၥည္းေတြအတြက္ ရင္းႏွီးျမဳပ္ႏွံမႈမလုပ္ႏိုင္ခင္ ဘယ္လိုအျပဳအမူေတြျပဳမူခဲ့ရင္ Customerေတြ စိတ္အေႏွာင့္အယွက္ရႏိုင္မလဲဆိုတာ သင္န႔ဲသင့္ဝန္ထမ္းေတြႀကိဳတင္ေလ့လာမႈေတြ ျပုလုပ္ထားသင့္တယ္လို႔ သင္စဥ္းစားမိပါသလား….?

ဒီလိုအရာေတြကို သင္ရဲ႕ ၿပိဳင္ဘက္ေတြက ႀကိဳတင္လုပ္ေဆာင္ထားႏိုင္မယ္ဆိုရင္ သင္ေနနဲ႔ ဘယ္လိုအေျခအေနေတြ ၾကံဳေတြ႕လာရႏိုင္ပါသလဲ….?

အရာအားလံုးဟာ မိမိအေပၚမွာပဲ အားလံုးမူတည္ေနပါတယ္….
ေအာင္ျမင္မႈ ဆံုး႐ွံဳးမႈအားလံုးဟာလည္း မိမိအေပၚမွာပဲ အားလံုးမူတည္ေနပါတယ္….
အရာအားလံုးဟာ မိမိေရြးခ်ယ္မႈရဲ႕ ရလဒ္ေတြပဲ ျဖစ္ပါတယ္….

Credit; Ye Naing

(Unicode Version)

ကျောင်းတစ်ကျောင်းရှေ့မှာ Dim Sum ရောင်းတဲ့ဆိုင်နှစ်ဆိုင်ရှိတယ်….
တစ်ဆိုင်က ပိုက်ဆံဘယ်လောက်တန်ပေးပေး ပြန်အမ်းဖို့အတွက် အကြွေအရန်သင့်ရှိတယ်…..
တစ်ဆိုင်က လူနှစ်ယောက်ရှိနေတာကို Customer ကို ပြန်အမ်းငွေအတွက် သွားလဲခိုင်းတယ်…..
လဲပေးဖို့ အဆင်မပြေရင်လည်း သူတို့ဆီမှာ ငွေပိုထားခဲ့ဖို့ ပြောနေတယ်….
Customer တစ်ယောက်က ကျသင့်ငွေ ၁၂၀၀ ကို ပေးထားတဲ့ ၅၀၀၀ တန်ကိုထားခဲ့ဖို့ စဉ်းစားနေတယ်…..
ဒီဆိုင်နှစ်ဆိုင်မှာ ဘယ်ဆိုင်မှာ လူပြည့်နေမယ်လို့ သင်ထင်ပါသလဲ….?
သင်ရော ဘယ်ဆိုင်မှာ ဝယ်ယူမယ်လို့ ဆုံးဖြတ်မလဲ….?
နောက်တစ်ခုက Bakery ဆိုင်တစ်ဆိုင်…..
ရောင်းနေတဲ့ မုန့်တစ်မျိုးမှာ Expire Date ကပ်မထားဘူး…..
အရောင်းစာရေးမလေးကိုမေးတော့ မနေ့ကရောက်တာ… ၃ ရက်အထားခံတယ်လို့ပြောတယ်….
ဝယ်ပြီး ဖောက်ကြည့်လိုက်တော့ မုန့်က မကောင်းတော့ဘူး…..
သင်ဒီလိုမျိုး ကြုံတွေ့ရမယ်ဆိုရင် ဘယ်လိုဆုံးဖြတ်မလည်း….?
နောက်တစ်ဆိုင်က…….
Customer တစ်ယောက်က ငွေရှင်းဖို့ Cashier Counter ကိုရောက်လာတယ်…..
တာဝန်ယူထားတဲ့ Cashier က ကွန်ပျူတာရှေ့မှာ လက်ဖက်သုပ်နဲ့ ထမင်းစားနေတယ်….
Customer မတ်တပ်ရပ်နေတဲ့အချိန်မှာ လက်သုပ်၊ ပါးစပ်သုပ်ပြီး ငွေရှင်းတဲ့ကိစ္စကို လုပ်ပေးတယ်….
သင်ရော ဒီလိုကြံုတွေ့ခဲ့ဖူးရင် ခံစားချက်က ဘယ်လိုဖြစ်မလဲ….?
လုပ်ငန်းတွေက Customer Service ကို အကောင်းဆုံးလုပ်ကြမယ်လို့ ကြွေးကြော်နေကြပေမယ့် ဒီလိုအသေးအဖွဲလေးတွေကို လစ်လျှူရှူနေကြတယ်ဆိုတာကို သင်လက်ခံမယ်ဆိုတာ ကျွန်တော်သိနေပါတယ်….
Decoration တွေအကောင်းဆုံးဖြစ်နေဖို့……
ပြောဆိုဆက်ဆံမှုတွေ ပြေပြစ်နေဖို့…..
အဲကွန်းတွေ အေးစက်နေစေဖို့……
အမြဲသန့်ရှင်းသပ်ရပ်နေစေဖို့…..
ရုပ်ဝတ္တုပစ္စည်းတွေ ဝန်ထမ်းတွေကို အကောင်းဆုံးဖြစ်နေစေဖို့ အာရုံစိုက်နေကြပြီး တကယ်အရေးကြီးတဲ့ အချက်ကို မေ့နေတတ်ကြတယ်….
အဲဒါက ဘာလဲဆိုတော့…….
“ကိုယ့်ရဲ့ပြုမူလုပ်ဆောင်နေပုံတွေက Customer တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်နေစေသလား…?” ဆိုတာကို အမြဲတွေးပြီး ဝန်ဆောင်မှုပေးနေဖို့လိုအပ်ပါတယ်….
ကိုယ့်ကို စိတ်ကျေနပ်မှုပေးနိုင်တဲ့ လုပ်ငန်းကို Customer တွေ နောက်ထပ်နောက်ထပ်ပြန်လာဖို့ ဘယ်လောက်လွယ်ကူသလဲဆိုတာကို သင် သေချာစဉ်းစားမိပါရဲ့လား…..?
ရုပ်ဝတ္တုပစ္စည်းတွေအတွက် ရင်းနှီးမြုပ်နှံမှုမလုပ်နိုင်ခင် ဘယ်လိုအပြုအမူတွေပြုမူခဲ့ရင် Customerတွေ စိတ်အနှောင့်အယှက်ရနိုင်မလဲဆိုတာ သင်နဲ့သင့်ဝန်ထမ်းတွေကြိုတင်လေ့လာမှုတွေ ပြုလုပ်ထားသင့်တယ်လို့ သင်စဉ်းစားမိပါသလား….?
ဒီလိုအရာတွေကို သင်ရဲ့ ပြိုင်ဘက်တွေက ကြိုတင်လုပ်ဆောင်ထားနိုင်မယ်ဆိုရင် သင်နေနဲ့ ဘယ်လိုအခြေအနေတွေ ကြံုတွေ့လာရနိုင်ပါသလဲ….?
အရာအားလုံးဟာ မိမိအပေါ်မှာပဲ အားလုံးမူတည်နေပါတယ်….
အောင်မြင်မှု ဆုံးရှံုးမှုအားလုံးဟာလည်း မိမိအပေါ်မှာပဲ အားလုံးမူတည်နေပါတယ်….
အရာအားလုံးဟာ မိမိရွေးချယ်မှုရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်….
Credit; Ye Naing

Read times
Rate this item
(1 Vote)