လိုဂို (Logo) ကို ရှေးခေတ် (Greek) ဂရိမျိုးတွေ စတင်တီထွင်သုံးစွဲခဲ့ကြတယ်လို့ ဆိုပါတယ်။
လိုဂိုဟာဆိုရင် brand နဲ့ customer ကို ဆက်သွယ်ပေးထားတဲ့ တံတားလေးတစ်ခုလို့လဲ ပြောလို့ရပါတယ်။ Brand တစ်ခု ဒါမှမဟုတ် ကုန်ပစ္စည်း၊ လုပ်ငန်းတစ်ခုရဲ့ ယုံကြည်မှု၊ မှန်ကန်မှု စတဲ့အရာအားလုံးဟာ လိုဂိုထဲမှာပါဝင်ပါတယ်။ လိုဂိုဒီဇိုင်းတွေဟာ သင့်ရဲ့ကုမ္ပဏီကိုလည်း အများကြီးကိုယ်စားပြုပါတယ်။ ဒါကြောင့် ၂၀၁၉ မှာ ကမ္ဘာကျော်စာရင်းဝင် လိုဂိုဒီဇိုင်းအေဂျင်စီတွေကို လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
(၁) Aeolidia

ကမ္ဘာကျော်လိုဂိုဒီဇိုင်းစတူဒီယိုတွေထဲက Aeolidia ဟာဆိုရင် ဆီယက်တဲလ်မြို့မှာရှိတဲ့ ဝက်ဘ်ဒီဇိုင်းနဲ့ Graphic ဒီဇိုင်း စတူဒီယိုတစ်ခုဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဝန်ထမ်း(၅)ယောက်ထဲနဲ့ Arianne Foulks က တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ Aeolidia ဟာ ကမ္ဘာကျော်လိုဂိုဒီဇိုင်းစတူဒီယိုတွေမှာ အဆင့်(၁) လို့ပြောရမှာပါ။ Aeolidia မှာ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေကတော့ လက်လီကုမ္ပဏီတွေအတွက် web design, e-commerce development နဲ့ logo and packaging design စတဲ့ လုပ်ငန်းတွေပဲဖြစ်ပါတယ်။
(၂) Amberd Design Studio

ဒီစတူဒီယိုကတော့ လော့စ်အင်ဂျလိ့စ် မြို့မှာတည်ရှိတာဖြစ်ပြီး ဒီဇိုင်းစတူဒီယိုတစ်ခုဖြစ်ပါတယ်။ Amberd Design Studio ကို ၂၀၁၀ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး လိုဂို၊ ဝက်ဆိုဒ် နဲ့ ဒီဇိုင်းဝန်ဆောင်မှုတွေ ပြုလုပ်ရာကနေ နာမည်ကြီးလာခဲ့တာ အခုဆိုရင်ကမ္ဘာကျော်နေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ Amberd ဒီဇိုင်းစတူဒီယိုဟာ ဝန်ထမ်း (၁၀)ယောက်နဲ့ လည်ပတ်ပြီး အောင်မြင်မှုတွေရရှိနေဆဲပါ။
Read More >>>အာရှရဲ့ ထိပ်တန်းဘီယာ Brand (၅)ခု
(၃) Boomerang

Affan Mahmud Chowdhury ဆိုသူမှ ၂၀၁၅ ခုနှစ်မှာတည်ထောင်ခဲ့တဲ့ Boomerang ဟာ ဒါကာမြို့မှာရှိတဲ့ Creative Marketing အေဂျင်စီတစ်ခုပါ။ Boomerang ကို ဝန်ထမ်းပေါင်း (၅၀) ကျော်နဲ့တည်ထောင်ခဲ့တာဖြစ်ပါတယ်။ တခြားအေဂျင်စီတွေနဲ့ နှိုင်းယှဉ်ရင်တော့ သူကအလုပ်သမားဦးရေအများကြီးပိုပါတယ်။ ဒီအေဂျင်စီမှာ ဝန်ဆောင်မျှုပေးနေတဲ့ လုပ်ငန်းတွေကတော့ UX/UI design, social media marketing နဲ့ video production စတဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်။ Boomerang ဟာလည်း ကမ္ဘာကျော်စာရင်းဝင်တဲ့ အေဂျင်စီတစ်ခုလို့ပြောရမှာပါ။
(၄) ColorJar

ကမ္ဘာကျော်စာရင်းဝင် ဒီဇိုင်းစတူတွေထဲကမှ တစ်ခုအပါအဝင်ဖြစ်တဲ့ ColorJar ဟာဆိုရင် ၂၀၀၈ ခုနှစ်မှာ ဝန်ထမ်းပေါင်း (၁၀)ယောက်နဲ့ David Gardner တည်ထောင်ခဲ့တဲ့ brand နဲ့ design အေဂျင်စီတစ်ခုပါ။ ColorJar ဟာ ချီကာဂိုမြို့မှာနာမည်ကြီး အေဂျင်စီဖြစ်ပြီးတော့ branding, logo နဲ့ graphic design တွေကို ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။
Myanmar Advertising Directory




