-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဈေးကွက်ထဲသို့ကုန်စည်တစ်ခုခု မိတ်ဆက်တော့မယ်ဆိုရင်

ဈေးကွက်ထဲသို့ကုန်စည်တစ်ခုခု မိတ်ဆက်တော့မယ်ဆိုရင် google


ကုန်စည်တစ်ခုခုကို မိတ်ဆက်ခါနီးတိုင်းမှာ တကယ့်ဝယ်ယူသုံးစွဲသူတွေဆီကို ရောက်ရှိအောင်သွားနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းကို ရှာဖွေပြီးအဆိုပါနည်းလမ်းတစ်ရပ်တည်းကို အာရုံစိုက်လုပ်ဆောင်ဖို့လိုပါမယ်။ 

ဈေးကွက်ထဲကို စားသုံးကုန်တစ်ခု မိတ်ဆက်မယ်ဆိုပါတော့။ ဖြန့်မယ့်ကုန်စည်ကနွားနို့ပေါ့။

နွားနို့ကို သောက်တဲ့သူကအများကြီးဆိုပေမဲ့ ကိုယ့်ကုန်စည်ကို စားသုံးမယ့်သူကသိပ်မရှိသေးဘူးဆိုပါတော့။သည်အချိန်မှာ သုံးစွဲသူ ဖြစ်လာနိုင်ခြေကို ဘယ်လိုများ တွက်ချက်မလဲ။သည်တော့ ကုန်စည်ရဲ့သုံးစွဲသူ ဖြစ်လာနိုင်ခြေကိုတွက်ချက်ကြည့်ရအောင်။

အဆင့်ခြောက်ဆင့်နဲ့တွက်ချက်ကြည့်တာပေါ့။

ပထမအဆင့်-
ဆိုင်တွေမှာ ဈေးဝယ်ဖို့ဆန္ဒမရှိသလို နို့ကိုလည်းလုံးဝမသောက်တဲ့သူတွေ။

ဒုတိယအဆင့်-
နို့သောက်ရတာကြိုက်ပေမဲ့ ဆိုင်မှာဝယ်ယူဖို့ အစီအစဉ်မရှိသူတွေ။

တတိယအဆင့်-
နို့သောက်ရတာကိုလည်းကြိုက်တယ်၊ ဆိုင်တွေမှာသွားရောက်ဝယ်ယူဖို့လည်း ဆန္ဒရှိသူတွေ။

Cinema Halls(ရုပ်ရှင်ရုံများ(၃၇)ခုကိုရှာရန်နှိပ်ပါ၊)

စတုတ္ထအဆင့်-
သည်အဆင့်မှာ ပါဝင်နေသူတွေကတော့လက်ရှိမှာကို ဆိုင်တွေမှာ နို့ကိုသွားရောက်ဝယ်ယူပြီး သောက်သုံးနေသူတွေပေါ့။

ပဉ္စမအဆင့်-
သည်အဆင့်ကတော့လူတွေက ဈေးဝယ်ထွက်တဲ့အခါ နို့နဲ့ နို့ထွက်ကုန်တွေရောင်းတဲ့နားကိုရောက်တယ်။ ဒါပေမဲ့မဝယ်ဖြစ်ကြဘူး။

ဆဋ္ဌမအဆင့်-
သည်လူတွေကတော့ ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်ထွက်တယ်။ နို့ကိုလည်းဝယ်ယူတယ်။

သည်နေရာမှာ ဖြစ်နိုင်ခြေအရှိဆုံး ဝယ်ယူသူက ဈေးဝယ်စင်တာကိုလည်းသွားတယ်၊ နို့ကိုလည်း ပုံမှန်ဝယ်ယူနေတယ်ဆိုတဲ့ သူတွေဆိုပေမဲ့ ပထမအဆင့်မှာရှိနေတဲ့သူတွေကိုလည်း ဖယ်ချန်ထားလို့မရပါဘူး။ သူတို့ကလည်း ကိုယ့်ကုန်စည်ရဲ့ ဝယ်ယူသူတွေဖြစ်လာနိုင်တဲ့ အလားအလာ ရှိနေပါတယ်။

သည်တော့လုပ်ရမယ့် နည်းလမ်းကနို့သောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရလဲဆိုတဲ့ အကြောင်းကိုအသိပညာပေးတဲ့ နည်းလမ်းနဲ့ ဈေးကွက်ကို ချဲ့ထွင်ဖို့လိုပါမယ်။
ဥပမာ - စတိုးဆိုင်တွေမှာ နို့ကိုနမူနာတိုက်တာမျိုးပေါ့။သည်လို လုပ်ဆောင်မှုကလည်း ရောင်းအားကို ၈၃ ရာခိုင်နှုန်း လောက်အထိကိုတိုးလာစေတာပါ။

သည်နည်းလမ်းက ပဉ္စမအဆင့်က ဝယ်ယူသူတွေကိုပါ ကိုယ့်ရဲ့သုံးစွဲသူဖြစ်လာအောင်စွမ်းဆောင်နိုင်ပါတယ်။ကိုယ့်ရဲ့ နို့ကိုသုံးစွဲသူတွေ ရွေးချယ်စေဖို့ဆိုရင် စတိုးဆိုင်ရှေ့မှာ billboardထောင်ပြီး ကိုယ့်ရဲ့ကုန်စည်ကို လူသိအောင်ကြော်ငြာတာမျိုးလုပ်လို့ရပါတယ်။

သည်နေရာမှာစဉ်းစားရမှာက တစ်ယောက်ချင်းစီစားသုံးသူတွေထက် နို့ထွက်ကုန်စည်တွေကို တင်သွင်းရောင်းချခြင်း မရှိသေးတဲ့စတိုးဆိုင်တွေ၊အရောင်းဆိုင်တွေကိုပါထည့်သွင်းစဉ်းစားဖို့ပါ။သည်လို ဈေးကွက်ချဲ့ထွင်တဲ့အခါ လူသိအောင်ကြော်ငြာတာ၊

နမူနာတိုက်ကျွေးတာ၊ဈေးလျှော့ပေးတာတွေအပါအဝင် သုံးစွဲသူတွေဆီကို ရောက်ရှိနိုင်မယ့်နည်းလမ်းတွေကို သေချာလေးစဉ်းစားပေးဖို့လိုပါမယ်။ နောက်ဆုံးမဖြစ်မနေစဉ်းစားရမယ့် တစ်ချက်ကကိုယ့်မှာရှိတဲ့ အသုံးစရိတ်နည်းနည်းနဲ့ အထိရောက်ဆုံးဖြစ်နိုင်မယ့် နည်းလမ်းကိုရွေးချယ်ဖို့ပါ။

ဈေးကွက်ချဲ့ထွင်ဖို့ Social Media Marketing Tipsများ

Credit- မအေးသီမွန် (KUMUDRA)

Read times
Rate this item
(1 Vote)